334 Shares 131 Views

LG K8 (2017) ကို ဝေဖန်သုံးသပ်ခြင်း

Dec 06, 2017
334 131

ကမ္ဘာအ၀န်းမှာတော့ တန်ဖိုးကြီး စမတ်ဖုန်းများအစား တန်ဖိုးသင့် စမတ်ဖုန်းများကို ၀ယ်ယူမှုများပြားနေပါတယ်။ အဲဒီအတွက် မိုဘိုင်းဖုန်းဈေး ကွက်မှာ ဈေးနှုန်းဒေါ်လာ ၁၅၀ ဝန်းကျင်လောက်သာ ကျသင့်နိုင့်မယ့် ဖုန်းလေးတွေကို Android စမတ်ဖုန်းထုတ်လုပ်သူ အများစုကလည်း ထုတ်လုပ်လာကြ ပါတယ်။ ဒီလိုထုတ်လုပ်သူတွေထဲမှာ ကိုရီးယားအခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ LG လည်းပါဝင်ပါတယ်။ သူ့ရဲ့ K8 2017 စမတ်ဖုန်းဟာ ဈေးနှုန်းလည်း သက်သာတဲ့အပြင် ဒီဇိုင်းပိုင်းမှာလည်း ကောင်းမွန်ပါတယ်။

LG K8 2017 ရဲ့ 5” HD (720 x 1280 pixels) Display ဟာ ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်များကို ထုတ်လုပ်ပေးနိုင်ပါတယ်။ မျက်နှာပြင်ကို Corning Gorilla Glass 3 နဲ့ကာကွယ်ပေးထားပါတယ်။ အနောက်ဘက်ကာဗာမှ အနက်ရောင်အစင်းကြားလေးတွေထဲဟာ လက်ထဲမှာ ကိုင်တွယ်တဲ့အခါမှာ အဆင်ပြေစေပါတယ်။ စပီကာကို နောက်ကျောအောက်ဘက်မှာ တပ်ဆင်ပေးထားပါတယ်။

သူ့မှာ စွမ်းဆောင်ရည်သင့် 1.25GHz Quad-Core Processor ကိုသုံးထားပါတယ်။ 16GB Internal Storage နဲ့ 1.5GB RAM သာ တပ်ဆင်ထားပေမယ့် ဈေးနှုန်းအရကြည့်လိုက်မယ်ဆိုရင်တော့ ဒီလောက်အတိုင်းအတာဆိုတာ သင့်တင့်တယ်လို့ ဆိုနိုင်ပါတယ်။ Bluetooth 4.2, WiFi Direct ဆက်သွယ်မှုများနဲ့အတူ USB-OTG စနစ်ကိုသုံးနိုင်မှာပါ။ OS ပိုင်းမှာတော့ Android 7.0 ပါပြီး အသုံးဝင်တဲ့ App များကို ကြိုတင်ထည့်သွင်းထားပါတယ်။ UI အပြင်အဆင်ကတော့ ရိုးရှင်းလွန်းပါတယ်။ အရည်အသွေးမြင့်မားတဲ့ ဂိမ်း တွေကိုတော့ ဆော့ကစားလို့ရနိုင်မှာမဟုတ်ပါဘူး။ ဘက်ထရီဖြုတ်တပ်ပြုလုပ်လို့ ရနိုင်ပြီးနောက်ကျောဘက်မှာတော့ ကင်မရာရဲ့အောက်ဘက်မှာ ပါဝါခလုတ်ကို တပ်ဆင်ပေးထားပါတယ်။ LG K8 2017 ရဲ့အထူဟာ 8.1mm ဟာအတော်လေးပါးလွှာတယ်လို့ ခံစားရနိုင်ပြီး အလေးချိန်က 142g သာရှိတာကြောင့် LG ဖုန်းတွေထဲမှာတော့ အတော်လေးပေါ့ပါးတဲ့ ဖုန်းအဖြစ်သတ်မှတ်နိုင်ပါတယ်။

13MP Main Camera တပ်ဆင်ထားပြီး ဓါတ်ပုံ ရိုက်ကူးတဲ့အခါမှာ ကောင်းမွန်တဲ့ရုပ်ထွက် အရည်အသွေးကို ရရှိနိုင်ပါတယ်။ ပုံရိပ်အာရုံခံနိုင်မှုအပိုင်းမှာ ထောက်ပံ့မှုကောင်းပြီး (f/2.2, 1/3″, 1.12 µm), Autofocus, LED Flash တို့ကိုသုံးနိုင်မှာပါ။ Geo-tagging, Touch Focus, Face Detection, Panorama စတဲ့ ကင်မရာ လုပ်ဆောင်ချက်များပါပါတယ်။ ဗီဒီယိုရိုက်မယ်ဆိုရင် 1080p@30fps နှုန်းနဲ့ ရရှိနိုင်ပါလိမ့်မယ်။ အရှေ့ဘက်ကင်မရာကတော့ 5 MP (f/2.4, 1/5″, 1.12 µm) နဲ့ဖြစ်ပြီး 1080p အရည်အသွေးရုပ်ထွက်ရနိုင်ပါလိမ့်မယ်။ ဘက်ထရီကတော့ ဖြုတ်တပ်လဲလှယ်နိုင်တဲ့ Li-Ion 2500 mAh စွမ်းအားဖြစ်ပြီး 3G ကွန်ရက်မှာသုံးမယ်ဆိုရင် ၁၈ နာရီ အသုံးခံပါတယ်။ Dual SIM Smartphone ဖြစ်ပါတယ်။

Ref : androidcentral

You may be interested

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
112 shares41 views

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?

Ko Thuya - May 26, 2018

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…

Leave a Comment

Most from this category