Apple က CEO Tim Cook အား ၂၀၁၅ခုနှစ်အတွင်း ဒေါ်လာ ဆယ်သန်းကျော်ပေးခဲ့ရ

tim cook

Apple ကုမ္ပဏီက သူတို့ရဲ့ CEO ဖြစ်တဲ့ Tim Cook ကို ၂၀၁၅ခုနှစ်အတွင်းမှာ လျော်ကြေးအနေနဲ့ ဒေါ်လာ ၁၀သန်းကျော်ပေးချေ ခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Apple ဟာ ၂၀၁၅ခုနှစ်အတွင်းမှာ ရောင်းရအမြတ် ၂၈ရာခိုင်နှုန်းကနေ ၃၅ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပေမယ့် ၂၀၀၈ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးရှယ်ယာငွေကျဆင်းတာနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဘဏ္ဍာရေးမှူး Luca Maestri ကိုတော့ လျော်ကြေးကို ၂၅.၃သန်းအထိပေးခဲ့ရပြီး Cook ဟာ ကုမ္ပဏီအကြီးအကဲတွေထဲမှာ အနည်းဆုံးရရှိခဲ့တာဖြစ်ပါတယ်။ ဒုတိယဥက္ကဌ Angela Ahrendts ကတော့အများဆုံးရရှိခဲ့တာဖြစ်ပြီး စုစုပေါင်း ၂၅.၈သန်းအထိရရှိခဲ့တာပါ၊

Apple ဟာ ၂၀၁၅ ခုနှစ်အတွင်း Cook ရဲ့ လက်အောက်မှာ အကောင်းဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့ပြီး တရုတ်နိုင်ငံ မှာ iPhone တွေရောင်းချရတဲ့ငွေဟာ ပြီခဲ့တဲ့နှစ်တွေကထက် နှစ်ဆနီးပါရရှိခဲ့တာပါ။ ကုမ္ပဏီအနေနဲ့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ရှယ်ယာဈေးနှုန်း ၄.၆ ရာခိုင်နှုန်းအထိကျဆင်းခဲ့ရပြီး ပထမဆုံးအနှုတ်လက္ခဏာပြခဲ့တာဖြစ်ပါတယ်။

ဆပ်စပ်သတင်းတွေအရတော့ Apple ရဲ့ ရှယ်ယာတွေဒေါ်လာတစ်ရာအောက်ရောက်သွားတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ဆိုပါတယ်။

Ref: Gadgets360, Ret

%d bloggers like this: