0 Shares 236 Views

HD ရုပ်ထွက်အကောင်းဆုံး Free Android ဂိမ်းများ

Mar 14, 2016
0 236

စမတ်ဖုန်းတွေအများကြီးပေါ်ပေါက်လာတော့ ဂိမ်းတွေဆော့ဖို့အတွက်လည်း အဆင်ပြေလာပါတယ်။ အဲ့ဒီလိုဂိမ်းတွေထဲကမှ အကောင်းဆုံး HD ရုပ်ထွက်ရှိတဲ့ ဂိမ်းတွေကိုမှဆော့ချင်တယ် ဆိုတဲ့လူတွေအတွက် အကောင်းဆုံးဖြစ်နိုင်တဲ့ ဂိမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။ ဒါပေမယ့်တစ်ခုရှိတာက ဒီHD ဂိမ်းတွေဟာ RAM နဲ့ Internal Storage လုံလောက်တဲ့ ဖုန်းနဲ့ တက်ဘလက်တွေမှာသာ အလုပ်လုပ်နိုင်မှာဖြစ်လို့ သင့်အနေနဲ့ ဂိမ်းတွေမသွင်းခင် ကိုယ့်ဖုန်းနဲ့ ကိုက်မကိုက်အရင် စစ်ဆေးသင့်ပါတယ်။

Epic Citadel

Top 7 HD Android games1

ဒီဂိမ်းကတော့ တကယ်ကို ကြွရွတဲ့ ဂိမ်းတစ်မျိုးပါပဲ။ ဖုန်း၊ တက်ဘလက်ဘယ်လို အမျိုးအစားမှာမဆို ကစားလို့ရနိုင်ပါတယ်။ Android ဂိမ်းအနေနဲ့ အတော်ကို သေသပ်တဲ့ ဂိမ်းတစ်မျိုးလို့ဆိုရမှာပါ။ အပစ်အခတ်တွေနဲ့ စုံလင်တဲ့ဂိမ်းတစ်မျိုးဖြစ်လို့ Free ဂိမ်းတွေထဲမှာတော့ တော်တော်အိုကေတဲ့ ဂိမ်းတစ်မျိုးဖြစ်ပါတယ်။ ဈေးနှုန်းက Free Download ရယူနိုင်ပြီး အင်တာနက်ကွန်နက်ရှင် မလိုအပ်ပါဘူး။ အတွင်း App တချို့ကိုတော့ ဝယ်ယူရမှာဖြစ်ပြီး Android 2.3 နဲ့ အထက် ဖုန်းတွေ၊ Tablet တွေမှာ ကစားနိုင်ပါတယ်။

Rayman Adventures

Top 7 HD Android games2

ဂိမ်းက Premium တွေအတွက်ပဲ ထုတ်ထားတယ်လို့ထင်ရပေမယ့် တကယ်တော့ ဘယ်လိုအမျိုးအစားမဆို ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်မျိုးဖြစ်ပါတယ်။ ချောမွေ့ကောင်းမွန်တဲ့ ဆော့ကစားနိုင်မှုက သင့်အနေနဲ့ ဒီဂိမ်းကိုနှစ်သက်စေမှာပါ။ ဂရပ်ဖစ်တွေ၊ Performence တွေက Free ကစားရတာတန်တယ်လို့ ဆိုနိုင်ပါတယ်။ ဈေးနှုန်းက Free ဖြစ်ပြီး အင်တာနက်ကွန်နက်ရှင်မလိုအပ်ပါဘူး။ အတွင်း Apps တွေကို ထပ်မံဝယ်ယူစရာမလိုတာကလည်း သင့်ကိုစိတ်ကျေနပ်မှုရရှိစေမှာပါ။ Android 4.1 နဲ့အထက် ဖုန်း၊ တက်ဘလက်တွေမှာ ကစားနိုင်ပါတယ်။

Real Racing 3

Top 7 HD Android games3

ကားပြိုင်တဲ့ ဂိမ်းတွေထဲမှာ Real Racing ကတော့ နာမည်ကြီးပါပဲ။ ဒီဂိမ်းရဲ့ ရုပ်ထွက်နဲ့ ဆော့ကစားရတဲ့ Experience တွေကတင် သင့်ကိုအပြည့်အဝစိတ်ကျေနပ်စေမှာပါ။ ဒါပေမယ့် တစ်ခုရှိတာကတော့ 1GB ရှိတဲ့ အရွယ်အစားကြောင့် သင့်အနေနဲ့ ဒေါင်းရမှာ အခက်အခဲရှိနိုင်ပါတယ်။ ဈေးနှုန်းက Free ဖြစ်ပြီး အင်တာနက်ကွန်နက်ရှင်မလိုအပ်ပါဘူး။ အတွင်း Apps တွေဝယ်ယူရမှာဖြစ်ပြီး Android 4.0 နဲ့ အထက်ဖုန်းတွေမှာ ကစားနိုင်ပါတယ်။

Modern Combat 5: Blackout

Top 7 HD Android games4

Modern Combat ကတော့ PC နဲ့ Console တွေမှာ နာမည်ကြီးပြီးသားဖြစ်တာကြောင့် သိပ်ပြီးထူးထူးခြားခြား မညွှန်းချင်တော့ပါဘူး။ Modern Combat 5: Blackouk ကတော့ မိုဘိုင်းလ်ဗားရှင်းမှာထပ်မံထည့်သွင်းလာတာကတော့ Multiplayer Mode ပဲဖြစ်ပါတယ်။ ဒီ Mode မှာဆော့ကစားတဲ့သူတွေအနေနဲ့ တစ်ယောက်နဲ့ တစ်ယောက်ချိတ်ဆက်ပြီး ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ Free ဖြစ်ပြီး အင်တာနက်ကွန်နက်ရှင်လိုအပ်ပါတယ်။ အတွင်း App တွေကို ဝယ်ယူရမှာဖြစ်ပြီး Android 4.0 နဲ့အထက်ဖုန်းတွေမှာ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

Ref: Android Pit

You may be interested

iPhone 7 ပိုင်ရှင်များ iPhone 8 မ၀ယ်ယူသင့်တဲ့ အကြောင်းအရင်း
cameras, FEATURES, Mobile & Tablets
0 shares0 views

iPhone 7 ပိုင်ရှင်များ iPhone 8 မ၀ယ်ယူသင့်တဲ့ အကြောင်းအရင်း

Ko Thuya - Sep 21, 2017

ဒီနေ့ခေတ်မှာ iPhone ၀ယ်ဖို့ အတွက် ရွေးချယ်စရာများစွာ ရှိပါတယ်။ ၃၅၀ ဒေါ်လာတန် iPhone SE ကနေ ဒေါ်လာ ၁၀၀၀ တန် iPhone X အထိ အစားစား ရှိပါတယ်။ ဘယ်ဖုန်းဟာ သင်နဲ့ သင့်တော်သလဲဆိုတာတော့ မသိပါဘူး။…

iOS 11 ရဲ့ အကောင်းဆုံး Features များ
Apple, FEATURES, HUBS
50 shares25 views

iOS 11 ရဲ့ အကောင်းဆုံး Features များ

Ko Thuya - Sep 21, 2017

Apple က iOS 11 ကို တစ်ကမ္ဘာလုံးအတွက် ဖြန့်ချီပေးလိုက်ပါပြီ။ အဲဒီအတွက် iOS 11 ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။ Control Center ကို Customize ပြုလုပ်ခြင်း။ iOS 10 ရဲ့ Control…

Motorola ၏ မကြာမီ လပိုင်းအတွင်းထွက်ရှိလာတော့မယ့် Moto X4
Google, Mobiles & Tablets, Motorola
83 shares27 views

Motorola ၏ မကြာမီ လပိုင်းအတွင်းထွက်ရှိလာတော့မယ့် Moto X4

Zar Ni Nyein Tun - Sep 21, 2017

Android ဖုန်းတလုံးဖြစ်တဲ့ Motorola Moto X4 ကို အမေရိကန်မှာ မကြာခင်ရောင်းချတော့မယ်လို့ သိရပါတယ်။Google နဲ့ Motorola ရဲ့ ပေါင်းစပ်မှုဖြစ်တဲ့ Moto X4 ဟာ Google Project Fi wireless system ပါဝင်ပါတယ်။ X4…

Leave a Comment

Most from this category