354 Shares 68 Views

နောက်ထုတ်မယ့် iPhone တွေအတွက် OLED display ကို LG မှဖန်တီးပေးမည်

Dec 08, 2017
354 68

နောင်မှာထွက်ရှိလာမယ့် iPhone တွေရဲ့ display မှာ LG Display ကိုသုံးမယ်လို့ တရားဝင်မပြောသေးပေမယ့် LG ပြောကြားအတည်ပြုခဲ့တဲ့သဘောကတော အဲ့လိုပုံစံပါပဲ။

iPhone X အတွက် OLED display တွေထောက်ပံ့ပေးဖို့ ဆွေးနွေးနေပေမယ့် ဘာကိုမှအသေးစိတ်မလုပ်သေးတဲ့အတွက် တကယ်အတည်ပြုပြီးတဲ့အချိန်ကျမှ ကြေညာသွားမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ကုမ္ပဏီ၂ခုကြား ဘာမှမသိရတာထက်စာရင် သဘောတူဖို့အချိန်တစ်ခုလောက် ဆွေးနွေးရမယ်လို့ သိထားရတာကမှ တော်ပါသေးတယ်။

Apple အတွက် LG က ထုတ်လုပ်မှုဝန်ဆောင်မှုအသစ်တစ်ခုသုံးမယ်ဆိုတဲ့ပုံစံမျိုးပြောသွားတာကြောင့် Apple နဲ့ LG ကြား သေချာသလောက်ရှိနိုင်ပါတယ်။

ခုချိန်မှာတော့ iPhone X တွေအတွက် OLED display တွေကို အဓိကထောက်ပံ့ပေးနေသူက Samsung ပါပဲ။ ဒါပေမယ့် ဖုန်းမှာ screen လိုင်းထတာတွေ အရောင်လိုင်းတွေပေါ်တာတွေ စတဲ့ ပြဿနာတွေပေါ်နေတာကြောင့် Apple က OLED display တွေအတွက် နောက်ထပ်ရှာနေတယ်လို့ ပြောလို့ရပါတယ်။ Apple အနေနဲ့ နောက်ထွက်မယ့် iPhone အသစ်တွေမှာ iPhone X မထွက်ခင်ကသုံးခဲ့တဲ့ ကောင်းပြီးစိတ်ချရတဲ့ LCD တွေကိုသုံးမယ့်အစား OLED နည်းပညာကောင်းကောင်းမျိုးကိုသုံးဖို့ ဆန္ဒရှိနေတာကြောင့်ဖြစ်နိုင်ပါတယ်။

Apple က ဖုန်းရဲ့အဓိကအစိတ်အပိုင်းတွေအတွက် ထုတ်လုပ်မှုတွဲဖက်ပါတနာကို ကုမ္ပဏီတစ်ခုတည်းပဲထားလေ့မရှိပါဘူး။ Samsung ရဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်မှာ တစ်ခုခုဖြစ်နေတယ်ထင်တာကြောင့် သူ့ဆီကနေ ခွဲထွက်ဖို့ ကြိုးစားနေတာဖြစ်နိုင်ပါတယ်။

You may be interested

တန်ဖိုးနည်း Asus ROG Gaming Phone လာမည်
Android, ASUS, HUBS
0 shares0 views

တန်ဖိုးနည်း Asus ROG Gaming Phone လာမည်

Ko Thuya - Aug 22, 2018

Asus ROG Phone မှာ စွမ်းရည်မြင့် Snapdragon 845 Chipset နဲ့ 8GB RAM ထည့်သွင်းထားပါတယ်။ အခုတော့ RAM ပမာဏ လျှော့ထည့်ထားတဲ့ တန်ဖိုးနည်း မော်ဒယ်များကို ထုတ်လုပ်ရောင်းချမယ့် သတင်းထွက်လာပါတယ်။ တရုတ် ဆက်သွယ်ရေး ကော်မရှင်မှ…

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
464 shares63 views

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9

Ko Thuya - Aug 21, 2018

Samsung က မကြာခင်ကပဲ စွမ်းရည်မြင့် Galaxy Note 9 ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို တောင်ကိုရီးယားမှာ ကြိုတင်မှာယူခွင့် ပြုလိုက်ပါပြီ။ အခုတော့ တောင်ကိုရီးယားမှ Carrier တစ်ခုရဲ့ သတင်းအချက်အလက်များ အရ Note 9 ရဲ့ ကြိုတင်မှာယူမှုများဟာ…

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
1274 shares179 views

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei

Creepy Tyler - Aug 21, 2018

[Zawgyi] စမတ်ဖုန်းကင်မရာတွေ တဖြည်းဖြည်းနဲ့ ပိုကောင်းလာတယ်ဆိုပေမယ့် တကယ့် DSLR ကင်မရာကြီးတွေကိုတော့ ဘယ်လိုမှ မယှဉ်နိုင်သေးဘူးဆိုတာ အားလုံးသိကြမှာပါ။ Huawei လည်း ဒါကို သိပုံပေါ်ပါတယ်။ ဘာလို့လည်းဆိုတော့ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Nova 3 ဖုန်း ကြော်ငြာဗီဒီယိုမှာ Huawei ဟာ…

Leave a Comment

Most from this category