429 Shares 328 Views

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး တက်ဘလက်များ

Dec 07, 2017
429 328

ဒီနေ့ခေတ်ရဲ့ အကောင်းဆုံး တက်ဘလက်များမှာ သူနဲ့ တွဲဖက် အသုံးပြုနိုင်တဲ့ ကီးဘုတ်များကို ထည့်သွင်းပေးလာကြပါတယ်။ အဲဒီအတွက် တက်ဘလက်လိုသာမက လက်တော့တစ်လုံးလိုတောင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တက်ဘလက်များရဲ့ စွမ်းရည်၊ ဘက်ထရီ သက်တမ်း၊ စကရင် အရည်အသွေးနဲ့ ဈေးနှုန်းများကို အခြေခံ၍ ယခုနှစ်ရဲ့ အကောင်းဆုံး တက်ဘလက်များကို ဖော်ပြပေးလိုက်ပါတယ်။

၁။ New iPad (2017)


Weight: 469g | Dimensions: 240 x 169.5 x 7.5 mm | OS: iOS 11 | Screen size: 9.7-inch | Resolution: 1536 x 2048 pixels | CPU: A9 | RAM: 2GB | Storage: 32GB/128GB | microSD slot: No | Battery: approx 8,800mAh | Rear camera: 8MP | Front camera: 1.2MP

ယခုနှစ်ရဲ့ အကောင်းဆုံး တက်ဘလက်အဖြစ် ၉.၇ လက်မ အရွယ် iPad (2017) ကို ရွေးချယ်ပေးလိုက်ပါတယ်။ သူ့မှာ စွမ်းဆောင်ရည်မြင့် A9 Processor ထည့်သွင်းထားပြီး သက်သာတဲ့ ဈေးနှုန်းကြောင့် ဒီနေရာနဲ့ ထိုက်တန်ပါတယ်။ သူဟာ ယခင်မျိုးဆက်များထက် များစွာ မပြောင်းလဲထားပေမယ့် Processor ကို အဆင့်မြှင့်ထားတာက အဓိက အချက်ပါ။ နောက်ထပ် အဓိက အချက်က ဈေးနှုန်းပါ။ သူဟာ ယခင်မျိုးဆက်ထက်တောင် ဈေးသက်သာပါတယ်။ သူ့အတွက် 16GB Model တော့မရှိဘဲ 32GB Model ကိုသာ ထုတ်လုပ်ပေးထားပါတယ်။

၂။ iPad Pro 10.5

Weight: 469g | Dimensions: 250.6 x 174.1 x 6.1 mm | OS: iOS 11 | Screen size: 10.5-inch | Resolution: 1668 x 2224 pixels | CPU: A10X | RAM: 4GB | Storage: 32GB/256GB/512GB | microSD slot: No | Battery: TBC | Rear camera: 12MP | Front camera: 7MP

iPad Pro 10.5 ဟာ iPad (2017) ထက် အရွယ်ကြီးမားသလို တန်ဖိုးလည်း ကြီးမားပါတယ်။ စွမ်းဆောင်ရည်မြင့် အရွယ်ကြီး တက်ဘလက်လိုချင်သူများအတွက် သူက အကောင်းဆုံးပါ။ စပီကာများက အရည်အသွေးမြင့်မားပါတယ်။ သူနဲ့ တွဲဖက် သုံးဖို့အတွက် Apple Pencil နဲ့ စမတ်ကီးဘုတ်ကို ထုတ်လုပ်ပေးထားပါတယ်။ မျက်နှာပြင်ဘေးဘောင်များက ပါးလွှာ လှပပါတယ်။ ပရော်ဖက်ရှင်နယ်များနဲ့ ရုပ်ရှင်၊ ဗီဒီယို၊ သီချင်းစတဲ့ ဖျော်ဖြေရေးများကို နှစ်သက်သူများအတွက် သင့်တော်ပါတယ်။

၃။ Samsung Galaxy Tab S3

Weight: 429g | Dimensions: 237.3 x 169 x 6mm | OS: Android 7 | Screen size: 9.7-inch | Resolution: 1536 x 2048 | CPU: Snapdragon 820 | RAM: 4GB | Storage: 32GB | Battery: 6,000mAh | Rear camera: 13MP | Front camera: 5MP

သူဟာ အကောင်းဆုံး Android Tablet ဖြစ်ပါတယ်။ ဒီဇိုင်းက ခန့်ညားပြီး iPad Pro လိုပဲ ကီးဘုတ်နဲ့ ဒစ်ဂျစ်တယ် ဘောပင်ပါပါတယ်။ HDR Display က အလွန် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်များကို ပံ့ပိုးပေးနိုင်ပါတယ်။ ဒါပေမယ့် ဈေးနှုန်းကြီးမြင့်ပြီး ကီးဘုတ်ကို သီးခြား ၀ယ်ယူရမှာပါ။

၎။ Asus ZenPad 3S 10

Weight: 430g | Dimensions: 240.5 x 163.7 x 7.2 mm | OS: Android 7 Nougat | Screen size: 9.7-inch | Resolution: 1536 x 2048 | CPU: Mediatek MT8176 | RAM: 4GB | Storage: 32GB/64GB | Battery: up to 10 hours | Rear camera: 8MP | Front camera: 5MP

သူဟာ iPad နဲ့ ဒီဇိုင်း ဆင်တူသလို Apple တက်ဘလက်များကို တိုက်ရိုက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားပါတယ်။ စကရင်ဟာ အလွန် တောက်ပ ကြည်လင်ပြတ်သားပါတယ်။ စွမ်းဆောင်ရည်ကလည်း အလွန် မြင့်မားပါတယ်။ ဘက်ထရီ သက်တမ်းနဲ့ တည်ဆောက်မှု အရည်အသွေးကတော့ Apple တက်ဘလက်များကို မမှီပါဘူး။ ဒါပေမယ့် ဈေးနှုန်းကတော့ iPad များထက် အလွန် သက်သာနေပါတယ်။

၅။ Google Pixel C

Weight: 517g | Dimensions: 242 x 179 x 7mm | OS: Android Nougat | Screen size: 10.2-inch | Resolution: 2560 x 1800 | CPU: Tegra X1 | RAM: 3GB | Storage: 32GB/64GB | Battery: up to 10 hours | Rear camera: 8MP | Front camera: 2MP

Google Pixel C ဟာ အကောင်းဆုံး Android တက်ဘလက်များထဲမှ တစ်လုံး ဖြစ်ပါတယ်။ သူ့မှာ အလွန်ကောင်းမွန်တဲ့ မျက်နှာပြင်၊ စွမ်းရည်နဲ့ ဒီဇိုင်းတို့ကို အချိုးကျပေါင်းစပ်ထားပါတယ်။ သူနဲ့ တွဲဖက်အသုံးပြုဖို့ ကီးဘုတ်လည်း ထုတ်လုပ်ပေးထားတဲ့အတွက် လက်တော့လိုပါ သုံးနိုင်ပါတယ်။ နောက်ဆုံးထုတ် Android OS များကို အစောဆုံး ရရှိမှာပါ။

၆။ Microsoft Surface Pro 4

Weight: 766g/786g | Dimensions: 292.10 x 201.42 x 8.45mm | OS: Windows 10 Pro | Screen size: 12.3-inch | Resolution: 2,736 x 1,824 | CPU: Various | RAM: 4GB/8GB/16GB | Storage: 128GB | Battery: up to 9 hours | Rear camera: 8MP | Front camera: 5MP

တက်ဘလက်များဟာ လက်တော့များကို အစားထိုးနိုင်တော့မလားဆိုတဲ့ မေးခွန်းများ ရှိနေပါတယ်။ လက်တော့ကို အစားထိုးပေးနိုင်တဲ့ အကောင်းဆုံး တက်ဘလက်ကတော့ Microsoft Surface Pro 4 ဖြစ်ပါတယ်။ သူ့မှာ စွမ်းဆောင်ရည်မြင့် Windows 10 ထည့်သွင်းထားပြီး ကီးဘုတ် တပ်ဆင် သုံးနိုင်ပါတယ်။ အလုပ်ကိစ္စများ၊ ကျောင်းသားများနဲ့ လူတိုင်းအတွက် သင့်တော်ပါတယ်။ အကောင်းဆုံး ၀င်းဒိုး လက်တော့တစ်လုံးလည်း ဖြစ်ပါတယ်။

Tech Radar ရဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး တက်ဘလက်စာရင်းထဲမှာ iPad Pro 12.9 , iPad mini 4 , iPad Pro 9.7 , iPad mini 2 များလည်း ပါဝင်တဲ့အတွက် အများစုဟာ iPad များဖြစ်နေတာကို တွေ့ရပါတယ်။

Ref : tech radar

You may be interested

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ
NEWS
732 shares236 views

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ မြန်မာနိုင်ငံအကြောင်း ချီးကျူးပြောဆိုမှုကြောင့် ဝေဖန်ခံနေရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်နေတဲ့ မြန်မာနိုင်ငံကို လည်ပတ်ဖို့ အကောင်းဆုံးနေရာတခု ဖြစ်ကြောင်း Jack Dorsey က တနင်္ဂနွေနေ့မှာ ရေးသားခဲ့အပြီးမှာ ဝေဖန်ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ
HUBS, Mobiles & Tablets, NEWS
143 shares51 views

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ

Ko Thuya - Dec 10, 2018

ZTE က မကြာခင်ကပဲ မျက်နှာပြင် နှစ်ခု ပါတဲ့ Nubia X ကို ကြေညာခဲ့ပါတယ်။ သူ့အတွက် 64 or 256GB များ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ မိတ်ဆက်ပေးလာတဲ့ high-end R series အသစ် OPPO R17 Pro ကိုတော့ (၈၉၉,၉၀၀) ကျပ်ဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ ကစပြီး…

Leave a Comment

Most from this category