မောင်းသူမဲ့ကားများကို လမ်းမတွေပေါ်စမ်းသပ်မောင်းနှင်ဖို့ တရုတ်နိုင်ငံခွင့်ပြု

မောင်းသူမဲ့ကားများကို လမ်းမတွေပေါ်စမ်းသပ်မောင်းနှင်ဖို့ကို တရုတ်နိုင်ငံကတော့ခွင့်ပြုလိုက်ပါပြီ။ လမ်းတချို့မောင်းနှင်လို့ရမှာဖြစ်ပြီး ကုမ္ပဏီတွေကတော့ သူတို့ရဲ့မောင်းသူမဲ့ကားတွေကို စမ်းသပ်မောင်းနှင်နိုင်ဖို့ စာရင်းပေးသွင်းပြီးဖြစ်ပါတယ်။

မနှစ်ကတော့ စည်းမျဉ်းသစ်တွေမချရသေးတဲ့အတွက်ကြောင့် အမြန်လမ်းမတွေပေါ်မှာ မောင်းသူမဲ့ကားများမောင်းနှင်ဖို့ကို ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ အခုထုတ်လိုက်တဲ့ စည်းမျဉ်းသစ်ကတော့ ကုမ္ပဏီတွေအတွက် သူတို့ရဲ့ မောင်းသူမဲ့ကားတွေကို ခွင့်ပြုထားတဲ့လမ်းတွေမှာ ယာယီစမ်းသပ်ခွင့်ပြုပေးထားပါတယ်။ ကားတွေက ယာဉ်မတော်တဆမှုအတွက် အာမခံရှိရပြီး တစ်ခုခုအမှားအယွင်းဖြစ်ခဲ့ရင် ထိန်းချုပ်လို့ရအောင် လူတစ်ယောက်လည်း ပါဝင်စမ်းသပ်ရမှာဖြစ်ပါတယ။်

အခုဆိုရင် လက်တွေ့ဘဝမှာ အသုံးဝင်လာနိုင်ဖို့အတွက် မောင်းသူမဲ့ကားနည်းပညာဖန်တီးသူတွေကို လက်တွေ့လောကမှာပဲ စမ်းသပ်ခွင့်ပြုလိုက်တဲ့နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံပါ ပါဝင်နိုင်ပြီလို့ ဆိုရတော့မှာပါ။

Source : Engadget

%d bloggers like this: