Bezel-less ဖန်သားပြင်နဲ့ Sharp FS8018 ဖုန်း TENAA မှာထွက်ပေါ်

Sharp အနေနဲ့ Aquos S2 ကိုသြဂုတ်လအတွင်းက ထုတ်ဖော်မိတ်ဆက်ပြီးနောက် အခုနောက်ထပ်စမတ်ဖုန်းသစ် တမျိုးဖြစ်တဲ့ FS8018 ရဲ့အချက်အလက်များ TENAA မှာထွက်ပေါ်လာပါတယ်။ ရုပ်ပုံဒီဇိုင်းပိုင်းမှာ အရင်ထွက်ခဲ့တဲ့ ဖုန်းနဲ့ဆင်တူတယ်လို့ ထင်ရပေမယ့် ပြောင်းလဲမှုအနေနဲ့ 16 MP အဓိကကင်မရာနဲ့ အရှေ့ဘက်မှာ Selfie ရိုက်ကူးဖို့ 20 MP ကင်မရာ တပ်ဆင်ပေးလာမှာ ဖြစ်ပါတယ်။

FS8018 မှာ Aquos S2 မှာပါဝင်ခဲ့ဲတဲ့ 2040×1080 pixels နဲ့အတူ မျက်နှာပြင်ပိုင်းမှာတော့ 5.48”လက်မရှိမှာ ဖြစ်ပါတယ်။ ပရိုဆက်ဆာပိုင်းမှာတော့ 2.2 GHz အမြန်နှုန်းနဲ့ Octa-core CPU ကိုသုံးစွဲထားနိုင်ပါတယ်။ Snapdragon 630 (သို့) Snapdragon 660 ကိုသုံးလာနိုင်ပြီး RAM ပိုင်းမှာ 4 GB/6 GB RAM ဖြစ်ကာ၊ အချက်အလက်သိုလှောင်မှုကတော့ 64 GB/128 GB ထည့်သွင်းပေးနိုင်ပါတယ်။ အရေးကြီးတဲ့ အစိတ်အပိုင်းလို့ သတ်မှတ်နိုင်တဲ့ OS ကိုတော့ Android 7.1.1 Nougat ထည့်သွင်းပေးထားပြီး ဘက်ထရီစွမ်းအားကတော့ 2,930 mAh စွမ်းအားပါ။ Aquos S2 နဲ့အလွန် တူညီပြီး အရွယ်အစားပိုင်းမှာ 142.7 x 73 x 7.8mm ရှိကာ အလေးချိန်ကတော့ 140g ပါ။

Sharp အနေနဲ့ သူတို့ရဲ့ Flagship စမတ်ဖုန်းလိုင်းထဲမှာ selfie ပိုင်းကိုအထူးဦးစားပေးထားတဲ့ စွမ်းအားပြည့် စမတ်ဖုန်းတစ်လုံး ထုတ်လုပ်နိုင်ဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။ ဒါကြောင့် အခု TENAA မှာထွက်ပေါ်လာတဲ့ ဖုန်းဟာ Sharp Aquos S3 လို့အမည်ပေးနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ Sharp ဖုန်အသစ်ဟာ အချက်အလက်အနည်းငယ်လောက်သာ ထွက်ထားသေးပြီး ထွက်ရှိမယ့်အချိန်နဲ့ ဈေးနှုန်းကိုတော့ မသိရှိရသေးပါဘူး။

Source: Gsmarena

%d bloggers like this: