422 Shares 88 Views

Xiaomi Mi Mix 2 Black Ceramic ကို ရောင်းပြီ

Dec 07, 2017
422 88

ရှောင်မီက Mi Mix 2 ရဲ့ Black Ceramic Model ကို ရောင်းချပေးလိုက်ပါပြီ။ သူ့မှာ 8GB RAM , 128GB Storage ထည့်သွင်းထားပြီး တရုတ်ယွမ် ၄၇၀၀ ( ၇၁၀ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ White Ceramic Model ကို နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင် ရောင်းချပေးခဲ့ပြီး ဈေးနှုန်း တူညီပါတယ်။ Mi Mix 2 ရဲ့ ပုံမှန် Ceramic Model များမှာ အနောက်ဘက်ကိုသာ တောက်ပြောင်တဲ့ ဒီဇိုင်းဖန်တီးထားပြီး ကိုယ်ထည်မှာ အလူမီနီယမ် ဖြစ်ပါတယ်။ အနက်နဲ့ အဖြူ Ceramic Models များကတော့ ကိုယ်ထည်တစ်ခုလုံးဟာ တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

Mi Mix 2 မှာ မျက်နှာပြင်အကျယ်က 5.99-inch ရှိပြီး 1080 x 2160 pixels အရည်အသွေးရှိတဲ့ Full HD မြင်ကွင်းတွေကို 18:9 aspect ratio မှာပြသပေးနိုင်ပါတယ်။ Android 7.1 (Nougat) ကို အခြေခံထားတဲ့ MIUI 9 ကို Run ထားပါတယ်။ လျင်မြန်တိကျပြီး ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တဲ့ Fingerprint Sensor က စက္ကန့်ပိုင်းအတွင်းမှာ ဖုန်းကို Unlock လုပ်ပေးနိုင်ပါတယ်။

အနောက်ကင်မရာက 12MP Resolution ရှိပြီး Optical Image Stabilization စနစ်လည်းပါရှိတဲ့အတွက် အလင်းရောင်အားနည်းတဲ့ နေရာတွေမှာလည်း ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံတွေနဲ့ Full HD အရည်အသွေးမြင့်ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ အရှေ့ Selfie ကင်မရာကတော့ 5MP သာ ပါရှိပါတယ်။ Octa-core (4×2.45GHz Kryo & 4×1.9GHz Kryo) Processor ပါတဲ့ Qualcomm MSM8998 Snapdragon 835 Chipset ကို သုံးထားပါတယ်။ ရုပ်ထွက်ပိုင်းတွေအတွက်လည်း Adreno 540 Graphics Card ကို ထောက်ပံ့ထားပါတယ်။

Ref : gsmarena

You may be interested

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ
Apple, HUBS, Mobiles & Tablets
0 shares0 views

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ

Ko Thuya - Feb 20, 2018

  Apple က စာလုံးတစ်လုံးထဲဖြင့် iPhone များကို Crash ဖြစ်စေတဲ့ Bug ကို ပြုပြင်ပေးတဲ့  Update ကို ဖြန့်ချီပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းက အိန္ဒိယ ဘာသာစကား တီလူဂါမှ အက္ခရာတစ်ခုဟာ iPhone System နဲ့…

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ
Google, HUBS, NEWS
0 shares0 views

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ

Ko Thuya - Feb 20, 2018

  နည်းပညာ ဘီလူးကြီး Google က ဥာဏ်ရည်တု နည်းပညာကို ကဏ္ဍပေါင်းစုံမှာ အသုံးချဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီ အသစ်ဖန်တီးထားတနဲ့ AI Program က လူတွေရဲ့ မျက်လုံးမှ အဓိက အကြောင်းအရာများကို ရှာဖွေခြင်းဖြင့် နှလုံးရောဂါကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ လူသား …

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
181 shares521 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Leave a Comment

Most from this category