281 Shares 107 Views

Google ‘Files Go’ App လေးနဲ့ဖုန်းထဲက ဖိုင်တွေကို ရှင်းကြမယ်

Dec 06, 2017
281 107

ကိုယ့်ဖုန်းထဲက ရှုတ်ရှပ်ခတ်နေတဲ့ဖိုင်တွေကို ရှင်းပေးဖို့ရည်ရွယ်ချက်နဲ့ Google ရဲ့ Files Go app လေးလာပါပြီ။

“Cleanup app” လို့ Google ခေါ်တဲ့ storage ကိုစီမံတဲ့ app ကလေးက ကိုယ့်ဖုန်းကနေ ဘယ်ဖိုင်တွေကိုဖျက်သင့်လဲဆိုတာကို အကြံပေးမှာဖြစ်ပါတယ်။ ဘယ် app တွေကတော့ မသုံးတော့ဘူး၊ ကိုယ့် app ရဲ့ cache ထဲမှာ ယာယီသိမ်းထားတဲ့ဖိုင်တွေဘယ်လောက်များနေပြီဆိုတာနဲ့ ဘယ်ဖိုင်တွေကတော့ နေရာအများဆုံးယူထားတယ် စတာတွေကို ပြပေးမှာဖြစ်ပါတယ်။ ဒါလေးကတော့ ဒေါင်းလုပ်ဆွဲရင်လည်း 4MB လောက်တောင်မရှိပါဘူး။

Files Go ကို တစ်လလောက်စမ်းသပ်သုံးစွဲကြည့်ရသလောက်တော့ သုံးသမျှ user တွေက 1GB လောက်နေရာသက်သာသွားတာကို တွေ့ရတယ်လို့ ကုမ္ပဏီရဲ့ ဒုဥက္ကဌ Caesar Sengupta က ဖော်ပြခဲ့ပါတယ်။

ဒီ app ကလေးက file manager လိုမျိုးလည်းလုပ်ဆောင်ပေးမှာဖြစ်ပြီး ဖုန်းထဲက ဖိုင်တွေ ဓာတ်ပုံတွေ ဗီဒီယိုတွေကို ရှာဖို့ share ဖို့နဲ့ အွန်လိုင်းမှာသွားသိမ်းဖို့ စတာတွေမှာ ကောင်းကောင်းရှာဖွေလုပ်ဆောင်ပေးနိုင်ပါတယ်။

နောက်ပြီး ကိုယ့်ဘေးနားပတ်ဝန်းကျင်မှာရှိနေတဲ့သူငယ်ချင်းတွေနဲ့လည်း offline မှာ ဖိုင်တွေကို ဝေမျှလို့ရပါသေးတယ်။ ဒီလိုပို့ပေးတာတွေအတွက်တော့ မိုဘိုင်းလ်ဒေတာကုန်မှာမဟုတ်ဘဲ ဖိုင်မျှဝေတဲ့အခါမှာလည်း လုံခြုံစိတ်ချရတဲ့ Hotspot နဲ့မျှဝေပေးနိုင်မှာဖြစ်တယ်လို့ Google က ဆိုထားပါတယ်။

Files Go ရဲ့ဦးတည်ချက်က storage နေရာနည်းတဲ့ ဖုန်းတွေအတွက် ကောင်းကောင်းသုံးနိုင်အောင် ရည်ရွယ်ထားတာဖြစ်ပါတယ်။ အင်္ဂါနေ့က ကုမ္ပဏီကနေ 1GB အောက် RAM ဖုန်းတွေအတွက် သင့်တော်တဲ့ Android Oreo (Go Edition) ကို မိတ်ဆက်လိုက်ပါတယ်။ သူကတော့ မမ်မိုရီပမာဏနည်းနည်းနဲ့ app တွေကို  မြန်မြန်လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ဥပမာဆိုရင် Go Edition မှာ run နေတဲ့ Google app တွေက ၅၀%လောက်ပဲ နေရာယူတော့တာပါ။

ရလဒ်အနေနဲ့ကတော့ storge နည်းနည်းနဲ့ဖုန်းတွေအတွက် နေရာ၂ဆပိုရမှာဖြစ်ပါတယ်။ ဒါဆို သီချင်းတွေ app တွေ ဓာတ်ပုံတွေအတွက် ပိုပြီးနေရာပိုရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီ Android Oreo Go Edition မှာ Google ရဲ့ Files Go app ပါ တစ်ပါတည်းပါဝင်နေမှာဖြစ်ပါတယ်။

You may be interested

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ
FEATURES, gadgets, Smartwatches
0 shares0 views

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ

Ko Thuya - Dec 12, 2017

Fitness Tracker ခေါ် ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာပေးတဲ့ လက်ပတ်များဟာ သင့်ရဲ့ ကျန်းမာရေးကို စဉ်ဆက်မပြတ် စစ်ဆေးပေးနိုင်ပါတယ်။ သူတို့က သင့်ရဲ့ လမ်းလျှောက်တဲ့ ခြေလှမ်းများ ၊ ပြေးတဲ့ အကွာအဝေး ၊ နှလုံးခုန်နှုန်းများ၊ အိပ်စက်မှု အခြေအနေများကို တိုင်းတာပေးနိုင်ပါတယ်။ ဒီနှစ်ထဲမှာ…

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်
Audio & Video, NEWS, Softwares & Application
62 shares9 views

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်

Ko Thuya - Dec 12, 2017

Forbes က မကြာခင်က ၀င်ငွေ အကောင်းဆုံး YouTubers စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ သူတို့ဟာ ၂၀၁၆ ခုနှစ် ဇွန်လကနေ ၂၀၁၇ ခုနှစ် ဇွန်လအတွင်းမှာ ဒေါ်လာ ၁၂၇ သန်းကို ရှာဖွေနိုင်ခဲ့ပါတယ်။ အဲဒီစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတာက တစ်နှစ်အတွင်း…

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ
NEWS, Softwares & Application
73 shares9 views

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ

Nwe Oo - Dec 12, 2017

Apple platform ပေါ်မှာအခြေခံပြီးဖန်တီးထားသမျှ app တွေအကုန်လုံးကို pre-order လက်ခံနိုင်ဖို့ Apple က developer တွေကို ခွင့်ပြုလိုက်ပါပြီ။ MacStories က သိရသလောက်ဆိုရင် ဒီစည်းမျဉ်းက စတင်အကြုံးဝင်နေပြီဖြစ်ပြီး App Store မှာ တစ်ချို့ app တွေဆို…

Leave a Comment

Most from this category