367 Shares 113 Views

Huawei Nova 2S unboxing Video

Dec 07, 2017
367 113

ဟိုတလောကပဲ Huawei Nova 2S ရဲ့ ပုံလေးတွေထွက်လာလို့မဆုံးသေးဘူး အခုတော့ hands on ဗီဒီယိုအတိုလေးလည်း ထပ်ထွက်လာပြန်ပါပြီ။ တရားဝင်မိတ်ဆက်မှာက ဒီဇင်ဘာ ၇ရက်နေ့မှဖြစ်လို့ ခုဗီဒီယိုက unofficial လို့ဆိုလို့ရပေမယ့် ဘာပဲနေနေဖုန်းရဲ့ပုံစံကိုသိလိုက်ရတာကိုက အမြတ်ပါပဲ။ ဗီဒီယိုရဲ့အစမှာတော့ ဘူးဖွင့်၊ အားသွင်းခေါင်း အားသွင်းကြိုး၊ နားကြပ်စတာတွေကို တစ်ခုချင်းစီထုတ်ပြတာနဲ့စထားပါတယ်။

ဖုန်းက Android 8.0 Oreo ကို run ထားတာမို့ နောက်ဆုံးဗားရှင်းကိုသုံးရမှာပါ။ chip ကတော့ P10 တို့ Mate 9 တို့စတဲ့ flagship ဖုန်းတွေမှာသုံးထားတဲ့ Kirin 960 ကိုသုံးထားတာဖြစ်ပါတယ်။ RAM 6GB ဖြစ်လို့ Nova 2 ထက်မြင့်သွားပါပြီ။ Storage က 64GB ဖြစ်ပြီး system app တွေဖယ်လိုက်ရင် user အနေနဲ့ 48GB လောက်သုံးလို့ရမှာဖြစ်ပါတယ်။

အောက်ကထပ်ပြထားတဲ့ဗီဒီယိုမှာတော့ screen က 1080 × 2160 px resolution ရှိပြီး 18:9 အချိုးဖြစ်ပါတယ်။ screen ရဲ့ထိပ်ဖက်မှာတော့ 20MP+2MP ကင်မရာ၂လုံးပါပါတယ်။ နောက်ဘက်မှာတော့ 20MP + 16MP ကင်မရာ၂လုံးပါပါတယ်။ တရာညးဝင် spec အသေးစိတ်တွေကိုတော့ မနက်ဖြန်ထွက်လာတဲ့အချိန်ကျမှ ထပ်စောင့်ကြည့်ကြတာပေါ့။

You may be interested

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ
Apple, HUBS, Mobiles & Tablets
0 shares0 views

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ

Ko Thuya - Feb 20, 2018

  Apple က စာလုံးတစ်လုံးထဲဖြင့် iPhone များကို Crash ဖြစ်စေတဲ့ Bug ကို ပြုပြင်ပေးတဲ့  Update ကို ဖြန့်ချီပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းက အိန္ဒိယ ဘာသာစကား တီလူဂါမှ အက္ခရာတစ်ခုဟာ iPhone System နဲ့…

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ
Google, HUBS, NEWS
0 shares0 views

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ

Ko Thuya - Feb 20, 2018

  နည်းပညာ ဘီလူးကြီး Google က ဥာဏ်ရည်တု နည်းပညာကို ကဏ္ဍပေါင်းစုံမှာ အသုံးချဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီ အသစ်ဖန်တီးထားတနဲ့ AI Program က လူတွေရဲ့ မျက်လုံးမှ အဓိက အကြောင်းအရာများကို ရှာဖွေခြင်းဖြင့် နှလုံးရောဂါကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ လူသား …

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
181 shares521 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Leave a Comment

Most from this category