362 Shares 166 Views

Apple မပါဘဲရှေ့ဆက်သွားတော့မယ့် Qualcomm

Dec 07, 2017
362 166

ပြီးခဲ့တဲ့အောက်တိုဘာလက Apple နဲ့ Qualcomm ကြား အမျိုးမျိုးသော တရားရင်ဆိုင်မှုတွေဖြစ်နေတဲ့အချိန်မှာပဲ Apple အနေနဲ့ နောက်ထွက်မယ့် ၂၀၁၈ iPhone မော်ဒယ်လ်တွေအတွက် Qualcomm ရဲ့ modem chip တွေကို မသုံးတော့ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ ခုချိန်ထိတော့ Apple iPhone 8, iPhone 8 Plus နဲ့ iPhone X တို့ရဲ့ CDMA ဗားရှင်းဖုန်းတွေအတွက်တော့ Qualcomm ရဲ့ Snapdragon X16 chip တွေကို ဆက်သုံးနေဆဲပဲဖြစ်ပါတယ်။ ဒါပေမယ့် GSM မော်ဒယ်လ်တွေမျာတော့ Intel XMM 7480 ကိုသုံးထားပါတယ်။ ဒါဟာ Apple အနေနဲ့ Qualcomm နေရာအစား MediaTek ဖက်ကိုပဲ ခြေဦးလှည့်တော့မယ့် အရိပ်အယောင်ပါပဲ။

Broadcom ကလည်း Qualcomm ကို ဝယ်ဖို့ကြိုးစားနေတာဆိုတော့ Qualcomm အနေနဲ့ ရှေ့ဆက်မယ့်ခရီးမှာ Apple မပါဘဲသွားဖို့အဆင်သင့်ဖြစ်နေပြီလားဆိုတာတော့ မေးခွန်းထုတ်စရာပါ။ အခုဆို တရုတ်မှာလည်း နည်းပညာဈေးကွက်ကတော်တော်ကြီးတက်လာ၊ Samsung တို့လို စမတ်ဖုန်းကုမ္ပဏီတွေကလည်း တိုးတက်လာ၊ 5G မကြာခင်ထွက်လာတော့မယ့် ကိစ္စတွေအပြင် မိုဘိုင်းလ်လောကမှာ တခြားသောတိုးတက်မှုတွေလည်း အများကြီးဖြစ်လာပါပြီ။

လွန်ခဲ့တဲ့ ၂နှစ်ကဆိုရင် Apple က iPhone တွေမှာသုံးမယ့် modem chip တွေအတွက် Qualcomm ရော Intel ဆီကပါ သုံးခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကတော့ Qualcomm ရဲ့ CDMA Technologies က တော်တော်ကြီးတိုးတက်နေခဲ့တဲ့အချိန်ပါ။ အခုကိစ္စမှာတော့ တရားတဘောင်ရင်ဆိုင်တာတွေအပြင် Broadcom ကလည်း ဝယ်ယူဖို့ကြိုးစားနေတာကြောင့် Apple က Qualcomm ကို supplier နေရာက ဖြုတ်ချလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် နောက်ဖြစ်နိုင်တာက Huawei , Apple နဲ့ Samsung တို့လို ကုမ္ပဏီကြီးတွေက သူတို့ကိုယ်ပိုင် chip ပြားတွေကို ထုတ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

တရုတ်မှာ စမတ်ဖုန်းကုမ္ပဏီလေးတွေကလည်း တိုးတက်လာကြတာကြောင့် Qualcomm က သူတို့နဲ့လည်း လက်တွဲဖို့အပြင် Windows laptop တွေမှာလည်း Snapdragon chip တွေကိုသုံးဖို့ ခြေလှမ်းစနေပြီဖြစ်ပါတယ်။ နောက်ပြီး 5G chip တွေကိုမစခင် 4G ကိုလည်း တစ်ဆင့်ထပ်မြှင့်ဦးမှာဖြစ်ကြောင်း ပြောခဲ့ပါသေးတယ်။

Qualcomm က Apple မရှိဘဲရှေ့ဆက်သွားနိုင်ပါ့မလားလို့မေးလာရင်တော့ သေချာပေါက်ကိုကောင်းကောင်းရှေ့ဆက်သွားနိုင်မယ်လို့ ဖြေရမှာပါပဲ။

You may be interested

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google
Google, HUBS, NEWS
0 shares0 views

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google

Ko Thuya - Nov 16, 2018

ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း လာမယ့်နှစ်မှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ
Facebook, HUBS, Mobiles & Tablets
163 shares57 views

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ

Ko Thuya - Nov 16, 2018

Facebook က မက်ဆင်ဂျာမှာ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်နိုင်တဲ့ လုပ်ဆောင်ချက်ကို စမ်းသပ်နေခဲ့ပါတယ်။ အခုတော့ ဒီလုပ်ဆောင်ချက်ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပေးလိုက်ပါတယ်။ အရင်ကတော့ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်ရင် သင့်ဘက်ခြမ်းမှာသာ ပျက်သွားတာ ဖြစ်ပြီး လက်ခံရရှိသူရဲ့ ဘက်ခြမ်းမှာ ကျန်နေပါတယ်။ အခုတော့…

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ
Android, HUBS, Mobiles & Tablets
120 shares14 views

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ

Ko Thuya - Nov 16, 2018

ဆမ်ဆောင်းက One UI ပါတဲ့ Android 9.0 Pie ကို Galaxy S9 နဲ့ S9+ အတွက် ဖြန့်ချီပေးလိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားမှ User များ ရရှိနေပါပြီ။ Android Pie အခြေပြု ဆမ်ဆောင်းရဲ့…

Leave a Comment

Most from this category