552 Shares 119 Views

LG က V30 Signature Edition ကို တောင်ကိုရီးယားမှာ မိတ်ဆက်

Dec 08, 2017
552 119

LG က စွမ်းဆောင်ရည်မြင့် V30 ရဲ့ Signature Edition ကို တောင်ကိုရီးယားမှာ မိတ်ဆက်လိုက်ပါတယ်။ အလုံးရေ ၃၀၀ သာ ထုတ်လုပ်ပေးထားပြီး ကိုရီးယားဝမ် ၂ သန်း ( ဒေါ်လာ ၁၈၀၀ ၀န်းကျင်) ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။

မူလမော်ဒယ်နဲ့ Signature Edition ရဲ့ ကွာခြားချက်မှာ အနောက်ဘက်မှာ ခြစ်ရာများကို ခံနိုင်တဲ့ Zirconium Ceramic Cover တပ်ဆင်ထားခြင်းဖြစ်ပါတယ်။ ဖုန်းမှာ သင့်ရဲ့ အမည်ကိုလည်း လေဆာရောင်ခြည်ဖြင့် ရေးထိုးနိုင်ပါတယ်။ Band & Olufsen Earphones နဲ့ Bluetooth Headphones များ ထည့်သွင်းပေးထားပါတယ်။ သူဟာ Specifications အပိုင်းမှာတော့ မူလမော်ဒယ်နဲ့ တူညီပါတယ်။

LG က V30 ရဲ့ အနောက်ဘက်မှာ စွမ်းရည်မြင့် ကင်မရာ ၂ လုံးတပ်ဆင်ထားပါတယ်။ 16MP နဲ့ မြင်ကွင်းကျယ် 13MP Camera များဖြစ်ပြီး အလင်းရောင် နည်းပါးတဲ့ နေရာများမှာ အရည်အသွေးမြင့်တဲ့ ဓါတ်ပုံများ ရိုက်ကူးနိုင်တယ်လို့ ပြောပါတယ်။ ဗီဒီယို မရိုက်ခင်မှာ Effects များထည့်သွင်းနိုင်ပါတယ်။ V30 မှာ ယခင် V Series များမှာလို အပို စကရင်ငယ် ၁ ခု မပါတော့ဘဲ ၆ လက်မ P-OLED Screen ၁ ခုသာ တပ်ဆင်ထားပါတယ်။ Galaxy S8 လို Full Screen Display ဖြစ်ပြီး HDR10 ကို ထောက်ပံ့ပါတယ်။ Always on Display လည်း ပါပါတယ်။

V30 မှာ စွမ်းဆောင်ရည်မြင့် Snapdragon 835 Chipset ထည့်သွင်းထားပြီး G6 ရဲ့ 821 ထက် တိုးတက်လာပါတယ်။ V30 မှာ 6GB RAM, 256GB Storage များထည့်သွင်းထားပြီး microsD Card စိုက်နိုင်ပါတယ်။ 3300mAh Battery ကို အသေတပ်ထားပြီး ကြိုးမဲ့ အားသွင်းစနစ်နဲ့ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ USB-C Port ပါပါတယ်။ V30 ဟာ IP68 စံနှုန်းရှိပြီး ရေစိုခံနိုင်ပါတယ်။ အသံအရည်အသွေး မြင့်မားတဲ့ QuadDAC ပါပါတယ်။ Android 8.0 Oreo ထည့်သွင်းထားပါတယ်။

Ref : gsmarena

You may be interested

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ
Apple, HUBS, Mobiles & Tablets
0 shares0 views

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ

Ko Thuya - Feb 20, 2018

  Apple က စာလုံးတစ်လုံးထဲဖြင့် iPhone များကို Crash ဖြစ်စေတဲ့ Bug ကို ပြုပြင်ပေးတဲ့  Update ကို ဖြန့်ချီပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းက အိန္ဒိယ ဘာသာစကား တီလူဂါမှ အက္ခရာတစ်ခုဟာ iPhone System နဲ့…

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ
Google, HUBS, NEWS
0 shares0 views

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ

Ko Thuya - Feb 20, 2018

  နည်းပညာ ဘီလူးကြီး Google က ဥာဏ်ရည်တု နည်းပညာကို ကဏ္ဍပေါင်းစုံမှာ အသုံးချဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီ အသစ်ဖန်တီးထားတနဲ့ AI Program က လူတွေရဲ့ မျက်လုံးမှ အဓိက အကြောင်းအရာများကို ရှာဖွေခြင်းဖြင့် နှလုံးရောဂါကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ လူသား …

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
181 shares521 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Leave a Comment

Most from this category