69 Shares 28 Views

Volkswagen က အီလက်ထရစ် မီနီဘတ်စ်ကို မိတ်ဆက်

Dec 07, 2017
69 28

Volkswagen ရဲ့ Moia Brand က ဘက်ထရီဖြင့် မောင်းနှင်တဲ့ လူခြောက်ယောက်ထိုင် မီနီဘတ်စ်ကားကို ပြသလိုက်ပါတယ်။ Uber ရဲ့ ၀န်ဆောင်မှုများလို App အခြေပြု အငှားယာဉ်ငှားခြင်းစတဲ့ အလုပ်များကို မီနီဘတ်စ်က ပြုလုပ်ပေးနိုင်ပါတယ်။

လာမယ့်နှစ် ဒုတိယနှစ်ဝက်မှာ ဟမ်းဘတ်ရဲ့ လမ်းမများပေါ်မှာ စတင် ပြေးဆွဲမှာ ဖြစ်ပါတယ်။ VG က နိုင်ငံတကာမှာ ဒီဝန်ဆောင်မှုကို ပြုလုပ်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ကုမ္ပဏီက ၂၀၂၅ ခုနှစ်မှာ အမေရိကန်နဲ့ ဥရောပနိုင်ငံတစ်လွှားမှ ကားအစီးရေ တစ်သန်းကို မီနီဘတ်စ်များဖြင့် အစားထိုးဖို့ ရည်ရွယ်ထားပါတယ်။

“ ကားလမ်းပိတ်ဆို့ခြင်း၊ လေထုညစ်ညမ်းခြင်း၊ အသံဆူညံခြင်း၊ နေရာလွတ်နည်းပါးခြင်း တို့လို ပြဿနာများကို ဖြေရှင်းပေးချင်ပါတယ်။ ဟမ်းဘတ်မှာ မီနီဘတ်စ် အစီးရေ ၂၀၀ ဖြင့် ၀န်ဆောင်မှုကို စတင်မှာ ဖြစ်ပါတယ်။ လာမယ့်နှစ်များအတွင်းမှာ အစီးရေ ၁၀၀၀ အထိ တိုးချဲ့မှာ ဖြစ်ပါတယ်။ “ လို့ ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

VG ရဲ့ မီနီဘတ်စ်ကားများကို စီးနင်းချင်သူများဟာ App ကနေ ကားကို ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ ကားများမှာ ခရီးသည်များအတွက် လျှင်မြန်တဲ့ အင်တာနက် ဆက်သွယ်မှု ပံ့ပိုးပေးထားမှာ ဖြစ်ပါတယ်။ စာဖတ်လို့ ကောင်းတဲ့ မီးအလင်းရောင်၊ စမတ်ဖုန်းနဲ့ တက်ဘလက်များကို အားသွင်းနိုင်မယ့် အားသွင်းပလက်ပေါက်များကို ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ မီနီဘတ်စ်ကားဟာ တစ်ခါအားသွင်းထားရင် ၁၈၆ မိုင်မောင်းနှင်နိုင်ပြီး မိနစ် ၃၀ အားသွင်းရင် ၈၀ ရာခိုင်နှုန်းအထိ အားဖြည့်ပေးနိုင်ပါတယ်။

Ref : bloomberg

You may be interested

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ
FEATURES, gadgets, Smartwatches
0 shares0 views

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ

Ko Thuya - Dec 12, 2017

Fitness Tracker ခေါ် ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာပေးတဲ့ လက်ပတ်များဟာ သင့်ရဲ့ ကျန်းမာရေးကို စဉ်ဆက်မပြတ် စစ်ဆေးပေးနိုင်ပါတယ်။ သူတို့က သင့်ရဲ့ လမ်းလျှောက်တဲ့ ခြေလှမ်းများ ၊ ပြေးတဲ့ အကွာအဝေး ၊ နှလုံးခုန်နှုန်းများ၊ အိပ်စက်မှု အခြေအနေများကို တိုင်းတာပေးနိုင်ပါတယ်။ ဒီနှစ်ထဲမှာ…

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်
Audio & Video, NEWS, Softwares & Application
62 shares9 views

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်

Ko Thuya - Dec 12, 2017

Forbes က မကြာခင်က ၀င်ငွေ အကောင်းဆုံး YouTubers စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ သူတို့ဟာ ၂၀၁၆ ခုနှစ် ဇွန်လကနေ ၂၀၁၇ ခုနှစ် ဇွန်လအတွင်းမှာ ဒေါ်လာ ၁၂၇ သန်းကို ရှာဖွေနိုင်ခဲ့ပါတယ်။ အဲဒီစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတာက တစ်နှစ်အတွင်း…

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ
NEWS, Softwares & Application
73 shares9 views

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ

Nwe Oo - Dec 12, 2017

Apple platform ပေါ်မှာအခြေခံပြီးဖန်တီးထားသမျှ app တွေအကုန်လုံးကို pre-order လက်ခံနိုင်ဖို့ Apple က developer တွေကို ခွင့်ပြုလိုက်ပါပြီ။ MacStories က သိရသလောက်ဆိုရင် ဒီစည်းမျဉ်းက စတင်အကြုံးဝင်နေပြီဖြစ်ပြီး App Store မှာ တစ်ချို့ app တွေဆို…

Leave a Comment

Most from this category