257 Shares 116 Views

Xiaomi က 18:9 Screen ပါတဲ့ Redmi 5 Plus ကို ကြေညာ

Dec 08, 2017
257 116

Xiaomi ရဲ့ Redmi 5 နဲ့ Redmi 5 Plus စမတ်ဖုန်းများရဲ့ သတင်းများ ယခင်ကတည်းက ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ ရှောင်မီက တရုတ်မှာ ပွဲတစ်ခု ကျင်းပ၍ အဲဒီ စမတ်ဖုန်းများကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းများမှာ FullView Display များ၊ အရွယ်အစား ကြီးမားတဲ့ ဘက်ထရီများတပ်ဆင်ထားပြီး ရှောင်မီရဲ့ ထုံးစံအတိုင်း ဈေးနှုန်း ချိုသာပါတယ်။

Xiaomi Redmi 5 Plus ဟာ Redmi 5 ထက် စွမ်းဆောင်ရည်မြင့်မားပေမယ့် ဒီဇိုင်းက တူညီပါတယ်။ အရှေ့ဘက်ကို စကရင်က များစွာ နေရာယူထားပါတယ်။ ၅.၉၉ လက်မ Full HD+ Display ဖြစ်ပါတယ်။ Chipset ကလည်း ပိုမို စွမ်းရည်မြင့်မားပြီး Snapdragon 625 ထည့်ပေးထားပါတယ်။ မော်ဒယ်နှစ်မျိုးထုတ်လုပ်ပေးထားပြီး 3GB RAM/ 32GB Storage နဲ့ 4GB RAM/ 64GB Storage များဖြစ်ပါတယ်။ ဒေါ်လာ ၁၅၀ နဲ့ ၁၉၅ အသီးသီး ကျသင့်မှာပါ။ ဘက်ထရီကလည်း ပိုမိုကြီးမားပြီး 4000mAh ဖြစ်ပါတယ်။

ကင်မရာကတော့ တူညီပါတယ်။ အနောက်ဘက်မှာ 12MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera တပ်ဆင်ထားပြီး LED Flash တစ်လုံးစီ တပ်ဆင်ပေးထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ အနက်၊ အပြာ၊ ရွှေနဲ့ ပန်းရောင်များ ထုတ်လုပ်ပေးထားပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ တရုတ်တွင် ရောင်းချမှာပါ။

Ref : gsmarena

You may be interested

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia
Gaming, NEWS
0 shares0 views

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia

Nwe Oo - Aug 21, 2018

[Zawgyi] ၂၀၁၈ Gamescom မှာတော့ Nvidia ကနေ သူ့ရဲ့ high-end graphic ကဒ်တွေဖြစ်တဲ့ GeForce RTX 2070, RTX 2080 နဲ့ RTX 2080 Ti တို့ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ 20-series…

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
1106 shares91 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား
Apple, HUBS, Mobiles & Tablets
271 shares47 views

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား

Ko Thuya - Aug 21, 2018

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှ Apple Store တစ်ခုမှာ အိုင်ပတ် တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ဘက်ထရီ ပြဿနာ သို့မဟုတ် အပူလွန်ကဲမှုကြောင့် ဖြစ်တယ်လို့ နယ်သာလန်မှ မီဒီယာတစ်ခု ဖြစ်တဲ့ AT5 က…

Leave a Comment

Most from this category