16 Shares 1188 Views

ဖုန်းအသစ်ဝယ်မယ်ဆိုရင် ထည့်စဉ်းစားရတော့မယ့် ASUS Zenfone 4 စမတ်ဖုန်းသစ် (FULL REVIEW)

Dec 07, 2017
16 1188

<အခုနောက်ပိုင်းအပြိုင်အဆိုင်ဖြစ်နေတဲ့ စမတ်ဖုန်းတိုက်ပွဲမှာ ASUS လည်းတဖြည်းဖြည်းနေရာရလာနေပြီလို့ ဆိုရတော့မှာပါပဲ။ ဆိုချင်တာကအခုထွက်မယ့် Zenfone 4 မှာဆိုအမြင့်ပိုင်း feature တွေပါဝင်လာတာကိုတွေ့ရတဲ့အတွက် mid-range ဖုန်းချင်းယှဉ်လိုက်ရင် သူ့အတွက်အားသာချက်တစ်ခုဖြစ်နေမလားမပြောနိုင်ပါဘူး။

စမ်းကြည့်ရသလောက်ကတော့ Zenfone 4 မှာကင်မရာဦးစားပေးထားတာရယ်၊ ဘက်ထရီပိုများလာတာရယ်နဲ့ နောက်ဆုံးပေါ် spec တွေကိုသုံးထားတာတွေကတော့ high-end ဖုန်းတွေကိုသုံးရသလိုမျိုးစိတ်တိုင်းကျပေမယ့် ခုနောက်ပိုင်းဖုန်းတွေလို edge-to-edge display မဖြစ်သေးတာရယ်၊ processor ကိုလည်းအလယ်အလတ်လောက်ပဲသုံးထားတာရယ်နဲ့ ရေစိုမခံနိုင်တာလေးတွေတော့ ရှိနေပါသေးတယ်။ ဒါပေမယ့်လည်း mid-range ဖုန်းလို့ ဆိုတဲ့အတွက်ကြောင့် ဒါတွေမပါသေးတာကိစ္စမရှိသေးပါဘူး။ ဒါဆိုစပြောကြည့်လိုက်ရအောင်…

ဒီဇိုင်းနဲ့ တည်ဆောက်ပုံ

ဖုန်းရဲ့ ဒီဇိုင်းပိုင်းကိုပြောရရင်တော့ display က ၅.၅လက်မအရွယ် Full HD Super IPS+ LCD display (1920×1080 pixels) ကိုသုံးထားတဲ့အတွက် AMOLED display တွေလောက်တော့ နက်မှောင်မနေပေမယ့် ကြည့်လိုက်ရင်တော့ တော်တော်လေးစွဲဆောင်မှု ရှိနေပါတယ်။ brightness ကို 600nit ထိပေးထားတာဖြစ်လို့ နေရောင်ထဲမှာသုံးကြည့်တော့လည်းကောင်းကောင်းမြင်ရတဲ့အတွက် အဆင်ပြေပါတယ်။ glove touch support လို့ပြောထားလို့ ကြားထဲကအဝတ်တစ်ခုခုခံပြီးသုံးကြည့်တော့လည်းအေးဆေးပါပဲ။

ဖုန်းရဲ့ရှေ့ဘက်နဲ့ နောက်ကျောဘက်ကိုတော့ သာမန်ပွန်းတာရှတာလောက်ကိုခံနိုင်ရည်ရှိတဲ့ Gorilla Glass နဲ့ပြုလုပ်ထားပြီးတော့ ဘေးဘောင်တွေကိုအလူမီနီယမ်နဲ့ ကွပ်ထားပါတယ်။ ဖန်ဖြစ်သွားတော့ လက်ထဲမှာကိုင်ထားရင် ချောထွက်နိုင်လို့ ရာဘာဖုန်းကာဗာလေးတစ်ခုလည်းထည့်ပေးထားပါသေးတယ်။

ဖုန်းရဲ့အရှေ့ဘက်မှာတော့ home-button နဲ့ နောက်မှာ dual-camera, LED flash တွေပါပါမယ်။ Home button မှာ fingerprint sensor ကိုထည့်သွင်းထားပြီး အသုံးပြုတဲ့အချိန်မှာလည်း ပိုပြီး မြန်ဆန် တိကျလာတာကို တွေ့ရပါတယ်။ဘယ်ဘက်မှာ SIM slot, ညာဘက်မှာပါဝါခလုတ် အသံခလုတ်တွေနဲ့ အောက်မှာတော့ စပီကာ၊ USB-C အားသွင်းပေါက်နဲ့ 3.5mm နားကြပ်ပေါက်တွေရှိပါမယ်။ နောက်ဘက်အခြမ်းကို ကြည့်လိုက်ရင်တော့ ASUS ဆိုတဲ့တံဆိပ်နေရာလေးကနေရောင်ပြန်တွေထည့်ပေးထားလို့ လက်ထဲမှာကိုင်ထားရင် ရောင်ပြန်ထွက်နေတာလေးကိုတော့ သဘောကျမိသလိုပါပဲ။

နောက်ပြီးရေစိုခံနိုင်တာက high-end ဖုန်းတွေမှာသာတော်တော်များများရနိုင်တာမို့ mid-range ဖုန်းတစ်လုံးအနေနဲ့ IP rating မရသေးတာတော့ သိပ်မဆန်းဘူးလို့ ဆိုရမှာပါ။

ကင်မရာနဲ့ ဗီဒီယို

ဒီ Zenfone 4 တွေကကင်မရာပိုင်းကိုပိုပြီးအသားပေးထားတယ်လို့တော့ ပြောလို့ရပါတယ်။ နောက်ဘက် dual-camera မှာဆို main-camera က Sony ရဲ့ နောက်ဆုံးထွက် IMX362 image sensor ကိုသုံးထားတာကြောင့် focus အရမ်းမြန်တယ်လို့ ဆိုထားပါတယ်။ auto-focus 0.03 sec လို့ဆိုထားတဲ့အတိုင်းဓာတ်ပုံရိုက်ကြည့်လိုက်တော့ focus တော်တော်လေးမြန်တာကို တွေ့ရပါတယ်။ မြင်ကွင်းကျယ်ကင်မရာကတော့ ၁၂၀ံရှိပြီးတော့ 5x brighter , clearer လို့ဆိုတဲ့အတိုင်းအလင်းရောင်အားနည်းတဲ့နေရာမျိုးမှာရိုက်ကြည့်တဲ့အခါ တောက်ပ ပြတ်သားတဲ့ပုံတွေထွက်ပါတယ်။ low-light မှာတော့ main-camera ထက် မြင်ကွင်းကျယ်ကင်မရာသုံးတာကပဲပိုအဆင်ပြေပါလိမ့်မယ်။ သူ့ရဲ့ low-light မှာရိုက်ကူးနိုင်စွမ်းကတခြား mid-range ဖုန်းတွေထက်တော့ ပိုကြည်ပိုလင်းနေတာကိုကိုယ်တိုင်စမ်းကြည့်ရင် သိလာမှာပါ။

Resolution တွေကတော့ main-camera က 12MP, wide-angle ကင်မရာနဲ့ ရှေ့ဘက်ဆယ်လ်ဖီကင်မရာကတော့ 8MP ရှိပါမယ်။ ဆိုတော့ wide-angle ကင်မရာနဲ့ရိုက်ရင်တော့ main ကင်မရာလောက်တော့ resolution ကောင်းမှာမဟုတ်ပါဘူး။ ဒါပေမယ့် Zenfone 4 မှာ ကင်မရာ၂လုံးလုံးရဲ့ resolution က အခုနောက်ပိုင်းအမြင့်ပိုင်းဖုန်းတွေလောက်နီးနီးကောင်းတာကြောင့် ပြောရရင် ဒီဈေးနဲ့ရနိုင်တဲ့ထဲမှာအကောင်းဆုံးကင်မရာဖုန်းလို့တော့ ပြောလို့ရပါတယ်။

Pro mode ကတော့ သုံးတတ်ရင်သုံးတတ်သလိုပုံကောင်းကောင်းတွေထွက်အောင် ရိုက်လို့ရပါတယ်။ နောက်ပြီးဖုန်းမှာထည့်သွင်းပေးထားတဲ့ SelfieMaster app နဲ့ဆိုရင်လည်း mode အမျိုးမျိုးနဲ့ရိုက်ကြည့်တဲ့အခါ ဆယ်လ်ဖီပုံလှလှလေးတွေထွက်တာကြောင့် မိန်းကလေးတွေသဘောကျလောက်မယ်ထင်ပါတယ်။

နောက်တစ်ခုကဗီဒီယိုပါ။ 4K ဗီဒီယိုတွေဆိုတာအမြင့်ပိုင်းဖုန်းတွေတော်တော်များများမှာပဲရိုက်ကူးနိုင်တဲ့ feature တစ်ခုဖြစ်တာကြောင့် ဒီ mid-range level နဲ့ ရုပ်ထွက်ကြည်လင်တဲ့ UHD 4K ဗီဒီယိုတွေရိုက်ကူးနိုင်တယ်ဆိုတော့ video-crazy တွေအတွက် အကြိုက်တွေ့လောက်မယ်ထင်ပါတယ်။ နောက်ပြီး ဖုန်းရဲ့ Optical Image Stabilization (OIS) က လက်မငြိမ်တဲ့အချိန်မျိုးမှာ ရိုက်လိုက်ရင်တောင် ပုံတွေဝါးသွားတာမျိုးမရှိဘဲ low-light မှာရိုက်ကြည့်တဲ့အခါမှာလည်း တော်တော်အဆင်ပြေနေပါတယ။် ဗီဒီယိုတွေကိုလည်း လက်မငြိမ်တဲ့အခါမျိုးမှာ ရိုက်ရင် steady ဖြစ်အောင် ငြိမ်အောင်လို့ Electronic Image Stabilization(EIS) ကိုသုံးပေးထားပါတယ်။

Network and Connectivity

Zenfone 4 မှာ SIM card ၂ကဒ်ထိုးဖြစ်ပြီး SD ကဒ်ထည့်သုံးချင်ရင်တော့ ဒုတိယတစ်ကဒ်နေရာမှာ SIM ကဒ်ဖယ်ပြီး ထည့်လို့ရပါတယ်။ SD ကဒ်ကတော့ 256GB ထိတောင် ထပ်စိုက်လို့ရပါတယ်။ 4G ၂ကဒ်တော့ ပြိုင်သုံးလို့ရမှာမဟုတ်ဘဲ 4G တစ်ကဒ် 3G တစ်ကဒ်ပဲသုံးလို့ရပါမယ်။ မြန်နှုန်းအနေနဲ့ကတော့ Qualcomm X12 LTE modem ကိုသုံးထားတာကြောင့် down-speed 600Mb/s , upload speed 100Mb/s ရှိမယ်လို့ ဆိုထားပါတယ်။ အမြန်နှုန်းကတော့ မဆိုးဘူးလို့ ဆိုရမှာပါပဲ။ Wi-Fi ကလည်း dual-bandwidth ကိုသုံးထားတာကြောင့် လိုင်းဆွဲအားလည်း ကောင်းတာကို တွေ့ရမှာပါ။

Bluetooth အမြန်နှုန်းကလည်း အရင်ဗားရှင်းတွေနဲ့ ယှဉ်လိုက်ရင်တော့ တော်တော်လေးမြန်လာတာကို တွေ့ရပါတယ်။

နောက်တစ်ခုက အသံပိုင်းပါ။ Zenfone 4 မှာတော့ mid-range ဖုန်းတွေမှာပါခဲတဲ့ Hi-res audio ရော DTS Headphone:X ကိုပါထောက်ပံ့ပေးထားလို့ အသံထွက်ကြည်လင်ပြီး resolution မြင့်တာက သိသာပါတယ်။ dual-speaker ဖြစ်လို့ သီချင်းနားထောင်တဲ့အခါ အရင်ထက်ပိုကျယ်ပါတယ်။ ကိုယ်နားထောင်နေတဲ့သံစဉ်တွေကို tune အမျိုးမျိုးနဲ့ညှိလို့ရအောင်လို့ AudioWizard ဆိုတဲ့ ဆော့ဖ်ဝဲလ်လေးလည်း bulilt-in ပါဝင်လာတာကြောင့် အားလုံးက အဆင်သင့်ဆိုသလိုပါပဲ။

Performance

Zenfone 4 မှာတော့ GPU ကို Adreno 512 သုံးထားပါတယ်။ အပေါ်မှာပြောခဲ့တဲ့အတိုင်း ပရိုဆက်ဆာကို clock-speed 2.2GHz ရှိတဲ့ mid-range ပဲဖြစ်သေးတဲ့ Snapdragon 630 octa-core ပရိုဆက်ဆာကိုပဲ သုံးထားတာဟုတ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ mid-range ပရိုဆက်ဆာက 14nm process နဲ့ထုတ်လုပ်ထားတာကြောင့် အမြင့်ပိုင်း flagship ဖုန်းတွေမှာသုံးထားတဲ့ 800 series ပရိုဆက်ဆာတွေနဲ့ performance က အတူတူလောက်သွားကျပါတယ်။ benchmark ရလဒ်တွေမှာတော့ high-end ပရိုဆက်ဆာတွေလောက် အမှတ်မများပေမယ့် တကယ်သုံးကြည့်တဲ့မှာ အဲ့လောက်ကွာမသွားပါဘူး။ ဒါ အရမ်းကြီးတဲ့ ဟဲဗီးဂိမ်းတွေကို ဆော့ကြည့်ရင် သိပ်မကွာတာ တွေ့ပါလိမ့်မယ်။ တော်တော်များများ mid-range ဖုန်းတွေမှာတော့ 400 စီးရီးလောက်နဲ့ RAM 3GB 4GB ပတ်ချာလည်လောက်ပဲ ရှိကြသေးတာကြောင့် အခုဒီဈေးနှုန်းနဲ့ processor ကောင်းကောင်း RAM 6GB , internal storage 64GB ဆိုတာ နည်းတဲ့ပမာဏတော့မဟုတ်ပါဘူး။

ဘက်ထရီကိုကြည့်ရင်တော့ 3300mAh ဖြစ်လို့ တစ်နေ့တာလောက်ကိုတော့ ကောင်းကောင်းကြီးအသုံးခံပါတယ်။ အားသွင်းအမြန်စနစ်လည်း ပါလာတာကို တွေ့ရပါတယ်။ ကိုယ်က ၂ရက် ၃ရက်လောက်ထိ အားခံချင်တယ်ဆိုရင်တော့ ASUS ထဲမှာပဲ ဘက်ထရီပမာဏ အရမ်းများတဲ့ နောက်ထပ်ဖုန်းတွေရှိပါသေးတယ်။ Zenfone 4 မှာတော့ နေ့စဉ်သုံးအတွက် မဆိုးဘူးလို့ ဆိုရမယ့် ဘက်ထရီပမာဏပါ။

Software

Zenfone 4 မှာတော့ Android 7.0 Nougat ကို ZenUI 4.0 ပေါ်မှာ run ထားပါတယ်။ အရင် ZenUI 3 နဲ့မတူတော့တာက 4.0 မှာ built-in အများကြီးမပါတော့ဘဲ လိုအပ်တာတွေလောက်ကိုသာထည့်ပေးထားပါတယ်။ နောက်အားသာချက်တစ်ခုကတော့ app တွေကို ၂ခုခွဲသုံးလို့ရမယ့် Twin Apps feature ပါ။ ၂ခုတစ်ပြိုင်တည်းသုံးချင်တယ်ဆိုတဲ့သူတွေတော့ အကြိုက်တွေ့ကြမှာပါ။

Price and Availability

ကင်မရာပိုင်းအသားပေးထားတဲ့အပြင် အသံပိုင်းမှာပါ အားထည့်ထားတာကြောင့် ဝယ်ဖို့ ထည့်စဉ်းစားရတော့မယ့် စမတ်ဖုန်းတစ်လုံးဖြစ်လာပါပြီ။ ဒီ ASUS Zenfone 4 ကို မြန်မာကျပ်ငွေ 658,000 နဲ့ မြန်မာနိုင်ငံက အရောင်းဆိုင်တွေမှာ ဒီဇင်ဘာလ၁ရက်နေ့ကစပြီး ဝယ်ယူရရှိနိုင်တော့မှာဖြစ်ပါတယ်
#ASUS

You may be interested

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ
Apple, HUBS, Mobiles & Tablets
0 shares0 views

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ

Ko Thuya - Feb 20, 2018

  Apple က စာလုံးတစ်လုံးထဲဖြင့် iPhone များကို Crash ဖြစ်စေတဲ့ Bug ကို ပြုပြင်ပေးတဲ့  Update ကို ဖြန့်ချီပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းက အိန္ဒိယ ဘာသာစကား တီလူဂါမှ အက္ခရာတစ်ခုဟာ iPhone System နဲ့…

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ
Google, HUBS, NEWS
0 shares0 views

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ

Ko Thuya - Feb 20, 2018

  နည်းပညာ ဘီလူးကြီး Google က ဥာဏ်ရည်တု နည်းပညာကို ကဏ္ဍပေါင်းစုံမှာ အသုံးချဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီ အသစ်ဖန်တီးထားတနဲ့ AI Program က လူတွေရဲ့ မျက်လုံးမှ အဓိက အကြောင်းအရာများကို ရှာဖွေခြင်းဖြင့် နှလုံးရောဂါကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ လူသား …

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
181 shares521 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Leave a Comment

Most from this category