1586 Shares 726 Views

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး စမတ်ဖုန်းများ

Dec 06, 2017
1586 726

၂၀၁၇ ခုနှစ်ထဲမှာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများစွာ ပေါ်ထွက်ခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းများ အားလုံးနီးပါးမှာလည်း Bezelless Display များ တပ်ဆင်ထားကြပါတယ်။ အဲဒီ စမတ်ဖုန်းများထဲကနေ ဘယ်ဖုန်းကို ရွေးချယ်ရမလဲဆိုတာ စဉ်းစားနေသူများအတွက် အကောင်းဆုံး စမတ်ဖုန်းများကို ရွေးထုတ်ပေးလိုက်ပါတယ်။

၁။ Samsung Galaxy S8

Release date: April 2017 | Weight: 155g | Dimensions: 148.9 x 68.1 x 8mm | OS: Android 7 | Screen size: 5.8-inch | Resolution: 1440 x 2960 | CPU: Exynos 8895 | RAM: 4GB | Storage: 64GB | Battery: 3000mAh | Rear camera: 12MP | Front camera: 8MP

Samsung Galaxy S8 ဟာ အကောင်းဆုံး စမတ်ဖုန်း စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။ Samsung ရဲ့ အစဉ်အလာအတိုင်း သူ့ရဲ့ မျက်နှာပြင်ဟာ ပြိုင်ဖက် စမတ်ဖုန်းများထက် သာလွန်ကောင်းမွန်နေပါတယ်။ Benchmarking စမ်းသပ်မှုများမှာလည်း ထိပ်ဆုံးက ရပ်တည်နေပါတယ်။ စတင်ထွက်ရှိတဲ့ ယခုနှစ်အစောပိုင်းမှတော့ ဈေးနှုန်းကြီးမြင့်နေပေမယ့် အခုတော့ ဈေးနှုန်း လျော့ကျလာတဲ့အတွက် ပေးရတာနဲ့ တန်တဲ့ Premium Phone တစ်လုံးကို ပိုင်ဆိုင်နိုင်မှာပါ။ ကင်မရာ အရည်အသွေးက အံ့မခန်း ဖြစ်ပါတယ်။ ဒီဇိုင်းက အလွန် စွဲဆောင်မှု ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားတဲ့ နေရာက သိပ်ပြီး အသုံးပြုလို့ မလွယ်ကူပါဘူး။ နောက်ပြီး သူ့ရဲ့ မျက်နှာနဲ့ မျက်လုံး အာရုံခံ နည်းပညာများက Apple ရဲ့ Face ID နဲ့ ယှဉ်ရင် လုံခြုံရေး အားနည်းပါတယ်။ အားလုံးကို ခြုံကြည့်ရင်တော့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဈေးကွက်ထဲမှာ အကောင်းဆုံး ဖြစ်နေပါတယ်။

၂။ Samsung Galaxy S8 Plus

Release date: April 2017 | Weight: 173g | Dimensions: 159.5 x 73.4 x 8.1mm | OS: Android 7 | Screen size: 6.2-inch | Resolution: 1440 x 2960 | CPU: Exynos 8895 | RAM: 4GB | Storage: 64GB | Battery: 3,500mAh | Rear camera: 12MP | Front camera: 8MP

Samsung Galaxy S8 Plus ရဲ့ အဓိက အစိတ်အပိုင်းကလည်း စကရင် ဖြစ်ပါတယ်။ စကရင်ဟာ ကိုယ်ထည်ရဲ့ ထောင့်စွန်းများအထိ နေရာယူထားပါတယ်။ အဲဒါကြောင့်လည်း ဆမ်ဆောင်းက InfinityDisplay လို့ အမည်ပေးထားတာပါ။ ကင်မရာ၊ စကရင် ၊ စွမ်းရည်နဲ့ ဘက်ထရီ သက်တမ်းများရဲ့ ပေါင်းစပ်မှုက အလွန် ကောင်းမွန်ပါတယ်။ သူဟာ အကောင်းဆုံး ဖုန်းစာရင်းမှာ S8 ရဲ့ အောက်ကို ရောက်နေရခြင်းက ဈေးနှုန်း ပိုမိုကြီးမြင့်နေခြင်းကြောင့်ဖြစ်ပါတယ်။ ငွေကြေးတတ်နိုင်ပြီး အရွယ်ပိုမိုကြီးတဲ့ ဖုန်းကို လိုချင်ရင် S8 အစား S8 Plus က အကောင်းဆုံးဖြစ်မှာပါ။

၃။ Google Pixel 2

Release date: October 2017 | Weight: 143g | Dimensions: 145.7 x 69.7 x 7.8mm | OS: Android 8 | Screen size: 5-inch | Resolution: 1080 x 1920 | CPU: Snapdragon 835 | RAM: 4GB | Storage: 64GB/128GB | Battery: 2,700mAh | Rear camera: 12MP | Front camera: 8MP

Google ရဲ့ Pure Android အရသာကို စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတစ်လုံးမှာ ခံစားချင်ရင်တော့ Pixel 2 ကို ရွေးချယ်သင့်ပါတယ်။ သူ့ကိုအသုံးပြုရတာ အလွန်ချောမွတ်ပြေပြစ်ပါတယ်။ ၅ လက်မ အရွယ်သာ ရှိတဲ့ Pixel 2 ဟာ လက်တစ်ဖက်ထဲနဲ့တောင် ကိုင်တွယ် အသုံးပြုရ အဆင်ပြေပါတယ်။ မျက်နှာပြင်က အရောင်စုံလင်ပေမယ့် Full HD သာ ပံ့ပိုးပေးပါတယ်။ ဒီဇိုင်းကလည်း သိပ်ပြီး စွဲဆောင်မှု မရှိပါဘူး။ အနောက် 12MP Camera က အလွန် အထင်ကြီးစရာကောင်းပြီး ပြည့်စုံတဲ့ Portrait Mode ကို ထုတ်လုပ်ပေးပါတယ်။ အကောင်းဆုံးအချက်ကတော့ အနာဂတ်မှာ ဖြန့်ချီမယ့် Android OS များကို အစောဆုံးရရှိမှာပါ။

၎။ iPhone X

Release date: October 2017 | Weight: 174g | Dimensions: 143.6 x 70.9 x 7.7mm | OS: iOS 11 | Screen size: 5.8-inch | Resolution: 1125×2436 | CPU: A11 Bionic | RAM: 3GB | Storage: 64/256GB | Battery: 2716mAh | Rear camera: 12MP+12MP | Front camera: 7MP

iPhone X ကတော့ Apple ထုတ်လုပ်ဖူးသမျှ ဖုန်းထဲမှာ အကောင်းဆုံး ဖုန်း ဖြစ်ပါတယ်။ ဒီဇိုင်းက အလွန် ဆန်းသစ်ပါတယ်။ သူနဲ့ Essential Phone ဟာ မျက်နှာပြင်ဘေးဘောင် အနည်းပါးဆုံး စမတ်ဖုန်းများဖြစ်ပါတယ်။ အရည်အသွေးမြင့်မားတဲ့ စကရင်နဲ့ ကင်မရာများ တပ်ဆင်ထားပါတယ်။ Home Button မပါတော့တဲ့အတွက် iOS 11 မှာ သူ့ရဲ့ ဖန်ရှင်များကို ထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့် ဈေးနှုန်း အလွန် မြင့်မားပါတယ်။

၅။ Huawei Mate 10 Pro

Release date: October 2017 | Weight: 178g | Dimensions: 154.2 x 74.5 x 7.9mm | OS: Android 8 | Screen size: 6-inch | Resolution: 1080 x 2160 | CPU: Kirin 970 | RAM: 6GB | Storage: 128GB | Battery: 4,000mAh | Rear camera: 20MP+12MP | Front camera: 8MP

Huawei Mate 10 Pro ဟာ ဘက်ထရီ သက်တမ်းကောင်းမွန်တဲ့ စွမ်းဆောင်ရည်မြင့် ဖုန်းဖြစ်ပါတယ်။ တစ်ခါအားသွင်းထားရင်တစ်နေ့လုံး ကောင်းကောင်း သုံးလို့ရပါတယ်။ သာမာန်သာ အသုံးပြုရင် နှစ်ရက် အသုံးခံပါတယ်။ အနောက်ဘက် ကင်မရာ နှစ်လုံးက အလွန် စွမ်းရည်မြင့်မားပြီး ကင်မရာကို ရူးသွပ်သူများအတွက် သူ့ကို ရွေးချယ်သင့်ပါတယ်။

၆။ LG V30

Release date: September 2017 | Weight: 158g | Dimensions: 151.7 x 75.4 x 7.3mm | OS: Android 7 | Screen size: 6.0-inch | Resolution: 1440 x 2880 | CPU: Snapdragon 835 | RAM: 4GB | Storage: 64/128GB | Battery: 3300mAh | Rear camera: 16MP+16MP | Front camera: 5MP

LG V30 ဟာ LG G6 ရဲ့ စွမ်းဆောင်ရည်မြင့် မော်ဒယ်ဖြစ်ပါတယ်။ ဒီဇိုင်းကလည်း ပိုမို ကောင်းမွန်လာပါတယ်။ အကောင်းဆုံး Processor ထည့်သွင်းထားပါတယ်။ ကင်မရာအရည်အသွေးက ကောင်းမွန်ပြီး Quad DAC ကြောင့် အသံအရည်အသွေးက အခြားပြိုင်ဖက်ဖုန်းများထက် သာလွန်နေပါတယ်။ သီချင်းနှစ်သက်သူများအတွက်တော့ သူက ရွေးချယ်စရာ ဖြစ်ပါတယ်။

ယခု Review ဟာ Techradar ၀က်ဆိုက်ရဲ့ ဖုန်းများကို သေချာစွာ စစ်ဆေးပြီး ရေးသားထားတဲ့ Review ကို ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ အကောင်းဆုံး စမတ်ဖုန်း ၁၅ လုံးစာရင်းထဲမှာ Samsung Galaxy Note 8 , LG G6 , iPhone 8 Plus, OnePlus 5T, Google Pixel 2 XL , Sony Xperia XZ Premium, HTC U11, iPhone 8 , Honor 9 တို့ ပါဝင်နေပါတယ်။

Ref : techradar

You may be interested

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ
FEATURES, gadgets, Smartwatches
0 shares0 views

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ

Ko Thuya - Dec 12, 2017

Fitness Tracker ခေါ် ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာပေးတဲ့ လက်ပတ်များဟာ သင့်ရဲ့ ကျန်းမာရေးကို စဉ်ဆက်မပြတ် စစ်ဆေးပေးနိုင်ပါတယ်။ သူတို့က သင့်ရဲ့ လမ်းလျှောက်တဲ့ ခြေလှမ်းများ ၊ ပြေးတဲ့ အကွာအဝေး ၊ နှလုံးခုန်နှုန်းများ၊ အိပ်စက်မှု အခြေအနေများကို တိုင်းတာပေးနိုင်ပါတယ်။ ဒီနှစ်ထဲမှာ…

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်
Audio & Video, NEWS, Softwares & Application
62 shares9 views

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်

Ko Thuya - Dec 12, 2017

Forbes က မကြာခင်က ၀င်ငွေ အကောင်းဆုံး YouTubers စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ သူတို့ဟာ ၂၀၁၆ ခုနှစ် ဇွန်လကနေ ၂၀၁၇ ခုနှစ် ဇွန်လအတွင်းမှာ ဒေါ်လာ ၁၂၇ သန်းကို ရှာဖွေနိုင်ခဲ့ပါတယ်။ အဲဒီစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတာက တစ်နှစ်အတွင်း…

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ
NEWS, Softwares & Application
73 shares9 views

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ

Nwe Oo - Dec 12, 2017

Apple platform ပေါ်မှာအခြေခံပြီးဖန်တီးထားသမျှ app တွေအကုန်လုံးကို pre-order လက်ခံနိုင်ဖို့ Apple က developer တွေကို ခွင့်ပြုလိုက်ပါပြီ။ MacStories က သိရသလောက်ဆိုရင် ဒီစည်းမျဉ်းက စတင်အကြုံးဝင်နေပြီဖြစ်ပြီး App Store မှာ တစ်ချို့ app တွေဆို…

Leave a Comment

Most from this category