မျက်နှာလှုပ်ရှားမှုဖြင့် ကစားနိုင်တဲ့ iPhone X Game

Apple က iPhone X မှာ ထည့်သွင်းပေးထားတဲ့ နည်းပညာများအနက်မှ အဓိက ကျတဲ့ အရာတစ်ခုက TrueDepth Sensors များဖြစ်ပါတယ်။ သူ့ကို အသုံးပြု၍ ထူးခြားဆန်းသစ်တဲ့ Face ID အမည်ရ မျက်နှာအာရုံခံ နည်းပညာနဲ့ ပျော်စရာကောင်းတဲ့ Animoji လုပ်ဆောင်ချက်များကို ခံစားရမှာ ဖြစ်ပါတယ်။

အခုတော့ TrueDepth Sensors များကို အသုံးပြု၍ ကစားနိုင်မယ့် ဂိမ်းတစ်ခုထွက်ပေါ်လာပါတယ်။ သူ့ကို Development Studio Hatchlings က ဖန်တီးထားခြင်း ဖြစ်ပြီး သင့်မျက်နှာကို လှုပ်ရှား၍ ကစားရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သင့်မျက်နှာကို Controller တစ်ခု အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဂိမ်းရဲ့ အမည်ကတော့ NoseZone ဖြစ်ပါတယ်။ သင့် လက်များအစား NoseZone မှာ ပစ်မှတ်များကို သင့်နှာခေါင်းဖြင့် ချိန်ရွယ်၍ ပစ်ခတ်ရမှာ ဖြစ်ပါတယ်။

ဂိမ်း ကစားရတာ ခက်ခဲမှု မရှိပါဘူး။ ဂိမ်းမှာ ရွေ့လျားနေတဲ့ လေးထောင့်ပုံသဏ္ဍာန် ပစ်မှတ်များကို ပြသထားပြီး သင့်နှာခေါင်းဖြင့် သူတို့ကို ချိန်ရွယ် ပစ်ခတ်ရမှာ ဖြစ်ပါတယ်။ ကစားသူက ပစ်မှတ်များကို ထိမှန်စွာ ပစ်ခတ်နိုင်လေလေ၊ ပိုမို ခက်ခဲလာလေလေ ဖြစ်ပါတယ်။

Hatchlings ရဲ့ တည်ထောင်သူနဲ့ စီအီးအို ဖြစ်သူ Brad Dwyer က iPhone X ရဲ့ Depth Sensors များရဲ့ စွမ်းရည်အသစ်များဟာ ဂိမ်းဖန်တီးသူများနဲ့ ကစားသူများအတွက် ထူးခြားဆန်းသစ်မှု အသစ်များကို ဖန်တီးပေးမယ်လို့ ပြောပါတယ်။ NoseZone ကို App Store မှာ ရယူနိုင်ပါတယ်။

Ref : tnw

%d bloggers like this: