0 Shares 460 Views

ဘက်ထရီစမ်းသပ်ချက်မှာ ဗိုလ်စွဲသွားတဲ့ OnePlus 5T

Dec 07, 2017
0 460

OnePlus 5T ဆိုတာကတော့ $500 လောက်နဲ့ဝယ်လို့ရနိုင်တဲ့ဖုန်းတစ်လုံးပါ။ အရမ်းအရမ်းကိုဈေးကြီးတဲ့ဖုန်းတစ်လုံးကိုသုံးနေရသလို ခံစားမိအောင် သပ်ရပ်ကျစ်လျစ်တဲ့ဒီဇိုင်းနဲ့ အရမ်းကိုမြန်တဲ့စွမ်းဆောင်ရည်တွေပေးစွမ်းနိုင်ပါတယ်။ ဒါဆို ဘက်ထရီကရောဘယ်လိုလဲ????

OnePlus 5T ကို နှစ်ပတ်လောက်သုံးပြီးဘက်ထရီစမ်းသပ်မှုကိုလုပ်ကြည့်တဲ့အခါမှာ တွေ့ရတာလေးတွေကို ပြန်ပြောပြပါမယ်။ OnePlus 5T ရဲ့ ဘက်ထရီက 3,300mAh ဖြစ်လို့ OnePlus 5 နဲ့တူတူပါပဲ။ display ပိုကြီးသွားတာအပြင် OnePlus 5T က OnePlus 5 လိုမျိုးအကြာကြီးခံတာကြောင့် ပျမ်းမျှထက်ကိုပိုတယ်လို့ ပြောလို့ရပါတယ်။ လက်တွေ့စမ်းသပ်တဲ့အခါ တစ်ခါအားသွင်းပြီးရင် တရက်နဲ့ နေ့တစ်ဝက်ထိ ကြာကြာသုံးလို့ရတယ်လို့ ဆိုထားပါတယ်။

ဘက်ထရီစမ်းသပ်ချက်မှာတော့ OnePlus 5T က ၈နာရီ ၅၁ မိနစ် ဖြစ်ပြီး OLED screen ဖုန်းတွေဖြစ်တဲ့ Galaxy Note 8, Google Pixel 2 XL တို့နဲ့ယှဉ်လိုက်ရင် သူတို့ထက်တောင် သာနေပါတယ်။ ရမှတ်ကတော့ OnePlus 5 ထက် ၅% နည်းနေပါတယ်။

OnePlus 5T မှာ ကြိုက်တဲ့တစ်ချက်က Dash Charge ကိုထောက်ပံ့ပေးနိုင်တာပါ။ သူ့ရဲ့ Dash Charge ကတော့ တခြားအားသွင်းအမြန်စနစ်တွေမှာနဲ့ မတူပါဘူး။ တခြားသော အားသွင်းအမြန်ကြိုးတွေက ဗို့အားကိုမြှင့်ထားတာဖြစ်ပြီး သူကတော့ အမ်ပီယာ (A) ပမာဏကိုမြှင့်ထားတာဖြစ်ပါတယ်။  Dash Charge အားသွင်းကြိုး၊တုံး လေးက 5 Volts နဲ့ 4 amps(A) ဖြစ်ပါတယ်။ သူများနဲ့မတူတာကတော့ ဖုန်းကိုသုံးနေရင်းနဲ့တောင် အားအမြန်ပြည့်သွားတာပါ။ နောက်မိုက်တဲ့တစ်ချက်က Dash Charge က အားသွင်းအရမ်းမြန်လွန်းလို့ ကိုယ့်ဖုန်းကို တစ်ညလုံးအားသွင်းစရာထိ မလိုပါဘူး။ Dash Charge ရဲ့ အားသွင်းနှုန်းတွေကိုဖြော်ပပေးပါ့မယ်။

– 15 minutes _ 31%

– 30 minutes _ 59%

– 40 minutes _ 75%

– 1 hour _ 91%

– အား 75% ရောက်ပြီဆိုတာနဲ့ အားသွင်းတာစနှေးလာပါတယ်၊ 90% ရောက်ရင်ပိုနှေးလာပါတယ်။

– အားလုံးဝအပြည့်သွင်းဖို့ ၁နာရီ ၄၃ မိနစ်ကြာပါတယ်။

အားလုံးကို ခြုံကြည့်လိုက်ရင် OnePlus 5T က အားသွင်းတာမြန်တာရော ဘက်ထရီသက်တမ်းခံတာရောမှာ အရမ်းကောင်းတဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။

You may be interested

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ
FEATURES, gadgets, Smartwatches
0 shares0 views

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ

Ko Thuya - Dec 12, 2017

Fitness Tracker ခေါ် ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာပေးတဲ့ လက်ပတ်များဟာ သင့်ရဲ့ ကျန်းမာရေးကို စဉ်ဆက်မပြတ် စစ်ဆေးပေးနိုင်ပါတယ်။ သူတို့က သင့်ရဲ့ လမ်းလျှောက်တဲ့ ခြေလှမ်းများ ၊ ပြေးတဲ့ အကွာအဝေး ၊ နှလုံးခုန်နှုန်းများ၊ အိပ်စက်မှု အခြေအနေများကို တိုင်းတာပေးနိုင်ပါတယ်။ ဒီနှစ်ထဲမှာ…

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်
Audio & Video, NEWS, Softwares & Application
62 shares9 views

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်

Ko Thuya - Dec 12, 2017

Forbes က မကြာခင်က ၀င်ငွေ အကောင်းဆုံး YouTubers စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ သူတို့ဟာ ၂၀၁၆ ခုနှစ် ဇွန်လကနေ ၂၀၁၇ ခုနှစ် ဇွန်လအတွင်းမှာ ဒေါ်လာ ၁၂၇ သန်းကို ရှာဖွေနိုင်ခဲ့ပါတယ်။ အဲဒီစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတာက တစ်နှစ်အတွင်း…

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ
NEWS, Softwares & Application
73 shares9 views

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ

Nwe Oo - Dec 12, 2017

Apple platform ပေါ်မှာအခြေခံပြီးဖန်တီးထားသမျှ app တွေအကုန်လုံးကို pre-order လက်ခံနိုင်ဖို့ Apple က developer တွေကို ခွင့်ပြုလိုက်ပါပြီ။ MacStories က သိရသလောက်ဆိုရင် ဒီစည်းမျဉ်းက စတင်အကြုံးဝင်နေပြီဖြစ်ပြီး App Store မှာ တစ်ချို့ app တွေဆို…

Leave a Comment

Most from this category