0 Shares 357 Views

နာမည်ကျော် Yahoo Games အပါအ၀င် တခြားဝန်ဆောင်မှုအများအပြားကို Yahoo ပိတ်သိမ်းမည်

Mar 14, 2016
0 357

Yahoo ကုမ္ပဏီဟာ Yahoo Games ၊ Yahoo LiveText နဲ့ တခြားဝန်ဆောင်မှုအများအပြားကို မကြာမီမှာ ပိတ်သိမ်းသွားတော့မှာဖြစ်ကြောင်း တနင်္ဂနွေနေ့က ကြေငြာခဲ့ပါတယ်။

ဒီလိုပြုလုပ်ရတာဟာ အခြေအနေမကောင်းတော့တဲ့ ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုကို ပြန်လည်ကောင်းမွန် စေဖို့အတွက်ဖြစ်တယ်လို့ သိရပါတယ်။

Yahoo ကုမ္ပဏီဟာ ယခုဆုံးဖြတ်ချက်ကို ကုမ္ပဏီပိုင် ဆိုရှယ်မီဒီယာ Tumblr မှာ ပို့စ်တစ်ခုတင်ကာ တရားဝင်ကြေငြာခဲ့တာဖြစ်ပြီး၊ ဒီလုပ်ငန်းတွေကို ပိတ်သိမ်းပြီးနောက်မှာ ကုမ္ပဏီရဲ့ အဓိက၀န်ဆောင်မှု (၇) မျိုးကိုပဲ အားထားဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အဆိုပါ ၀န်ဆောင်မှု (၇)မျိုးကတော့ Yahoo Mail ၊ Yahoo Search ၊ Tumblr ၊ Yahoo News ၊ Sports ၊ Finance နဲ့ Lifestlye ကဏ္ဍတွေပဲ ဖြစ်ပါတယ်။

၁၉၉၈ ခုနှစ်ကတည်းက စတင်လွှင့်ခဲ့တဲ့ Yahoo Games ဆိုက်နဲ့ ချယ်နယ်ကို ယခုနှစ်၊ မေလ ၁၃ ရက်နေ့မှာ လုံးဝပိတ်သိမ်းသွားမှာဖြစ်ပါတယ်။ ဂိမ်းထုတ်လုပ်သူကုမ္ပဏီတွေအနေနဲ့ ဂိမ်းတွင်းဝယ်ယူမှုတွေပြုလုပ်ထားတဲ့ ပလေယာတွေကို ပြန်လည်အစားထိုးပေးမှုတွေ ပြုလုပ်ပေးသွားဖို့ကိုလည်း Yahoo အနေနဲ့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

Yahoo Games အပြင် မနှစ်ကမှထုတ်ခဲ့တဲ့ Yahoo Livetext app ကိုလည်း ပိတ်သိမ်းသွားမှာဖြစ်ပြီး၊ ဒီ app ရဲ့ အဓိကဖန်ရှင်တွေကို တော့ Yahoo Messenger ထဲ ပြောင်းထည့်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Ref: Times of India

You may be interested

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera
Camera, NEWS
208 shares24 views

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera

Ko Thuya - Nov 22, 2017

Casio က အကြမ်းခံတဲ့ Action Camera အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ ကင်မရာဟာ ကုမ္ပဏီရဲ့ နာမည်ကျော် G-Shock Brand နဲ့ ပုံသဏ္ဍာန် ဆင်တူပါတယ်။ သူ့ရဲ့ အမည်ကတော့ G’z Eye GZE-1 ဖြစ်ပြီး အဲဒီအမည်ဟာ Casio…

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်
Android, FEATURES, HUBS
256 shares70 views

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်

Ko Thuya - Nov 22, 2017

OnePlus က သူ့ရဲ့ စွမ်းဆောင်ရည်မြင့် 5T စမတ်ဖုန်းကို မိတ်ဆက်ပြီး တစ်ပတ်အကြာမှာပဲ အချို့နိုင်ငံများမှာ ရောင်းချပေးလိုက်ပါပြီ။ သူ့ရဲ့ နာမည်ကျော် OnePlus 5 ကို ရောင်းချအပြီး ငါးလအကြာမှာ 5T ကို ရောင်းချပေးလိုက်တာ ဖြစ်ပါတယ်။ OnePlus ဟာ…

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ
NEWS, Softwares & Application
348 shares562 views

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ

Nwe Oo - Nov 22, 2017

အရင်က Facebook Messenger မှာ ပုံတွေပို့လိုက်တယ်ဆိုရင် ပုံတွေရဲ့ဖိုင်ဆိုဒ်ပမာဏကို ချုံ့ပြီးမှပို့တာကြောင့် မူလ resolution အတိုင်းမရဘဲ ဝါးသွားတာမျိုးတွေရှိပါတယ်။ အခုတော့ Facebook Messenger မှာ ပို့လိုက်တဲ့ resolution အတိုင်း ရနိုင်ပြီဖြစ်ပါတယ်။ ဘယ်လိုကွာသွားသလဲဆိုတာကို ပုံလေးတွေမှာကြည့်လိုက်ရအောင် အရင်တုန်းက Facebook…

Leave a Comment

Most from this category