310 Shares 80 Views

Window 10 laptop တွေမှာ Qualcomm ရဲ့အကောင်းဆုံး processor တွေကိုသုံးသွားမည်

Dec 06, 2017
310 80

နောက်ဆုံးမှာတော့ Qualcomm က သူ့ရဲ့ Snapdragon 835 mobile platform ကို နောက်ထွက်လာမယ့် ၂မျိုးသုံး လပ်တော့ပ်တွေမှာ သုံးလာတော့မှာဖြစ်ကြောင်း ကြေညာလိုက်ပါပြီ။ Android မဟုတ်ပေမယ့်လည်း ဖုန်းတွေမှာသုံးပြီးသား အတွေ့အကြုံရှိတာကြောင့် desktop PC တွေမှာလည်း သိပ်အခက်အခဲမရှိလောက်ဘူးထင်ပါတယ်။ ဒါပေမယ့် အမိုက်ဆုံးတစ်ချက်က စမတ်ဖုန်းတွေလိုပဲ 4G LTE ချိတ်ဆက်သုံးလို့ရနိုင်မယ်ဆိုတာပါ။

ဒါကိုတော့ Qualcomm က “always connected PC” လို့ခေါ်ထားပြီး user တွေအနေနဲ့ Wi-Fi နဲ့သုံးစရာမလိုဘဲ ကိုယ်ပိုင် 4G LTE နက်ဝါ့ခ်နဲ့သုံးလို့ရမှာဖြစ်ပါတယ်။ ကိုယ်သွားလေရာမှာလည်း အမြဲတမ်းချိတ်ဆက်ပြီးသားဖြစ်နေတဲ့အတွက် အသုံးဝင်တဲ့အပြင် အဓိကတစ်ချက်ကတော့ လုံခြုံရေးအတွက်ပိုကောင်းအောင် ရည်ရွယ်ထားတာဖြစ်ပါတယ်။ အများပြည်သူသုံး Wi-Fi တွေမှာက အားနည်းချက် ယိုပေါက်တွေရှိလို့ မလုံခြုံတဲ့အတွက် ကိုယ့်ကွန်ပျူတာဆီ ဝင်ရောက်လာနိုင်တာတွေ တိုက်ခိုက်ခံရတာတွေ ရှိလာနိုင်ပါတယ်။ ကိုယ့်ရဲ့ LTE network နဲ့ဆိုတော့ ဒါတွေစိတ်ပူစရာမလိုတော့ပါဘူး။ ဆိုတော့ လုပ်ငန်းလုပ်နေတဲ့သူတွေအတွက်တော့ ဒေတာတွေစိတ်ချနိုင်လို့ ဝမ်းသာစရာပါပဲ။

နောက်ထပ်အားသာချက်တစ်ခုက ဘက်ထရီသက်တမ်းပါ။ အခုခေတ်ထိတော့ Chromebook တို့ တခြားသော လပ်တော့ပ်တွေတောင် ဆက်တိုက်ထိုင်သုံးနေရင် ၈နာရီလောက်ပဲ အားခံပါတယ်။ Qualcomm ကတော့ တစ်နေကုန်အားခံတာကြောင့် တစ်နေ့လုံးသုံးနေလို့ အားကုန်သွားမှာမျိုးတွေသိပ်စိတ်ပူစရာမလိုပါဘူး။ ဒါဆိုရင် Snapdragon 835 processor သုံးထားတဲ့ လပ်တော့ပ်တွေကတော့ တစ်ပတ်မှာ တစ်ခါလောက်ပဲအားသွင်းရတော့မှာပါ။ တောက်လျှောက်ဖွင့်ပြီးသုံးနေရင်တောင် ခံနိုင်တဲ့အချိန်က လက်ရှိလပ်တော့ပ်တွေထက် ၄ဆ ၅ဆ ပိုကြာကြာခံပါတယ်။

Qualcomm Snapdragon 835 နဲ့ Windows 10 တို့ကိုပေါင်းစပ်လိုက်တဲ့အခါ ဘယ်လိုအမိုက်စားလေးတွေထွက်လာမလဲဆိုတာ အောက်က ဗီဒီယိုလေးမှာကြည့်ကြည့်လိုက်ပါဦး…

လပ်တော့ပ်တွေအနေနဲ့ကတော့ Asus က သူ့ရဲ့ Nova GO laptop ကို မိတ်ဆက်ခဲ့ပြီးပါပြီ။ သူကတော့ ကမ္ဘာမှာ Gigabit LTE ဒေတာအမြန်နှုန်းကို ပထမဆုံးပေးနိုင်တဲ့လပ်တော့ပ်ဖြစ်ပါတယ်။ eSIM နဲ့ Nano SIM သုံးနိုင်ပြီး 4G ထောက်ပံ့ပေးနိုင်ပါတယ်။ RAM 8GB , UFS 2.0 storage က 256GB ထိ ရှိပါတယ်။ အမြင့်စားလပ်တော့ပ်တစ်လုံးရဲ့ specs တွေလို့တောင် ခံစားရမှာပါ။ Nova GO က screen-on-time က ၂၂နာရီထိခံပြီး stand by time က ရက် ၃၀ ခံပါတယ်။ Window Ink နဲ့ Cortana ကိုထောက်ပံ့ပေးနိုင်ပါတယ်။ ဈေးနှုန်းကတော့ 4GB/ 64GB model အတွက် $599 ဖြစ်ြပီး 8GB/ 238GB model အတွက် $799 ပါ။ တခြားသော brand တွေကနေလည်း လပ်တော့ပ်တွေထွက်လာဦးမယ်ထင်ပါတယ်။

Snapdragon 835 သုံးထားတဲ့ Window 10 PC တွေအပေါ် သင့်အမြင်ကရော???

Source : AndroidAuthority

You may be interested

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google
Google, HUBS, NEWS
0 shares0 views

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google

Ko Thuya - Nov 16, 2018

ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း လာမယ့်နှစ်မှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ
Facebook, HUBS, Mobiles & Tablets
163 shares57 views

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ

Ko Thuya - Nov 16, 2018

Facebook က မက်ဆင်ဂျာမှာ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်နိုင်တဲ့ လုပ်ဆောင်ချက်ကို စမ်းသပ်နေခဲ့ပါတယ်။ အခုတော့ ဒီလုပ်ဆောင်ချက်ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပေးလိုက်ပါတယ်။ အရင်ကတော့ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်ရင် သင့်ဘက်ခြမ်းမှာသာ ပျက်သွားတာ ဖြစ်ပြီး လက်ခံရရှိသူရဲ့ ဘက်ခြမ်းမှာ ကျန်နေပါတယ်။ အခုတော့…

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ
Android, HUBS, Mobiles & Tablets
120 shares14 views

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ

Ko Thuya - Nov 16, 2018

ဆမ်ဆောင်းက One UI ပါတဲ့ Android 9.0 Pie ကို Galaxy S9 နဲ့ S9+ အတွက် ဖြန့်ချီပေးလိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားမှ User များ ရရှိနေပါပြီ။ Android Pie အခြေပြု ဆမ်ဆောင်းရဲ့…

Leave a Comment

Most from this category