319 Shares 707 Views

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး လက်တော့များ

Dec 07, 2017
319 707

၂၀၁၇ ခုနှစ်မှာ စွမ်းဆောင်ရည်မြင့်မားတဲ့ လက်တော့များစွာ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီနေ့ခေတ်မှာ စမတ်ဖုန်း၊ တက်ဘလက်များဟာ အလွန် စွမ်းရည်မြင့်မားလာကြပေမယ့် အလုပ်ကိစ္စများအတွက်တော့ လက်တော့များကို မမှီနိုင်သေးပါဘူး။ အဲဒီအတွက် ယခုနှစ်ရဲ့ အကောင်းဆုံးလက်တော့များကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Dell XPS 13 (2017)

CPU: Intel Core i3 – i7 | Graphics: Intel HD Graphics 620 – Iris Plus Graphics 640 | RAM: 4GB – 16GB | Screen: 13.3-inch FHD (1,920 x 1,080) – QHD+ (3,200 x 1,800) | Storage: 128GB – 1TB SSD

Dell ရဲ့ ယခုနှစ်ထုတ် စွမ်းဆောင်ရည်မြင့် XPS 13 ကို အကောင်းဆုံး လက်တော့အဖြစ် ရွေးချယ်ပေးလိုက်ပါတယ်။ သူဟာ ပါးလွှာ ပေါ့ပါးပြီး အလွန် လျှင်မြန်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့ Intel Kaby Lake Processor ထည့်သွင်းထားပြီး i3 ကနေ i7 အထိ ရွေးချယ်နိုင်ပါတယ်။ မျက်နှာပြင်ဘေးဘောင်များက အလွန် ပါးလွှာပြီး Infinity Edge Display လို့ အမည်ပေးထားပါတယ်။ ၁၃.၃ လက်မ FHD Display က အရည်အသွေး အလွန် မြင့်မားပါတယ်။ ထိတွေ့မျက်နှာပြင်ကိုလည်း ရွေးချယ်နိုင်ပါတယ်။ ဘက်ထရီ သက်တမ်း အလွန် ကောင်းမွန်ပါတယ်။

၂။ Asus Zenbook UX310UA

CPU: Intel Core i3 – i5 | Graphics: Intel HD Graphics 620 | RAM: 8GB | Screen: 13.3-inch up to QHD+ (3,200 x 1,800) | Storage: 256GB SSD

သူဟာ Dell XPS 13 ထက် ဈေးနှုန်း အလွန် သက်သာပေမယ့် စွမ်းရည်ချင်း သိပ်မကွာပါဘူး။ ဒါပေမယ့် Dell XPS 13 လောက်တော့ ဒီဇိုင်း မလှပပါဘူး။ ဘက်ထရီ သက်တမ်းက သိပ်မကောင်းပါဘူး။ ဒါပေမယ့် အလူမီနီယမ် ကိုယ်ထည်နဲ့ သတ္တမမျိုးဆက် Kaby Lake Processor တို့ရဲ့ စွမ်းရည်က အလွန်ကောင်းမွန်ပါတယ်။ စကရင်အပိုင်းမှာ Full HD , QHD+ များကို ရွေးချယ်နိုင်ပါတယ်။

၃။ Lenovo Yoga Book

CPU: Intel Atom x5-Z8550 | Graphics: Intel Atom | RAM: 4GB | Screen: 10.1-inch full HD IPS touchscreen | Storage: 64GB SSD, up to 128GB microSD

တန်ဖိုးနည်း လက်တော့များထဲမှ စွမ်းရည်အမြင့်မားဆုံး လက်တော့ကို ပြပါဆိုရင်တော့ Lenovo Yoga Book ကို ညွှန်းရပါလိမ့်မယ်။ အခြား Yoga Device များလိုပဲ သူ့ရဲ့ စကရင်ကို ခေါက်ချိုးနိုင်တဲ့အတွက် လက်တော့လိုပါ သုံးနိုင်ပါတယ်။ Windows 10 နဲ့ Android နှစ်မျိုးကို ရွေးချယ်နိုင်ပါတယ်။ သူဟာ အလွန် ပါးလွှာ ပေါ့ပါးပြီး စကရင်က အလွန် ကောင်းမွန်ပါတယ်။ Intel Atom ကို သုံးထားတာကတော့ စွမ်းရည်နိမ့်ကျပြီး အခြေခံ အလုပ်များအတွက် အဆင်ပြေပါတယ်။

၎။ Apple Macbook Pro with Touch Bar

CPU: Dual-core Intel Core i5 – i7 | Graphics: Intel Iris Plus Graphics 640 – 650 | RAM: 8GB – 16GB | Screen: 13.3-inch, (2,560 x 1,600) IPS | Storage: 256GB – 1TB PCIe 3.0 SSD

သူဟာ Apple ရဲ့ နောက်ဆုံးထုတ် အကောင်းဆုံး လက်တော့ ဖြစ်ပါတယ်။ သူ့ရဲ့ ကီးဘုတ်အထက်မှာ အလုပ်များစွာ လုပ်ပေးနိုင်တဲ့ ပါးလွှာတဲ့ OLED Display တစ်ခု ရှိပါတယ်။ သူက စာရိုက်တဲ့အခါမှာ စကားလုံးများကို အကြံပြုပေးခြင်း၊ လက်ဗွေရာဖြင့် Login ၀င်နိုင်ဖို့ Touch ID ကို ပံ့ပိုးပေးခြင်းများကို ပြုလုပ်ပေးနိုင်ပါတယ်။ စွမ်းဆောင်ရည် အလွန်မြင့်မားတဲ့ Macbook Pro ဖြစ်ပါတယ်။ ဈေးနှုန်း အလွန် ကြီးမြင့်ပြီး ဘက်ထရီ သက်တမ်းက အားနည်းပါတယ်။

၅။ Microsoft Surface Book 2 (13.5 Inch)

CPU: Intel Core i5-7300U – Intel Core i7-8650U 1.9GHz | Graphics: Intel UHD Graphics 620; Nvidia GeForce GTX 1050 (2GB GDDR5 VRAM) | RAM: 8GB – 16GB | Screen: 3,000 x 2,000 (267 ppi) PixelSense display, 3:2 aspect ratio | Storage: 256GB – 1TB SSD

သူဟာ အလွန် စွမ်းဆောင်ရည်မြင့်မားတဲ့ 2 in 1 Laptop ဖြစ်ပါတယ်။ သူက နေ့စဉ် အလုပ်များ၊ ပေါ့ပါးတဲ့ ဂိမ်းများ၊ ဗီဒီယို တည်းဖြတ်ခြင်းများကို ကိုင်တွယ်နိုင်ပါတယ်။ တည်ဆောက်မှု အရည်အသွေးနဲ့ ဘက်ထရီ သက်တမ်းက အလွန်ကောင်းမွန်ပါတယ်။ ၁၅ လက်မ မော်ဒယ်ကတော့ ပိုမို စွမ်းဆောင်ရည်မြင့်မားပြီး ပိုမိုကြီးမားတဲ့ စကရင် ပါပါတယ်။

၆။ Microsoft Surface Pro

CPU: 7th Gen Intel Core m3; 7th Gen Intel Core i5 – i7 | Graphics: : Intel HD Graphics 615 – 620; Intel Iris Plus Graphics 640 | RAM: 4GB – 16GB | Screen: 12.3-inch (2,736 x 1,824) PixelSense Display | Storage: 128GB – 1TB SSD
Microsoft Surface Pro ဟာ အလွန် စွမ်းရည်မြင့်မားတဲ့ ထိတွေ့မျက်နှာပြင် လက်တော့ ဖြစ်ပါတယ်။ သူ့မှာ ကီးဘုတ်ကို ဖြုတ်၊ တပ်နိုင်တဲ့အတွက် လက်တော့လိုသာမက တက်ဘလက်လိုပါ သုံးနိုင်ပါတယ်။ သူနဲ့ တွဲဖက် သုံးနိုင်တဲ့ Surface Pen ကိုလည်း ထုတ်လုပ်ပေးထားပါတယ်။ ဘက်ထရီ သက်တမ်းကလည်း ယခင်မော်ဒယ်များထက် အလွန် တိုးတက်လာပါတယ်။ Surface Pen ရဲ့ စွမ်းရည်ကလည်း ပိုမို ကောင်းမွန်လာပါတယ်။ ဒါပေမယ့် Surface Pen ကို သီးခြား ၀ယ်ယူရပြီး ယခင်မော်ဒယ်များမှာတော့ ပူးတွဲ ရောင်းချပေးထားပါတယ်။ ဈေးကွက်ထဲမှာတော့ သူဟာ အကောင်းဆုံး Touchscreen Device ဖြစ်ပါတယ်။

Tech Radar ရဲ့ ယခုနှစ်ထုတ် အကောင်းဆုံး လက်တော့ စာရင်းထဲမှာ Asus ROG Zephyrus GX501 , Dell Inspiron 15 7000 Gaming , Asus Chromebook Flip , Acer Switch 3 , Google Pixelbook , Acer Swift 3 , Asus Transformer Mini T102HA , Dell XPS 15 တို့လည်း ပါဝင်ကြပါတယ်။

Ref : tech radar

You may be interested

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ
Apple, HUBS, Mobiles & Tablets
0 shares0 views

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ

Ko Thuya - Feb 20, 2018

  Apple က စာလုံးတစ်လုံးထဲဖြင့် iPhone များကို Crash ဖြစ်စေတဲ့ Bug ကို ပြုပြင်ပေးတဲ့  Update ကို ဖြန့်ချီပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းက အိန္ဒိယ ဘာသာစကား တီလူဂါမှ အက္ခရာတစ်ခုဟာ iPhone System နဲ့…

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ
Google, HUBS, NEWS
0 shares0 views

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ

Ko Thuya - Feb 20, 2018

  နည်းပညာ ဘီလူးကြီး Google က ဥာဏ်ရည်တု နည်းပညာကို ကဏ္ဍပေါင်းစုံမှာ အသုံးချဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီ အသစ်ဖန်တီးထားတနဲ့ AI Program က လူတွေရဲ့ မျက်လုံးမှ အဓိက အကြောင်းအရာများကို ရှာဖွေခြင်းဖြင့် နှလုံးရောဂါကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ လူသား …

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
181 shares521 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Leave a Comment

Most from this category