611 Shares 169 Views

6-inch display ကင်မရာ၎လုံးနဲ့ထွက်ရှိလာတဲ့ Huawei Nova 2s

Dec 08, 2017
611 169

Honor V10 နာမည်ကြီးပြီးတဲ့နောက် Huawei ကနေ နောက်ထပ်ထွက်ရှိလာတာကတော့ Huawei Nova 2s ပါပဲ။ Nova 2s ကိုတော့ တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး 6-inch 18:9 display နဲ့ ရှေ့ကင်မရာကတော့ 20MP ဖြစ်ပါတယ်။

သူကတော့ မနှစ်က ထွက်ခဲ့တဲ့ 5-inch, 5.5 inch အသီးသီးစီရှိတဲ့ Nova နဲ့ Nova Plus တို့ရဲ့ နောက်ဆက်တွဲဖုန်းတွေဖြစ်ပါတယ်။ ဖုန်းနှစ်လုံးလုံးမှာ RAM 3GB, Storage 32GB k, Qualcomm Snapdragon 625 processor တွေကိုသုံးခဲ့ပါတယ်။ အခု Nova 2s ဖုန်းတွေမှာတော့ 64GB, 128GB storage, RAM 4/6 GB နဲ့ Huawei ကဖန်တီးထားတဲ့ Kirin 960 processor ကိုသုံးထားပါတယ်။

18:9 အချိုး၊ ၆လက်မအရွယ် 2160 × 1080 resolution ရှိတဲ့ display ကိုသုံးထားပါတယ်။ ဈေးကွက်ထဲမှာတွေ့နေရတဲ့ဖုန်းတွေလိုမျိုး 18:9 display နဲ့ ဘေးဘောင်ပါးပါးဒီဇိုင်းစမတ်ဖုန်းတစ်လုံးဖြစ်ပြီး fingerprint sensor ကို မြှုပ်ထားတဲ့ Home button လည်း ပါနေပါသေးတယ်။

နောက်ကျောဘက်မှာတော့ f/1.8 aperture ရှိတဲ့ 16MP RGB sensor နဲ့ 20MP monochrome sensor တွေကိုသုံးထားတဲ့ dual-camera တွေကို တပ်ဆင်ထားပါတယ်။ ရှေ့ကင်မရာကတော့ 20MP ဖြစ်ပြီး အလင်းဝင်ပေါက်ကတော့ f/2.0 ဖြစ်ပါတယ်။ LED မီးလည်းပါတဲ့အပြင် 2MP secondary sensor တစ်လုံးလည်း ပါနေပါသေးတယ်။ ဒီတော့ ရှေ့ကင်မရာပါ dual-camera ဖြစ်သွားပါတယ်။

ကျန်တာတွေကတော့ အားသွင်းအမြန်စနစ်ကို ထောက်ပံ့ပေးနိုင်တဲ့ 3,340mAh ဘက်ထရီ, dual-SIM (SIM ၂ကဒ် ဒါမှမဟုတ် SIM ၁ကဒ် microSD ၁ကဒ်) ၊ 3.5mm နားကြပ်ပေါက်တွေပါဝင်ပါတယ်။ Android 8.0 Oreo ကို run ထားပြီး အရောင်တွေအနေနဲ့ကတော့ Black, Gray, Red, Rose Gold, Blue စတဲ့အရောင်တွေရမှာပါ။ ဈေးနှုန်းကတော့ 4/64 version အတွက် တရုတ်ယွမ် 2699 ($400 နီးပါး) ရှိမှာဖြစ်ပါတယ။်

နောက်ပြီး အထူးထုတ်ဖြစ်တဲ့ Yixing Zhang Special Edition ဖုန်းကိုလည်း ထုတ်ဦးမှာပါ။ နာမည်ကြီးတရုတ်အဆိုတော်တစ်ဦးရဲ့ နာမည်နဲ့ ဖုန်းကိုနာမည်ပေးထားတာဖြစ်ပြီး RAM 6GB, storage 128 GB , သူ့ရဲ့တေးအယ်လ်ဘမ်တွေ၊ ringtone တွေနဲ့ အထူးထုတ်ဆိုတဲ့အတိုင်း တခြားတခြားသော အရာတွေပါဦးမှာပါ။ သူကတော့ ဈေးနှုန်းက တရုတ်ယွမ် 3399 ($500 နီးပါး) ရှိပြီး လကုန်လောက်မှာ အရောင်းဆိုင်တွေဆီ ရောက်ရှိလာမှာဖြစ်ပါတယ်။

Source : AndroidAuthority

You may be interested

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ
FEATURES, gadgets, Smartwatches
0 shares0 views

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ

Ko Thuya - Dec 12, 2017

Fitness Tracker ခေါ် ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာပေးတဲ့ လက်ပတ်များဟာ သင့်ရဲ့ ကျန်းမာရေးကို စဉ်ဆက်မပြတ် စစ်ဆေးပေးနိုင်ပါတယ်။ သူတို့က သင့်ရဲ့ လမ်းလျှောက်တဲ့ ခြေလှမ်းများ ၊ ပြေးတဲ့ အကွာအဝေး ၊ နှလုံးခုန်နှုန်းများ၊ အိပ်စက်မှု အခြေအနေများကို တိုင်းတာပေးနိုင်ပါတယ်။ ဒီနှစ်ထဲမှာ…

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်
Audio & Video, NEWS, Softwares & Application
62 shares9 views

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်

Ko Thuya - Dec 12, 2017

Forbes က မကြာခင်က ၀င်ငွေ အကောင်းဆုံး YouTubers စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ သူတို့ဟာ ၂၀၁၆ ခုနှစ် ဇွန်လကနေ ၂၀၁၇ ခုနှစ် ဇွန်လအတွင်းမှာ ဒေါ်လာ ၁၂၇ သန်းကို ရှာဖွေနိုင်ခဲ့ပါတယ်။ အဲဒီစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတာက တစ်နှစ်အတွင်း…

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ
NEWS, Softwares & Application
73 shares9 views

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ

Nwe Oo - Dec 12, 2017

Apple platform ပေါ်မှာအခြေခံပြီးဖန်တီးထားသမျှ app တွေအကုန်လုံးကို pre-order လက်ခံနိုင်ဖို့ Apple က developer တွေကို ခွင့်ပြုလိုက်ပါပြီ။ MacStories က သိရသလောက်ဆိုရင် ဒီစည်းမျဉ်းက စတင်အကြုံးဝင်နေပြီဖြစ်ပြီး App Store မှာ တစ်ချို့ app တွေဆို…

Leave a Comment

Most from this category