634 Shares 161 Views

၂၀၁၈ မှာ Sony Xperia ဖုန်းတွေရဲ့ပုံစံက???

Dec 08, 2017
634 161

ထွက်ရှိလာမယ့် Xperia ဖုန်း၂လုံးရဲ့ မျက်နှာပြင်ပြည့် ဘေးဘောင်မဲ့ဒီဇိုင်းနဲ့ပုံတွေကတော့ ပေါက်ကြားလာပါပြီ။ ဒီပုံတွေကတော့ GizChina.com ကနေ ထွက်ရှိလာတာဖြစ်ပါတယ။်

အခုဖုန်း၂လုံးက လက်ရှိ Xperia ဖုန်းတွေနဲ့လည်း ဒီဇိုင်းသိပ်မကွာနေသလို ဖုန်း၂လုံချင်းချင်းလည်း သိပ်မကွာလှပါဘူး။ တစ်လုံးမှာတော့ လက်ရှိ Xperia ဒီဇိုင်းလိုပဲ ရှေ့မျက်နှာပြင်ရဲ့ အပေါ်နဲ့အောက်မှာ စပီကာပေါက်တွေပါပါတယ။် ကျောဘက်မှာတော့ တောက်ပြောင်နေတဲ့မျက်နှာပြင်နဲ့ matte အသားနဲ့ ၂မျိုးစပ်ထားလို့ တော်တော်လေးဆန်းနေသလိုပါပဲ။ matte ဖြစ်နေတဲ့အပိုင်းက ဖုန်းရဲ့ အပေါ်ပိုင်းနဲ့ အောက်ပိုင်းမှာတင် စက်ဝိုင်းခြမ်းပုံစံမျိုးလေးထည့်ထားပါတယ်။ နောက်ကျောဘက်မှာမှ ပြောင်နေတဲ့မျက်နှာပြင်ရဲ့အလယ်လောက်မှာ fingerprint sensor မြှုပ်ထားနိုင်ပါတယ်။ ကင်မရာအထားအသိုနေရာကြီးကတော့ တစ်မျိုးကြီး နည်းနည်းထူးဆန်းနေသလိုပါပဲ။

နောက်တစ်လုံကတော့ ထောင့်ဝိုင်းဝိုင်းနဲ့ စပီကာနေရာတွေကတော့ ခုနကတစ်လုံးနဲ့တူတူပါပဲ။ သူကတော့ ကျောဘက်သတ္တုကိုယ်ထည်ပဲဖြစ်ပြီး အလယ်မှာ fingerprint sensor ထားထားမှာဖြစ်ပါတယ်။ ဘယ်ဖက်ထိပ်မှာတော့ dual-camera တပ်ဆင်ထားပြီး ဘေးမှာ flash ထားထားပါတယ်။ ဖုန်း၂လုံးလုံးကတော့ 5.7 inch, 18:9 4K display တွေပဲဖြစ်ပြီး သူတို့တွေလည်းပဲ Snapdragon 845 ကိုသုံးမယ့်ပထမဆုံးဖုန်းတွဖြစ်လာနိုင်ပါတယ်။ RAM 6GB နဲ့ Android 8.0 ကို run ထားမှာဖြစ်ပါတယ်။ အရမ်းကို အကြမ်းဖျင်းကျနေသေးတဲ့အတွက် သေသေချာချာသိရဖို့အတွက်ကတော့ CES ဒါမှမဟုတ် MWC ပွဲတွေမှာသိလာရနိုင်ချေရှိမယ်လို့ ထင်ပါတယ်။

Source : gsmarena

You may be interested

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ
FEATURES, gadgets, Smartwatches
0 shares0 views

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ

Ko Thuya - Dec 12, 2017

Fitness Tracker ခေါ် ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာပေးတဲ့ လက်ပတ်များဟာ သင့်ရဲ့ ကျန်းမာရေးကို စဉ်ဆက်မပြတ် စစ်ဆေးပေးနိုင်ပါတယ်။ သူတို့က သင့်ရဲ့ လမ်းလျှောက်တဲ့ ခြေလှမ်းများ ၊ ပြေးတဲ့ အကွာအဝေး ၊ နှလုံးခုန်နှုန်းများ၊ အိပ်စက်မှု အခြေအနေများကို တိုင်းတာပေးနိုင်ပါတယ်။ ဒီနှစ်ထဲမှာ…

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်
Audio & Video, NEWS, Softwares & Application
62 shares9 views

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်

Ko Thuya - Dec 12, 2017

Forbes က မကြာခင်က ၀င်ငွေ အကောင်းဆုံး YouTubers စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ သူတို့ဟာ ၂၀၁၆ ခုနှစ် ဇွန်လကနေ ၂၀၁၇ ခုနှစ် ဇွန်လအတွင်းမှာ ဒေါ်လာ ၁၂၇ သန်းကို ရှာဖွေနိုင်ခဲ့ပါတယ်။ အဲဒီစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတာက တစ်နှစ်အတွင်း…

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ
NEWS, Softwares & Application
73 shares9 views

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ

Nwe Oo - Dec 12, 2017

Apple platform ပေါ်မှာအခြေခံပြီးဖန်တီးထားသမျှ app တွေအကုန်လုံးကို pre-order လက်ခံနိုင်ဖို့ Apple က developer တွေကို ခွင့်ပြုလိုက်ပါပြီ။ MacStories က သိရသလောက်ဆိုရင် ဒီစည်းမျဉ်းက စတင်အကြုံးဝင်နေပြီဖြစ်ပြီး App Store မှာ တစ်ချို့ app တွေဆို…

Leave a Comment

Most from this category