487 Shares 117 Views

Xiaomi က 18:9 Screen ပါတဲ့ Redmi 5 ကို မိတ်ဆက်

Dec 08, 2017
487 117

Xiaomi ရဲ့ Redmi 5 နဲ့ Redmi 5 Plus စမတ်ဖုန်းများရဲ့ သတင်းများ ယခင်ကတည်းက ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ ရှောင်မီက တရုတ်မှာ ပွဲတစ်ခု ကျင်းပ၍ အဲဒီ စမတ်ဖုန်းများကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းများမှာ FullView Display များ၊ အရွယ်အစား ကြီးမားတဲ့ ဘက်ထရီများတပ်ဆင်ထားပြီး ရှောင်မီရဲ့ ထုံးစံအတိုင်း ဈေးနှုန်း ချိုသာပါတယ်။

Xiaomi Redmi 5 မှာ ၅.၇ လက်မ HD+ Display တပ်ဆင်ထားပါတယ်။ မျက်နှာပြင်အချိုးမှာ 18:9 ဖြစ်ပါတယ်။ Chipset ကတော့ Qualcomm Snapdragon 450 ဖြစ်ပြီး 14 nm Process နည်းပညာကို အခြေခံ၍ တည်ဆောက်ထားပါတယ်။ သူ့မှာ Octa-Core CPU တပ်ဆင်ထားပြီး Clock Speed မှာ 1.8GHz ဖြစ်ပါတယ်။

သူ့ကို မော်ဒယ်နှစ်မျိုးထုတ်လုပ်ပေးထားပြီး 2GB RAM/16GB Internal Storage နဲ့ 3GB RAM/ 32GB Internal Storage တို့ ဖြစ်ပါတယ်။ ဒေါ်လာ ၁၂၀ နဲ့ ၁၃၅ အသီးသီးကျသင့်မှာပါ။ 128GB အထိ ၀င်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ Android 7.1.2 အခြေပြု MIUI 9 ထည့်သွင်းထားပါတယ်။ သူ့မှာ ဥာဏ်ရည်မြင့် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်နဲ့ Picture-in-Picture Mode ပါလာပါတယ်။

အနောက်ဘက်မှာ 12MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera တပ်ဆင်ထားပြီး LED Flash တစ်လုံးစီ တပ်ဆင်ပေးထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ ဘက်ထရီကတော့ 3300mAh ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ
Apple, HUBS, Mobiles & Tablets
0 shares0 views

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ

Ko Thuya - Feb 20, 2018

  Apple က စာလုံးတစ်လုံးထဲဖြင့် iPhone များကို Crash ဖြစ်စေတဲ့ Bug ကို ပြုပြင်ပေးတဲ့  Update ကို ဖြန့်ချီပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းက အိန္ဒိယ ဘာသာစကား တီလူဂါမှ အက္ခရာတစ်ခုဟာ iPhone System နဲ့…

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ
Google, HUBS, NEWS
0 shares0 views

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ

Ko Thuya - Feb 20, 2018

  နည်းပညာ ဘီလူးကြီး Google က ဥာဏ်ရည်တု နည်းပညာကို ကဏ္ဍပေါင်းစုံမှာ အသုံးချဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီ အသစ်ဖန်တီးထားတနဲ့ AI Program က လူတွေရဲ့ မျက်လုံးမှ အဓိက အကြောင်းအရာများကို ရှာဖွေခြင်းဖြင့် နှလုံးရောဂါကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ လူသား …

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
181 shares521 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Leave a Comment

Most from this category