234 Shares 89 Views

ခေါက်လို့ရမယ့် Galaxy X ဖုန်းအတွက် မူပိုင်ခွင့်တင်လိုက်တဲ့ Samsung

Dec 08, 2017
234 89

Samsung က ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့အစည်း (WIPO) မှာ မူပိုင်ခွင့်တင်လိုက်တဲ့အတွက်ကြောင့် လာမယ့် ၂၀၁၈ ခုနှစ်မှာ ခေါက်လို့၇မယ့် Galaxy X ဖုန်းတွေကို ထုတ်လိမ့်မယ်လို့သတင်းတွေထွက်နေပါတယ်။  ဒီမူပိုင်ခွင့်မှာဆိုရင် Screen ကြီးကြီး ၂ခုကို ကြားထဲက သတ္တုလေးနဲ့ဆက်ပေးထားမှာ ဖြစ်ပါတယ်။ ဖုန်းကိုမသုံးတဲ့အချိန်မှာ display ကို မထိခိုက်အောင် screen ၂ခုကို ပူးခေါက်လိုက်လို့ရမှာဖြစ်ပါတယ်။

ဖုန်းကိုဖွင့်လိုက်တဲ့အချိန်မှာ screen ၂ခုလုံးကို တစ်ပြိုင်နက်သုံးလို့ရမှာဖြစ်ပါတယ်။ ကွေးလိုက်ရင် တစ်ဖက်ကတစ်ယောက်ကကြည့်လို့ရပြီး ကျန် screen တစ်ဖက်ကို နောက်တစ်ယောက်က တစ်ပြိုင်တည်းကြည့်လို့ရမှာဖြစ်ပါတယ်။ ဒီ Galaxy X မော်ဒယ်လ်ကတော့ limited edition ဖြစ်ပြီး ကန့်သတ်အလုံးရေ ၁သိန်းပဲထုတ်မှာဖြစ်ပါတယ်။ နာမည်ထွက်ထားတဲ့ဖုန်းရဲ့ မော်ဒယ်လ်နံပါတ်ကတော့ SM-G888NO ဖြစ်ပြီး နောက်လ လပ်စ်ဗီးဂတ်စ်မှာကျင်းပတဲ့ Consumer Electronic Show (CES) ပွဲမှာ မြင်ရနိုင်ချေများပါတယ်။ ထူးဆန်းတာတစ်ခုကလည်း Samsung က S9 နဲ့ S9+ ဖုန်းတွေကို CES ပွဲမှာဖော်ပြမှာမဟုတ်ဘူးလို့ ငြင်းလိုက်တဲ့ကိစ္စပါ။ ခုထိတော့ ဖုန်းနဲ့ပတ်သတ်တဲ့ သတင်း တစ်စွန်းတစ်စတောင် မကြားရသေးပါဘူး။

Samsung က ခေါက်နိုင်တဲ့ဖုန်းတွေအတွက် မူပိုင်ခွင့်ပေါင်းတော်တော်များများကို ပုံတွေနဲ့တင်ထားခဲ့ပြီးပါပြီ။ တစ်ခုကတော့ 5-inch ဖုန်းကို 7-inch တက်ဘလက်အနေနဲ့ခေါက်လို့ရနိုင်တာပါ။ နောက်တစ်ခုကတော့ display ကို ၉၀ံထိထောင်ထားလို့ရတဲ့ ကွေးခေါက်လို့ရတဲ့ screen အတွက် မူပိုင်ခွင့်တင်ထားတာဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ မိုဘိုင်းကြီးကြပ်သူ စက်တင်ဘာလတုန်းကပြောခဲ့တာကတော့ Samsung အနေနဲ့ ခေါက်နိုင်တဲ့ဖုန်းတွေကို ၂၀၁၈ မှာထွက်ရှိမယ်လို့ ပြောခဲ့ဖူးပါတယ်။ ဆမ်မီ (Samsung) က နောက်နှစ်မှာ ဒီလိုဖုန်းမျိုးထွက်ရှိလာဖို့တော့ ချိန်ထားပြီးသားပဲနေပါလိမ့်မယ်။

You may be interested

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google
Google, HUBS, NEWS
0 shares0 views

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google

Ko Thuya - Nov 16, 2018

ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း လာမယ့်နှစ်မှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ
Facebook, HUBS, Mobiles & Tablets
163 shares57 views

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ

Ko Thuya - Nov 16, 2018

Facebook က မက်ဆင်ဂျာမှာ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်နိုင်တဲ့ လုပ်ဆောင်ချက်ကို စမ်းသပ်နေခဲ့ပါတယ်။ အခုတော့ ဒီလုပ်ဆောင်ချက်ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပေးလိုက်ပါတယ်။ အရင်ကတော့ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်ရင် သင့်ဘက်ခြမ်းမှာသာ ပျက်သွားတာ ဖြစ်ပြီး လက်ခံရရှိသူရဲ့ ဘက်ခြမ်းမှာ ကျန်နေပါတယ်။ အခုတော့…

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ
Android, HUBS, Mobiles & Tablets
120 shares14 views

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ

Ko Thuya - Nov 16, 2018

ဆမ်ဆောင်းက One UI ပါတဲ့ Android 9.0 Pie ကို Galaxy S9 နဲ့ S9+ အတွက် ဖြန့်ချီပေးလိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားမှ User များ ရရှိနေပါပြီ။ Android Pie အခြေပြု ဆမ်ဆောင်းရဲ့…

Leave a Comment

Most from this category