0 Shares 115 Views

Huawei ရဲ့နောက်ထပ် flagship ဖုန်းမှာ iPhone X ထိပ်ဖက်အဟိုက်လိုပြောင်းလဲလာနိုင်

Dec 08, 2017
0 115

iPhone X မှာဆို ထိပ်ဖက်မှာရှိနေတဲ့ အဟိုက်ကလေးကို ကြိုက်တဲ့သူလည်း ရှိသလို မကြိုက်တဲ့သူတွေလည်းရှိပါတယ်။ ဒါပေမယ့် နောင်လာမယ့် iPhone တွေမှာ ဆက်သုံးရင်သုံးနိုင်သလို သုံးချင်မှလည်း သုံးတော့မှာပါ။

ဟိုအရင်တုန်းကလိုပဲ Apple နဲ့ Android စမတ်ဖုန်းလောကက ဒီဇိုင်းတွေ နည်းပညာတွေ အပြန်အလှန်ကူးနေကြတာပါပဲ။ ဒါပေမယ့် flagship ဖုန်းအသစ်အတွက် အကောင်းတကာ့အကောင်းဆုံးတွေပဲ လိုချင်ရင်တော့ ဒါတွေကို ငြင်းချင်လို့မရပါဘူး၊

အခုလည်း Huawei က Android Essential ဖုန်းလိုပဲ ထိပ်ဖက်မှာအဟိုက်ဒီဇိုင်းနဲ့ပြောင်းလဲဖို့ ဟန်ပြင်နေပြီထင်ပါတယ်။ ပြီးတော့ သူ့ရဲ့နောက်ထွက်လာမယ့် flagship ဖုန်းတစ်လုံး ဖြစ်နိုင်ချေရှိတာက P11 မှာ ဒီလိုပုံစံသုံးနိုင်ချေရှိပါတယ်။ XDA developer တွေက Huawei ရဲ့တရားဝင် firmware ဖိုင်တွေထဲမှာ “RoundCornerDisplay” ကိုသတ်မှတ်ထားတဲ့ဖိုင်ကိုတွေ့တယ်လို့ ဆိုထားပါတယ်။

Configuration ဖိုင်ထက်ပိုတိကျတဲ့သတင်းမရှိနိုင်ပါဘူး။ ပြီးတော့အဲဒီမှာ system တည်ဆောက်ပုံထဲကတစ်ခုကို “notch” အနေနဲ့ညွှန်းထားပါတယ်။ ဒီပုံကတော့ firmware ဖိုင်မှာတွေ့ရတဲ့ image ပုံစံကိုပြန်လည်ဖန်တီးဆွဲပြထားတာဖြစ်ပါတယ်။

နောက်ထပ်အချက်တစ်ခုကတော့ Huawei P11 ရဲ့ 6.01-inch 2160×1080 resolution နဲ့ display ဖြစ်ပါတယ်။ ဒါပေမယ့် boot animation ကတော့ ဖုန်းက 2244 × 1080 resolution ကိုသုံးမယ်လို့ သုံးသပ်ထားပါတယ်။ resolution ပမာဏပြောင်းရင် အဟိုက်ကလေး “notch” လို့ခေါ်တဲ့ ဒီဇိုင်းလည်း ပြောင်သွားမှာပါ။

Source : PhoneArena

You may be interested

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ
FEATURES, gadgets, Smartwatches
0 shares0 views

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ

Ko Thuya - Dec 12, 2017

Fitness Tracker ခေါ် ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာပေးတဲ့ လက်ပတ်များဟာ သင့်ရဲ့ ကျန်းမာရေးကို စဉ်ဆက်မပြတ် စစ်ဆေးပေးနိုင်ပါတယ်။ သူတို့က သင့်ရဲ့ လမ်းလျှောက်တဲ့ ခြေလှမ်းများ ၊ ပြေးတဲ့ အကွာအဝေး ၊ နှလုံးခုန်နှုန်းများ၊ အိပ်စက်မှု အခြေအနေများကို တိုင်းတာပေးနိုင်ပါတယ်။ ဒီနှစ်ထဲမှာ…

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်
Audio & Video, NEWS, Softwares & Application
62 shares9 views

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်

Ko Thuya - Dec 12, 2017

Forbes က မကြာခင်က ၀င်ငွေ အကောင်းဆုံး YouTubers စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ သူတို့ဟာ ၂၀၁၆ ခုနှစ် ဇွန်လကနေ ၂၀၁၇ ခုနှစ် ဇွန်လအတွင်းမှာ ဒေါ်လာ ၁၂၇ သန်းကို ရှာဖွေနိုင်ခဲ့ပါတယ်။ အဲဒီစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတာက တစ်နှစ်အတွင်း…

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ
NEWS, Softwares & Application
73 shares9 views

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ

Nwe Oo - Dec 12, 2017

Apple platform ပေါ်မှာအခြေခံပြီးဖန်တီးထားသမျှ app တွေအကုန်လုံးကို pre-order လက်ခံနိုင်ဖို့ Apple က developer တွေကို ခွင့်ပြုလိုက်ပါပြီ။ MacStories က သိရသလောက်ဆိုရင် ဒီစည်းမျဉ်းက စတင်အကြုံးဝင်နေပြီဖြစ်ပြီး App Store မှာ တစ်ချို့ app တွေဆို…

Leave a Comment

Most from this category