iPhone နဲ့ iPad တွေမှာ PDF ဖိုင်တွေကို ဘယ်လိုဖတ်မလဲ
PDF ဖိုင်တွေဟာ တစ်ကယ်တော့ လူတိုင်းအတွက် အသုံးပြုဖို့လိုအပ်တဲ့ ဖိုင်တွေပါ။ PDF ဖိုင်တွေကို အသုံးပြုဖို့အတွက်တော့ PDF Reader အက်ပလီကေးရှင်း ကောင်းကောင်းမရှိရင် အသုံးပြုဖို့မလွယ်နိုင်ပါဘူး။ ဒီအခြေအနေဟာ iPhone (သို့) iPad တွေမှာလည်း ခြားနားမှု မရှိပါဘူး။ Apple ကိရိယာတွေမှာ PDF ဖိုင်တွေကြည့်ဖို့ အသင့်တော်ဆုံးကတော့ iBooks အက်ပလီကေးရှင်းပါ။ ဒီ အက်ပလီကေးရှင်းဟာ iOS 8 စနစ်မှာ မူလကတည်းက ပါဝင်လာတဲ့ အက်ပလီကေးရှင်း တစ်ခုဖြစ်ပြီး iOS ရဲ့  Browser ဖြစ်တဲ့ Safari နဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။
iBooks ရဲ့  လုပ်ဆောင်ချက်များ
သင့်အနေနဲ့ Safari Browser ထဲမှာ PDF ဖိုင်တစ်ဖိုင်ကို ဖွင့်လိုက်တယ်ဆိုရင် Web Content တစ်ခုအနေနဲ့ ဖတ်ရှုနိုင်သလို iBooks ထဲမှာ ဖတ်ရှုဖို့အတွက်လည်း ရွေးချယ်ခွင့်ရပါလိမ့်မယ်။ အဲဒီရွေးချယ်ခွင့်ကတော့ သင်ဖွင့်ထားတဲ့ ၀က်ဘ်စာမျက်နှာရဲ့  ညာဘက် အပေါ်ထောင့်မှာ တွေ့ရပါလိမ့်မယ်။ အဲဒီ “Open in iBooks” ဆိုတဲ့ ရွေးချယ်ခွင့်ကို နှိပ်လိုက်တာနဲ့ iBooks အက်ပလီကေးရှင်းကို အသုံးပြုလို့ ရသွားပါပြီ။
iBooks အက်ပလီကေးရှင်းကို အသုံးပြုသင့်တဲ့ လုပ်ဆောင်ချက် ၃ ခု ရှိနေပါတယ်။ ပထမ တစ်ခုကတော့ Brightness ကို ချိန်ညှိနိုင်တာပါ။
နောက်တစ်ခုကတော့ မှန်ဘီလူးပုံစံလေးမှာ နှိပ်ပြီး စကားလုံးနဲ့ ဖြစ်စေ ၊ စာမျက်နှာ နံပါတ်နဲ့ ဖြစ်စေ ရှာဖွေခြင်း(Search) ပြုလုပ်နိုင်ပါတယ်။
။နောက်ဆုံးတစ်ခုကတော့ စာအုပ်ဖတ်ရင်း တစ်ဝက်တစ်ပျက် နဲ့ နားလိုက်ရရင် စာရွက်လေးခေါက်ပြီး အမှတ်အသားလုပ်ခဲ့သလိုမျိုး Bookmark ပေးပြီး မှတ်သားလိုတဲ့ စာမျက်နှာကို ပြန်ရှာရလွယ်အောင် မှတ်သားထားနိုင်တာပဲ ဖြစ်ပါတယ်။
စာမျက်နှာတွေရဲ့  အပေါ်ဘယ်ဘက်ထောင့်မှာရှိတဲ့ လိုင်း ၃ လိုင်း အမှတ်အသားကို ရွေးချယ်လိုက်ရင်တော့ ထိုဖိုင်မှာ ပါဝင်တဲ့ စာမျက်နှာတိုင်းကို သေးငယ်တဲ့ အနေအထားနဲ့ မြင်တွေ့ရမှာဖြစ်ပြီး သင် Bookmark ပေးထားတဲ့ စာမျက်နှာဟာလည်း အနီရောင် အမှတ်အသား တစ်ခု နဲ့ ပြသထားတာကို တွေ့ရမှာပါ။
iBooks ဟာ PDF ဖိုင်တွေ ဖတ်ဖို့အတွက် အခြေခံ အက်ပလီကေးရှင်း ဖြစ်ပေမယ့် လုပ်ဆောင်ချက် ခြားနားတဲ့ အခြား အက်ပလီကေးရှင်းတွေကိုပဲ ရွေးချယ်ကြည့်တယ်ဆိုရင်တော့ Foxit ကိုလည်း အသုံးပြုနိုင်ပါသေးတယ်။
Foxit ရဲ့  လုပ်ဆောင်ချက်များ
App Store မှာ အခမဲ့ ဒေါင်းလုဒ် ရယူနိုင်တဲ့ Foxit Reader အက်ပလီကေးရှင်းကတော့ လုပ်ဆောင်ချက်တွေ တော်တော် ပြည့်စုံတဲ့ အက်ပလီကေးရှင်း ပဲ ဖြစ်ပါတယ်။ Foxit မှာ brightness ပြောင်းနိုင်ခြင်း ၊ စကားလုံးနဲ့ ရှာဖွေမှု(Search) ပြုလုပ်နိုင်ခြင်း တို့အပြင် ကြည့်ရှုမှု ပုံစံ အမျိုးမျိုးကို လည်း လုပ်ဆောင်နိုင်ပါသေးတယ်။
Single Page ၊ Continuous Page ၊ Thumbnail ၊ Night Mode ၊ Crop Mode စတာတွေကို ပြောင်းလဲကြည့်ရှုနိုင်ပြီး Night Mode ကို ပြောင်းမယ်ဆိုရင်တော့ နောက်ခံ အမည်းရောင်ပေါ်မှာ စာသား အဖြူတွေနဲ့ ပြောင်းလဲပြသပေးတာကိုလည်း တွေ့ရမှာပါ။
နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ လုပ်ဆောင်ချက် တစ်ခုကတော့ text-to-speech ပါ။ဒီလုပ်ဆောင်ချက်ဟာ သင် အသံထွက် ဖတ်ပြစေလိုတဲ့ စာပိုဒ် (သို့) စာမျက်နှာ (သို့) စကားလုံး စတဲ့ မိမိကြိုက်နှစ်သက်ရာကို Foxit က အသံထွက် ရွတ်ဆိုပြပေးမှာပါ။ ဒါ့အပြင် စာမျက်နှာတစ်ခုလုံးကို မိမိ ပြုလုပ်လိုတဲ့ စာသားတွေကိုပါ Zoom စနစ်ကို အသုံးပြုပြီး အနီးအဝေး ကြည့်ရှုနိုင်မှာပါ။
နောက်ဆုံး လုပ်ဆောင်ချက်တစ်ခုကတော့ Markup လုပ်ဆောင်ချက်ပါ။ ဒီလုပ်ဆောင်ချက်ကို အသုံးပြုပြီးတော့ Bookmark ပေးတာထက်ပိုပြီး ထိရောက်တဲ့ စာပိုဒ် အလိုက် ၊ စာကြောင်းအလိုက် မှတ်သားထားခြင်းကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ဒီ အက်ပလီကေးရှင်း ၂ ခုလုံးကို အသုံးမပြုချင်ဘူးဆိုရင်တော့ အသုံးပြုလို့ရနိုင်တဲ့ အခြား အက်ပလီကေးရှင်း တွေကတော့ Adobe Acrobat နဲ့ Dropbox တို့ပဲ ဖြစ်ပါတယ်။ ဒီအက်ပလီကေးရှင်း တွေကတော့ ဖိုင်ကို ဖတ်ရှုရုံ ၊ သိမ်းဆည်း ထားရုံက လွဲပြီး ကျန်တာတွေ မလုပ်ဆောင်ပေးနိုင်ပါဘူး။
Ref: HowToGeek
You may be interested

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple
Nwe Oo Thant - Apr 20, 2018[Zawgyi] Apple ကတော့ iPhone user တွေရဲ့မျက်လုံးထိခိုက်မှုကို ကာကွယ်ပေးနိုင်မယ့်မူပိုင်ခွင့်တစ်ခုတင်ခဲ့တာ အခုတော့ခွင့်ပြုချက်ရသွားခဲ့ပါပြီ။ user တွေအနေနဲ့ အမှောင်ထဲမှာဖုန်းကိုဖွင့်လိုက်ရင် display ကချက်ချင်းကြီးလင်းလာပြီး စက္ကန့်နည်းနည်းကြာမှ အလင်းပမာဏကို ပတ်ဝန်းကျင်အလင်းနဲ့သင့်သလိုချိန်ပြီးဖြည်းဖြည်းချင်းလျှော့ပေးတာပါ။ ဖြည်းဖြည်းချင်းတော့လျှော့ပေးတယ်ဆိုပေမယ့်လည်း display စဖွင့်ဖွင့်ချင်း စူးရှတဲ့အလင်းကိုမြင်လိုက်ရတဲ့အချိန်မှာတင် မျက်စိကိုထိခိုက်သွားပါပြီ။ အခု Apple…

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း
Ko Thuya - Apr 20, 2018Android အတွက် Photo Editing Apps များစွာ ရှိတဲ့အထဲကမှ နာမည်အကြီးဆုံး နှစ်ခုက Adobe Photoshop Express နဲ့ Snapseed တို့ ဖြစ်ကြပါတယ်။ အဲဒီ App နှစ်ခုမှာ စွမ်းဆောင်ချက်များစွာ ပါရှိကြပြီး အားသာချက်၊ အားနည်းချက်…

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”
Nwe Oo Thant - Apr 20, 2018[Zawgyi] Google ကတော့ တစ်ခုသော မက်ဆေ့ခ်ျပို့စနစ်ကိုထုတ်လုပ်ဖို့စီစဉ်နေပါပြီ။ သူ့ကိုတော့ “Chat” လို့ခေါ်မှာဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက်မှာ ဖုန်းတွေရဲ့ default Android Messages app အနေနဲ့ထည့်သွင်းလာတော့မှာပါ။ Google ရဲ့ Allo ဆိုတဲ့ မက်ဆေ့ခ်ျ app လေးကလည်း ပြီးခဲ့တဲ့၂နှစ်လောက်က…
Most from this category

Leave a Comment
You must be logged in to post a comment.