327 Shares 136 Views

Qualcomm Snapdragon 845 ရဲ့စွမ်းဆောင်နိုင်ရည်များ

Dec 07, 2017
327 136

ပြောထားတဲ့အတိုင်းပဲ Qualcomm ရဲ့ Tech Summit ပွဲပြီး ဒုတိယတစ်နေ့မှာတော့ အသစ်မိတ်ဆက်လိုက်တဲ့ Snapdragon 845 processor အကြောင်းကို ဖွင့်ချပြလိုက်ပါပြီ။ Qualcomm ရဲ့နောက်ဆုံးထွက် အကောင်းဆုံးဆိုတဲ့ chipset မှာ ဘယ်လိုနည်းပညာတွေပါမလဲဆိုတာ အရိုးရှင်းဆုံးပြောပြပေးသွားပါမယ်။

အရင် အမြင့်ပိုင်း Chipset တွေထက်တောင် Snapdragon 845 က စွမ်းရည် ၃၀%လောက်ပိုသာလာပါတယ်။ Graphics Processing Unit (GPU) အသစ်ဖြစ်တဲ့ Adreno 630 ကို သုံးထားတာကြောင့် အရင် chip တွေထက် ဂရပ်ဖစ်ပိုင်း၊ ဗီဒီယိုပိုင်းနဲ့ အားကုန်တာတွေကို လျှော့ချတဲ့နေရာ(စွမ်းအားချွေတာတဲ့နေရာ) မှာ ၃၀%လောက် ပိုတိုးတက်လာပါတယ။်

Qualcomm  Snapdragon 845 SoC (System-on-chip) မှာသုံးထားတာတွေက Kryo 385 CPU, Hexagon 685 DSP (Digital Signal Processor) , Spectra 280 ISP (Image Signal Processor), AQustic Audio နဲ့ ကုမ္ပဏီရဲ့အမြန်ဆုံး modem ဖြစ်တဲ့ X20 Gigabit LTE radio ကို သုံးထားတာဖြစ်ပါတယ်။

Modem ကတော့ Gigabit LTE network တွေကိုပေးနိုင်တော့မယ့် အမေရိကန်က carrier တွေအတွက် တော်တော်ကြီးအသုံးဝင်မှာပါ။ ဒီ modem ကတော့ အမြန်နှုန်းက 1.2Gbps ထိရှိပြီး dual SIM-dual VoLTE (voice over LTE)  ဖြစ်လို့ ဆင်းမ်ကဒ် ၂ကဒ်လုံးမှာ တပြိုင်နက် ဖုန်းဝင်ခေါ်လုပ်နိုင်မှာဖြစ်ပါတယ်။

Image feature တွေအတွက်ကတော့ Qualcomm Spectra 280 ISP ကိုသုံးထားလို့ “Ultra HD” တွေရိုက်ကူးနိုင်မှာပါ။ ဆိုချင်တာကတော့ 4K HDR ဗီဒီယိုတွေကို 60fps (frames per second) နဲ့တောင် ရိုက်ကူးပေးနိုင်မှာဖြစ်ပါတယ်။ ဒီ ISP ကြောင့်မို့ပဲ 480fps နဲ့ 720p ရှိတဲ့ HD (slow motion ) အနှေးဗီဒီယိုတွေကို ရိုက်ကူးနိုင်ဦးမှာပါ။

လုံခြုံရေးပိုင်းဆိုရင်လည်း Snapdragon 845 က ဘယ်လို အတည်ပြုစနစ်မျိုးမဆိုထောက်ပံ့ပေးနိုင်ပါတယ်။ ဥပမာ လက်ဗွေ၊ မျက်ဝန်း (iris သူငယ်အိမ်) ၊ အသံ၊ မျက်နှာ စတဲ့အမျိုးမျိုးသော အတည်ပြုစနစ်တွေအတွက် ထောက်ပံ့ပေးနိုင်ပါတယ်။

Kryo 385 processor က performance core လေးခန်းက 2.8GHz ဖြစ်လို့ အရင်ထက် ၂၅% ပိုမြန်စေပါတယ်။ efficiency core လေးခန်းကတော့ 1.8GHz မြန်နှုန်းဖြစ်သွားပါတယ်။ CPU ကိုတော့ 10nm FinFET နည်းပညာကိုသုံးထားပါတယ်။

အသံပိုင်းမှာလည်း wake-word , playback တွေနဲ့ အသံသွင်းတဲ့ record feature တွေမှာ ပိုပြီးကောင်းလာပါတယ်။

Qualcomm ပြောထားတဲ့အတိုင်းဆိုရင်တော့ Snapdragon 845 ကို ၂၀၁၈ အစောပိုင်းမှာထွက်ရှိလာမယ့်ဖုန်းတွေမှာ စသုံးသွားမယ်လို့ သိရပါတယ်။ Samsung, Xiaomi, LG, HTC နဲ့ Sony တို့ကတော့ ဒီ chipset အသစ်တွေကို ပထမဆုံးသုံးရမယ့် ကုမ္ပဏီတွေဖြစ်လာဦးမှာပါ။

Source : PhoneArena

You may be interested

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google
Google, HUBS, NEWS
0 shares0 views

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google

Ko Thuya - Nov 16, 2018

ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း လာမယ့်နှစ်မှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ
Facebook, HUBS, Mobiles & Tablets
163 shares57 views

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ

Ko Thuya - Nov 16, 2018

Facebook က မက်ဆင်ဂျာမှာ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်နိုင်တဲ့ လုပ်ဆောင်ချက်ကို စမ်းသပ်နေခဲ့ပါတယ်။ အခုတော့ ဒီလုပ်ဆောင်ချက်ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပေးလိုက်ပါတယ်။ အရင်ကတော့ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်ရင် သင့်ဘက်ခြမ်းမှာသာ ပျက်သွားတာ ဖြစ်ပြီး လက်ခံရရှိသူရဲ့ ဘက်ခြမ်းမှာ ကျန်နေပါတယ်။ အခုတော့…

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ
Android, HUBS, Mobiles & Tablets
120 shares14 views

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ

Ko Thuya - Nov 16, 2018

ဆမ်ဆောင်းက One UI ပါတဲ့ Android 9.0 Pie ကို Galaxy S9 နဲ့ S9+ အတွက် ဖြန့်ချီပေးလိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားမှ User များ ရရှိနေပါပြီ။ Android Pie အခြေပြု ဆမ်ဆောင်းရဲ့…

Leave a Comment

Most from this category