171 Shares 152 Views

စမတ်ဖုန်း အတွက် ဦးစားပေးရွေးချယ်မှုတွေ ပြောင်းလဲလာချိန်မှာ

Dec 08, 2017
171 152

ခေတ်တွေပြောင်းလာတဲ့အချိန်မှာ စမတ်ဖုန်းတစ်လုံးဝယ်မယ်ဆိုတာနဲ့ လူတော်တော်များများဦးစားပေးလာကြတာက Selfie ဆိုတဲ့ စကားလုံးလေးပါ။ ဒီလိုမျိုး လူတွေပါးစပ်ဖျားရေပန်းစားနေတဲ့အချက်ကို အမိအရဆုပ်ကိုင်ပြီး ဖုန်းကုမ္ပဏီတွေက သူတို့ရဲ့ထုတ်ကုန်တွေမှာ ဦးစားပေးထည့်သွင်းလာကြပါပြီ။

Selfie အကြောင်းပြောလိုက်တာနဲ့ လူတော်တော်များများလည်း သိကြတဲ့ selfie ကိုလည်းအာရုံစိုက်လွန်းတဲ့ Vivo ဆိုတဲ့ brand တစ်ခုက တွဲပါလာပါပြီ။ အရင် V5, V5 Plus တွေကတည်းက selfie ကိုအသားပေးလာခဲ့တာ ပြီးခဲ့တဲ့စက်တင်ဘာလကုန်လောက်ကမိတ်ဆက်ခဲ့တဲ့ V7+ ဖုန်းတွေထိပါပဲ။

V7+ ကို ဈေးကွက်ထဲမှာ ရောင်းချတုန်းက လူကြိုက်များခဲ့ကြပေမယ့် ဈေးနှုန်းနဲ့ပတ်သက်ပြီး အငြင်းအခုန် ဖြစ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် စမတ်ဖုန်းဝယ်ရင် Selfie ကို ဦးစားပေးသူတွေအတွက် ဆွဲဆောင်နိုင်လွန်းတဲ့ V7 ကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ လလယ်ပိုင်းမှာ ဈေးကွက်ထဲ တင်ပြီးရောင်းချခဲ့ပြန်ပါတယ်။

V7 မှာ 24MP အရှေ့ကင်မရာ၊ 5.7 လက်မအကျယ် FullViewTM Display စတာတွေပါဝင်တဲ့အတွက် သင့်တင့်တဲ့ ဈေးနှုန်းနဲ့ အလယ်အလတ်တန်းစား စမတ်ဖုန်းတစ်လုံးလို့ဆိုရမှာပါ။ အနောက် ကင်မရာကိုလည်း 16MP အထိ ထောက်ပံ့ပေးထားတာကြောင့် အရွယ်အစားနည်းနည်းလေးသေးသွားတာကလွဲရင် လူတော်တော်များများစိတ်ဝင်စားကြတဲ့ဖုန်းတစ်လုံးပါ။

Selfie ဆိုလိုက်တာနဲ့ ကြည်လင်ပြတ်သားမှု၊ လှပမှု၊ ချောမွေ့ပြေပြစ်မှု ဒါတွေက တစ်ဆက်တည်းလိုအပ်လာပါပြီ။ အခုနောက်ပိုင်းဆိုရင် ဖုန်းကင်မရာက DSLR နဲ့ရိုက်ထားသလို ပုံရိပ်ကကြည်လင်ပြတ်သားပြီး နောက်ခံဝါးထားတာတွေ ဒါတွေကအစ ထောက်ပံ့ပေးလာနိုင်ပါပြီ။

ဒီအတွက် နောက်ခံဝေဝါးပေးတဲ့ စနစ်ကိုလည်း ထည့်သွင်းလာကြပါပြီ။ V7 ကတော့ အရှေ့ကင်မရာအပြင် အနောက်ကင်မရာမှာပါ ဒီလို နောက်ခံဝေဝါးပေးတဲ့ feature ကို ထည့်သွင်းပေးထားပါတယ်။ 16MP အရှေ့ကင်မရာဟာ အလင်းရောင်အားနည်းတဲ့အချိန်မှာတောင် အလင်းချိန်ညှိပေးပြီး သဘာဝအဆန်ဆုံး ပုံရိပ်ကို ဖမ်းယူပေးနိုင်ပါတယ်။ အလယ်အလတ်တန်းစား စမတ်ဖုန်းတစ်လုံးအတွက်တော့ ဒီအချက်က အားရစရာပါပဲ။

အနှစ်ချုပ်ကြည့်ရင်တော့ ဒီတစ်ခေါက် V7 က စမတ်ဖုန်းတွေရွေးချယ်ဝယ်ယူရာမှာ ဦးစားပေးပြောင်းလဲလာကြတာနဲ့ ကိုက်ညီလာတဲ့ဖုန်းတစ်လုံးဖြစ်လာပါပြီ။ ကိုင်တွယ်ရ ကောင်းမွန်တာနဲ့ 24MP selfie camera, FullViewTM Display တို့ကတော့ သူ့ရဲ့ first impression လို့ ဆိုရမှာပါ။ 4GB RAM, 32GB ROM, Snapdragon 450 နဲ့ 3000 mAh တို့ကတော့ တစ်နေ့တာလုံး အသုံးပြုရမယ့် performance အတွက် သင့်တော်တဲ့ပမာဏတွေပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် V7 ဟာ စမတ်ဖုန်း အသုံးပြုသူတွေရဲ့ ပြောင်းလဲလာတဲ့ ဦးစားပေးအချက်တွေနဲ့ ကိုက်ညီအောင် ကြိုးစားထားတာတွေ့ရတဲ့အတွက် စမတ်ဖုန်းဝယ်ဖို့ အရောင်းဆိုင်ကိုရောက်ပြီဆိုရင် လက်တွေ့စမ်းသပ် လေ့လာကြည့်ရမယ့် စာရင်းထဲ ထည့်ထားရမယ်လို့တော့ ယူဆမိပါတယ်။

You may be interested

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google
Google, HUBS, NEWS
0 shares0 views

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google

Ko Thuya - Nov 16, 2018

ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း လာမယ့်နှစ်မှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ
Facebook, HUBS, Mobiles & Tablets
163 shares57 views

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ

Ko Thuya - Nov 16, 2018

Facebook က မက်ဆင်ဂျာမှာ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်နိုင်တဲ့ လုပ်ဆောင်ချက်ကို စမ်းသပ်နေခဲ့ပါတယ်။ အခုတော့ ဒီလုပ်ဆောင်ချက်ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပေးလိုက်ပါတယ်။ အရင်ကတော့ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်ရင် သင့်ဘက်ခြမ်းမှာသာ ပျက်သွားတာ ဖြစ်ပြီး လက်ခံရရှိသူရဲ့ ဘက်ခြမ်းမှာ ကျန်နေပါတယ်။ အခုတော့…

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ
Android, HUBS, Mobiles & Tablets
120 shares14 views

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ

Ko Thuya - Nov 16, 2018

ဆမ်ဆောင်းက One UI ပါတဲ့ Android 9.0 Pie ကို Galaxy S9 နဲ့ S9+ အတွက် ဖြန့်ချီပေးလိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားမှ User များ ရရှိနေပါပြီ။ Android Pie အခြေပြု ဆမ်ဆောင်းရဲ့…

Leave a Comment

Most from this category