332 Shares 98 Views

2018 iPhone တွေထဲမှာ တစ်လုံးက 6.5 inch ဖြစ်မယ်လို့ သတင်းထွက်နေ

Dec 07, 2017
332 98

Apple iPhone X ကို ဝယ်ချင်ပေမယ့် ထိပ်ဖက်မှာပါနေတဲ့ အဟိုက်ကလေးကြောင့် မဝယ်ချင်ဘူး နောက်နှစ်မော်ဒယ်လ်ကိုစောင့်ကြည့်ချင်တယ်ဆိုရင်တော့ ငြိမ်နေရတော့မယ့်ကိန်းပါပဲ။ Business Insider က သတင်းအရဆိုရင်တော့ ၂၀၁၈ iPhone တွေအကုန်လုံးက ထိပ်ဖက်အဟိုက်အကုန်ပါမှာဖြစ်တယ်လို့ သိရပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ မော်ဒယ်လ်တစ်ခုက ကျန်တဲ့၂ခုလိုမျိုး OLED display ကိုမသုံးဘဲ edge-to-edge LCD screen ကိုသုံးမှာဖြစ်ပါတယ်။ အဲဒီတစ်လုံးကတော့ Face ID ရနိုင်မှာဖြစ်ပြီး ဈေးအသင့် $650-$900 ကြားဖြစ်လို့ mid-range ဈေးလို့ပြောလို့ရနိုင်ပါတယ်။ ကျောဘက်မှာတော့ ကင်မရာတစ်လုံးပဲပါမှာဖြစ်ပြီး Force Touch တော့ ပါဝင်လာမှာမဟုတ်တော့ပါဘူး။

နောက်နှစ်မှာထွက်မယ်လို့ခန့်မှန်းရတဲ့ ကျန်တဲ့ iPhone ၂လုံးကတော့ OLED display ဖြစ်မယ်ထင်ပါတယ်။ တစ်လုံးကတော့ 5.8-inch screen ဖြစ်ပြီး ဒီနှစ် iPhone X နဲ့တူမယ်ထင်ပါတယ်။ နောက်တစ်လုံးကတော့ 6.5-inch screen ဖြစ်ပြီး dual-SIM သုံးလို့ရမယ်လို့ သိရပါတယ်။ သိထားရတဲ့သတင်းတွေအရတော့ ကျောဘက်မှာ 3D sensor camera ကတော့ ၂၀၁၉ မတိုင်ခင်ထိတော့ ရနိုင်ဦးမှာမဟုတ်သေးပါဘူး။ ကျောဘက် 3D sensor ကတော့ TrueDepth Camera လိုပဲလုပ်ဆောင်ပေးမှာဖြစ်ပြီး AR အတွက် ခြေလှမ်းသစ် ပန်းတိုင်သစ်ဖြစ်အောင် ကူညီပေးနိုင်မှာပါ။

ဂျပန်လုံခြုံရေးအဖွဲ့အစည်း Nomura ကတော့ ဈေးနည်းသွားတဲ့ ၂၀၁၈ မော်ဒယ်လ်တွေကို Pegatron နဲ့ Wriston တို့က ထုတ်လုပ်တပ်ဆင်သွားနိုင်ချေရှိပြီး ပိုပြီး ဈေးကြီးတဲ့ဖုန်းမော်ဒယ်လ်တွေကိုတော့ Foxconn ကပဲ တပ်ဆင်ထုတ်လုပ်သွားမှာဖြစ်ကြောင်း သတင်းမှာဖော်ပြထားပါတယ်။ Foxconn က လက်ရှိမှာတော့ iPhone X တွေကို ထုတ်လုပ်ဖို့ Apple နဲ့စာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

ဒါပေမယ့် ဒါတွေအားလုံးက supply chain လုပ်ငန်းစဉ်မှာစစ်တမ်းကောက်ထားတဲ့ သတင်းတွေဖြစ်ပြီး iPhone အသစ်တွေနဲ့ ပတ်သတ်တဲ့ specs တွေ supplier တွေအကြောင်း အတိအကျကတော့ ၂၀၁၈ ပထမ၃လမတိုင်ခင်ထိတော့ ထွက်လာဦးမှာမဟုတ်သေးပါဘူး။ အပေါ်မှာဖော်ပြထားတဲ့အချက်တွေကလည်း အချိန်မရွေးပြောင်းလဲသွားနိုင်ပါတယ်။

Source : PhoneArena

You may be interested

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ
Apple, HUBS, Mobiles & Tablets
0 shares0 views

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ

Ko Thuya - Feb 20, 2018

  Apple က စာလုံးတစ်လုံးထဲဖြင့် iPhone များကို Crash ဖြစ်စေတဲ့ Bug ကို ပြုပြင်ပေးတဲ့  Update ကို ဖြန့်ချီပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းက အိန္ဒိယ ဘာသာစကား တီလူဂါမှ အက္ခရာတစ်ခုဟာ iPhone System နဲ့…

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ
Google, HUBS, NEWS
0 shares0 views

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ

Ko Thuya - Feb 20, 2018

  နည်းပညာ ဘီလူးကြီး Google က ဥာဏ်ရည်တု နည်းပညာကို ကဏ္ဍပေါင်းစုံမှာ အသုံးချဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီ အသစ်ဖန်တီးထားတနဲ့ AI Program က လူတွေရဲ့ မျက်လုံးမှ အဓိက အကြောင်းအရာများကို ရှာဖွေခြင်းဖြင့် နှလုံးရောဂါကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ လူသား …

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
181 shares521 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Leave a Comment

Most from this category