0 Shares 34 Views

ခရီးသည်တစ်ယောက် တင်ဆောင်ကာ အလိုအလျောက်ပျံသန်းနိုင်မယ့် ဒရုန်းအကြီးစားတစ်မျိုးကို တရုတ်ကုမ္ပဏီ ပြသ

Jan 07, 2016
0 34

2FDAE22600000578-3387542-image-a-30_1452112176590

တရုတ်ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ EHang ကုမ္ပဏီဟာ ခရီးသည်တစ်ယောက် လိုက်ပါစီးနင်းနိုင်တဲ့၊ မောင်းသူမဲ့ဒရုန်းအကြီးစားတစ်မျိုးကို Las Vegas မြို့ မှာ လက်ရှိကျင်းပလျက်ရှိတဲ့ သုံးစွဲသူအီလက်ထရောနစ်ပြပွဲ (CES) မှာ စတင်မိတ်ဆက်ပြသလိုက်ပါတယ်။

EHang ကုမ္ပဏီက ဒါဟာ “ကမ္ဘာ့ပထမဦးဆုံး ခရီးသည်လိုက်ပါစီးနင်းနိုင်တဲ့ အလိုအလျောက်ပျံသန်းယာဉ်” ဖြစ်တယ်လို့ ဆိုပါတယ်။

‘184’ လို့ အမည်ပေးထားတဲ့ အဆိုပါ လျှပ်စစ်စွမ်းအင်သုံးဒရုန်းမှာ တောင်ပံလေးခုပါရှိပြီး အစွန်းတစ်ဖက်စီမှာ ပန်ကာနှစ်လုံးပါရှိကာ စုစုပေါင်း ပန်ကာရှစ်လုံးပါရှိပါတယ်။ အလိုအလျောက်မောင်းနှင်ပျံသန်းနိုင်တာကြောင့် ခရီးသည်အနေနဲ့ မိမိသွားလိုတဲ့ခရီးနေရာကို စမတ်ဖုန်း app ကနေ ရိုက်ထည့်ကာ၊ အေးအေးလူလူ ထိုင်လိုက်ပါသွားနိုင်မှာပါ။

“ ဖာရာရီကားတစ်စီးထဲ ထိုင်လိုက်သွားရတဲ့ ခံစားမှုမျိုးကို သိလား။ ဒါက အဲဒီထက် ဆယ်ဆ သာပါတယ်” လို့  Ehang ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ George Yan က အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

သင်သွားလိုတဲ့နေရာအတွက် အဆင်အပြေဆုံးလမ်းကြောင်းကို ရွေးချယ်ပျံသန်းဖို့  ကွန်ပြူတာပရိုဂရမ် ထည့်သွင်းထားပြီး တခြားပျံသန်းနေတဲ့ဒရုန်းတွေံနဲ့ မတိုက်မိအောင်လည်း ပရိုဂရမ်ဆွဲထားပါတယ်။

အကယ်၍ အရေးပေါ်အခြေအနေတစ်ခုခုမှာ၊ ခရီးသည်အနေနဲ့ ယာဉ်ကို ရပ်နားနိုင်ပြီး ဒရုန်းကို လေထဲမှာ ၀ံပျဲနေအောင် စေခိုင်းထားနိုင်ပါတယ်။
ခရီးသည် ‘တစ်’ ဦး၊ ပန်ကာ ‘ရှစ်’ လုံးနဲ့  တောင်ပံ ‘လေး’ ခုကိုအစွဲပြုပြီး၊ EHang 184 လို့ အမည်ပေးထားတဲ့ ဒီ ဒရုန်းဟာ အသုံးမပြုလိုတဲ့အခါမှာ ခေါက်သိမ်းထားနိုင်တဲ့အတွက်ကြောင့် အလွယ်တကူသယ်ဆောင်သွားနိုင်မှာ လည်းဖြစ်ပါတယ်။

၁ဝ မိုင်ပတ်လည် ခရီးတို-လတ်ပျံသန်းဖို့ အတွက် အဓိကဒီဇိုင်းရေးဆွဲထားပြီး၊ တစ်နာရီကို မိုင် ၆၀ နှုန်းနဲ့ ပျံသန်းနိုင်တယ်လို့ သိရပါတယ်။ 184 ခရီးသည်တင်ဒရုန်းတွေကို မကြာခင် တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားဖို့  ရှိပြီး ထိန်းချုပ်စင်တာတစ်ခုကိုပါ တည်ဆောက်သွားမှာဖြစ်ပါတယ်။

အဆိုပါထိန်းချုပ်စင်တာမှာ ၀န်ထမ်းပေါင်း ၃၀၀ လောက် ခန့် အပ်ကာ၊ 184 ဒရုန်းတိုင်းကို ၂၄ နာရီစောင့်ကြပ်ပြီး သုံးစွဲသူတွေ ဘေးကင်းစိတ်ချမှု ရှိအောင်ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

Ref: DailyMail

You may be interested

Android မှာ Camera Shutter Sound ကို ပိတ်နည်းများ
cameras, FEATURES, Softwares & Application
181 shares165 views

Android မှာ Camera Shutter Sound ကို ပိတ်နည်းများ

Ko Thuya - Aug 22, 2017

စမတ်ဖုန်းများမှာ ဓါတ်ပုံရိုက်လိုက်တဲ့ အခါမှာ Camera Shutter Sound ထွက်လာအောင် ဖန်တီးထားကြပါတယ်။ အဲဒီ အသံဟာ သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုရင် ပိတ်နိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။ ပိတ်နည်းများဟာ စမတ်ဖုန်း တစ်လုံးနဲ့ တစ်လုံး မတူညီကြပါဘူး။ သင့် ဖုန်းမှာ…

အမျိုးသမီးတွေ အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်လာတော့မယ့် AI စက်ရုပ်တွေ
Knowledge, Others, Trends
220 shares101 views

အမျိုးသမီးတွေ အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်လာတော့မယ့် AI စက်ရုပ်တွေ

zayarsan - Aug 22, 2017

AI တွေကို အမျိုးသမီးတွေရဲ့ မီးဖိုချောင်အကူကနေစပြီး အမျိုးသားတွေရဲ့ အားကစားပွဲတွေထိ ပါဝင်အောင် လိင်အမျိုးအစား ခွဲ၍ Train ပေးခဲ့ပြီး အချိန်ကာလများစွာ လေ့လာခဲ့တယ် လို့ သိရပါတယ်။ လေ့လာသူတွေရဲ့ နှစ်ရှည်စီမံကိန်းက ပုံတွေကို စုဆောင်းဖော်ပြခဲ့ရာမှ AI တွေကို လူသားတွေအတွက် လေ့ကျင့်မှု…

Google မှ နောက်ထွက်မယ့် Laptop design ကို မူပိုင်ခွင့်ပုံကြမ်း ထုတ်ဖော်ပြသ
Gadgets, Google, HUBS
126 shares78 views

Google မှ နောက်ထွက်မယ့် Laptop design ကို မူပိုင်ခွင့်ပုံကြမ်း ထုတ်ဖော်ပြသ

zayarsan - Aug 22, 2017

ကွန်ပျူတာ နဲ့ အိုင်တီ Cosumer ဈေးကွက်ကို တစ်ဆင့်ချင်း လာနေပြီဖြစ်တဲ့ Google ကုမ္ပဏီ ဟာ အရင်က လိုင်းဖုန်းတွေမှာ Chrome book, Pixel line လို့ လူသိများတဲ့ Chromebook လိုမျိုး ၂ မျိုး သုံး…

Leave a Comment

Most from this category