0 Shares 165 Views

အုပ်စုလိုက်ဖုန်းပြောတာတွေကို ပြုလုပ်ခွင့်ရတော့မယ့် LINE

Mar 14, 2016
0 165

LINE ကော်ပိုရေးရှင်းဟာ ကောင်းမွန်တဲ့ မက်ဆေ့ခ်ျ App တစ်ခုအနေနဲ့ လူသိများပါတယ်။ အခုတော့ LINE အနေနဲ့ Android, iOS(v5.11), Desktop နဲ့ Window (v4.5) တွေမှာ အုပ်စုလိုက်ဖုန်းခေါ်တာကို ပြုလုပ်နိုင်တော့မယ်လို့ သိရပါတယ်။

LINE မှာအရင်က တစ်ဦးတစ်ယောက်ချင်း ဖုန်းခေါ်တာ၊ ဗီဒီယိုကောလ်ခေါ်တာတွေကို ပြုလုပ်လို့ရခဲ့ပြီး ယခုလိုထပ်မံ အဆင့်မြှင့်လာတာဖြစ်ပါတယ်။ ဒီ Update မှာ အသုံးပြုသူတွေအနေနဲ့ တစ်ယောက်ထက်ပိုပြီး တစ်ချိန်ထဲမှာ အုပ်စုတွေ ဒါမှမဟုတ် လူအများတွေကြားမှာ စကားပြောဆိုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ ပြောကြားချက်အရ အုပ်စုလိုက်ဖုန်းပြောတဲ့ လုပ်ဆောင်ချက်ဟာ အသုံးပြုသူအယောက်နှစ်ရာအထိကို တစ်ချိန်တည်းတစ်ပြိုင်တည်းမှာ ပြောဆိုနိုင်အောင် ထောက်ပံ့ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

အုပ်စုလိုက်ဖုန်းစပြောမယ် ဆိုရင် Notification တစ်ခုကို အုပ်စုမှာပါဝင်တဲ့ Member တွေအားလုံးထံ ပို့ပေးမှာဖြစ်ပြီးတော့ လက်ရှိဘယ်သူစကားပြောနေတယ်၊ ဘယ်သူတွေရှိနေတယ် စသည်ဖြင့် အချက်အလက်တွေကို ဖုန်းရဲ့အထက်မှာရှိတဲ့ Icon လေးကနေ ဖော်ပြပေးမှာဖြစ်ပါတယ်။ “အုပ်စုလိုက်ဖုန်းပြောတဲ့ Feature ဟာ LINE ကိုသုံးစွဲနေတဲ့ လူတွေအားလုံးကို လွယ်ကူသက်သာစွာနဲ့ တစ်ကမ္ဘာလုံးကို ဆက်သွယ်နိုင်အောင်ပြုလုပ်ပေးမှာပါ။ ဒီဝန်ဆောင်မှုဟာ မိသားစုနဲ့ သူငယ်ချင်းတွေအားလုံးကို ဖမ်းမိစေမှာပါ။ အဲ့ဒီအပြင် အလုပ်လုပ်နေတဲ့ သူတွေအတွက် အရေးကြီးတဲ့ အစည်းအဝေးတွေကို ချက်ချင်းဆိုသလိုပြုလုပ်စေနိုင်မှာပါ။” လို့ ကုမ္ပဏီရဲ့ ဘလော့ဂ်မှာပြောကြားခဲ့တာပါ။

အဲ့ဒီအပြင် LINE ဟာ ပိုမိုများပြားတဲ့မျက်နှာပြင်တွေကို ဒီဇိုင်းရေးဆွဲ မိတ်ဆက်ခဲ့ပါတယ်။ မျက်နှာပြင်တွေဟာ ယခုအခါမှာ Menu Icon မှာ မတူညီတဲ့အလွှာတွေနဲ့ ဖွဲ့စည်းထားမှာဖြစ်လို့ အသုံးပြုသူတွေအနေနဲ့ အလွယ်တကူ သတိထားမိမှာဖြစ်ပါတယ်။ App အသစ်ဟာ တကယ်လို့ မိမိသူငယ်ချင်းတွေက သူတို့ရဲ့ Profile တွေကို ပြင်ဆင်ထားတယ်ဆိုရင်လည်း ပိုမိုလွယ်ကူစွာသိနိုင်မှာဖြစ်ပါတယ်။ LINE အနေနဲ့ ဂျပန်၊ ထိုင်း၊ ထိုင်ဝမ် နဲ့ အင်ဒိုနီးရှားတို့အပြင် တခြားနိုင်ငံတွေကိုပါ ဆန့်ထုတ်ဖို့ ကြံစည်နေတာဖြစ်ပြီး ယခုအခါမှာ Google Play နဲ့ App Store မှာရရှိနိုင်မှာဖြစ်ပါတယ်။

Ref: Gadgets360

You may be interested

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ
Chipset, Knowledge, Mobiles & Tablets
360 shares568 views

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ

zayarsan - Jul 25, 2017

ဝန်ထမ်းဦးရေ အယောက် ၅၀ သာ ရှိပေမယ့် အမေရိကန်ကုမ္ပဏီလောကမှာတော့ ၀န်ထမ်းတွေရဲ့ ခန္ဓာကိုယ်ထဲကို MicroChips တွေ ကနဦး ထည့်သွင်းခဲ့တဲ့ ကုမ္ပဏီ ဖြစ်လာပြီး အခုအချိန်မှာတော့ အဲဒီ ကိစ္စရပ်အတွက် ဝေဖန်မှုပေါင်းများစွာ နဲ့ ရင်ဆိုင်နေရပြီး လူ့အခွင့်အရေး အဖွဲ့အစည်းများစွာကလည်း တရားစွဲဖို့အထိ…

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု
FEATURES, Games, Softwares & Application
517 shares328 views

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု

Ko Thuya - Jul 25, 2017

ဒီနေ့ခေတ်မှာ သင် ၀ါသနာ ပါတဲ့ ပညာရပ်များကို အွန်လိုင်းကနေ သင်ကြားနိုင်ပါပြီ။ Programming ကို လေ့လာချင်သူများအတွက်လည်း အွန်လိုင်းမှာ သင်တန်းများ၊ ၀က်ဆိုက်များစွာ ရှိနေပါပြီ။ ကုဒ်ရေးနည်း သင်ပေးတဲ့ အခမဲ့ ဂိမ်းများတောင် ပေါ်နေပါပြီ။ ဂိမ်းတစ်ခုထဲကနေ ကွန်ပြူတာ ဘာသာစကားများကို ပြည့်စုံအောင်…

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့
ASUS, Gadgets, HUBS
274 shares197 views

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့

zayarsan - Jul 25, 2017

ရုရှနိုင်ငံမှာ ZenFone 4 Max ကို စတင်လွှင့်ထုတ်ခဲ့ပြီးနောက် ASUS ဟာ သူရဲ့ ဗားရှင်း ZenFone 4 ရဲ့ ကင်မရာ အရည်အသွေးကို ၀င့်ဝင့်ကြွားကြွားပဲ ထုတ်ဖော်ပြသခဲ့တယ် လို့ ဆိုပါတယ်။ ထုတ်ဖော်ပြခဲ့တဲ့ ဓါတ်ပုံတွေအရ ZenFone 4…

Leave a Comment

Most from this category