3207 Shares 386 Views

Huawei P11 မှာ 40MP Rear Camera , 24MP Front Camera ပါမည်

Dec 07, 2017
3207 386

စမတ်ဖုန်းများရဲ့ သတင်းများကို ကြိုတင်ပြောကြားရာမှာ နာမည်ကြီးတဲ့ Evan Blass က Huawei P11 ရဲ့ ကင်မရာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို ဖွင့်ဟလိုက်ပါတယ်။ သူက Twitter မှာ P11 တွင် 5x Hybrid Zoom ပါတဲ့ 40MP Rear Camera နဲ 24MP Selfie Camera များ တပ်ဆင်ထားမယ်လို့ ရေးသားထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ သုံးလုံးပါမယ်လို့ သိရပါတယ်။

ဒီသတင်းဟာ Huawei ရဲ့ Creative Agencies အတွက် အလုပ်လုပ်ပေးနေတဲ့ ဒစ်ဂျစ်တယ် အနုပညာရှင်တစ်ဦးရဲ့ ဓါတ်ပုံများကနေ အခြေခံ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဓါတ်ပုံများအရ ကင်မရာများကို Huawei က Leica နဲ့ ပူးပေါင်းထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။

Evan Blass က အဲဒီဓါတ်ပုံများကို သတင်းအရင်းအမြစ်ကနေ ဖယ်ရှားလိုက်ပြီလို့ ဖြည့်စွက်ပြောကြားထားတဲ့အတွက် အဲဒီ ဓါတ်ပုံများဟာ P11 ဖြစ်ဖို့ ပိုမို သေချာသွားစေပါတယ်။ Huawei ဟာ အနောက်ကင်မရာနှစ်လုံးတပ် စနစ်ကို အစောဆုံး သုံးစွဲခဲ့တဲ့ စမတ်ဖုန်း ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ဧပြီလမှာ ကင်မရာနှစ်လုံးပါတဲ့ P9 ကို ကုမ္ပဏီက စတင် မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ ကင်မရာများကိုလည်း Leica နဲ့ ပူးပေါင်းထုတ်လုပ်ထားပါတယ်။

P10 ကိုတော့ ယခုနှစ် ဖေဖော်ဝါရီလမှာ မိတ်ဆက်ခဲ့ပြီး ယခင်မိတ်ဆက်နေကျ ဧပြီလထက် အနည်းငယ်စောခဲ့ပါတယ်။ P11 ကိုတော့ လာမယ့်နှစ် ပထမ ကွာတားမှာ မိတ်ဆက်မယ်လို့ ထင်ရပါတယ်။

Ref : androidauthority

You may be interested

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ
FEATURES, gadgets, Smartwatches
0 shares0 views

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ

Ko Thuya - Dec 12, 2017

Fitness Tracker ခေါ် ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာပေးတဲ့ လက်ပတ်များဟာ သင့်ရဲ့ ကျန်းမာရေးကို စဉ်ဆက်မပြတ် စစ်ဆေးပေးနိုင်ပါတယ်။ သူတို့က သင့်ရဲ့ လမ်းလျှောက်တဲ့ ခြေလှမ်းများ ၊ ပြေးတဲ့ အကွာအဝေး ၊ နှလုံးခုန်နှုန်းများ၊ အိပ်စက်မှု အခြေအနေများကို တိုင်းတာပေးနိုင်ပါတယ်။ ဒီနှစ်ထဲမှာ…

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်
Audio & Video, NEWS, Softwares & Application
62 shares9 views

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်

Ko Thuya - Dec 12, 2017

Forbes က မကြာခင်က ၀င်ငွေ အကောင်းဆုံး YouTubers စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ သူတို့ဟာ ၂၀၁၆ ခုနှစ် ဇွန်လကနေ ၂၀၁၇ ခုနှစ် ဇွန်လအတွင်းမှာ ဒေါ်လာ ၁၂၇ သန်းကို ရှာဖွေနိုင်ခဲ့ပါတယ်။ အဲဒီစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတာက တစ်နှစ်အတွင်း…

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ
NEWS, Softwares & Application
73 shares9 views

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ

Nwe Oo - Dec 12, 2017

Apple platform ပေါ်မှာအခြေခံပြီးဖန်တီးထားသမျှ app တွေအကုန်လုံးကို pre-order လက်ခံနိုင်ဖို့ Apple က developer တွေကို ခွင့်ပြုလိုက်ပါပြီ။ MacStories က သိရသလောက်ဆိုရင် ဒီစည်းမျဉ်းက စတင်အကြုံးဝင်နေပြီဖြစ်ပြီး App Store မှာ တစ်ချို့ app တွေဆို…

Leave a Comment

Most from this category