7333 Shares 2565 Views

OnePlus 5T ကိုကျော်သွားနိုင်လောက်တဲ့ Honor View 10

Dec 06, 2017
7333 2565

Honor ကတော့ mid-range ဖုန်းအသစ်ကိုတောင် AI processor အသစ်နဲ့ထုတ်လုပ်မိတ်ဆက်လိုက်ပြန်ပါပြီ။ အခု Honor View 10 နဲ့ပတ်သတ်ပြီး သိသင့်တဲ့ feature လေးတွေ ဒီဇိုင်း၊ spec နဲ့ ဈေးနှုန်းလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

Honor ဖုန်းတွေဆိုတာ Huawei ရဲ့ flagship ဖုန်းတွေကို ဈေးသက်သာတဲ့ဗားရှင်းနဲ့ထုတ်ထားတဲ့ brand ခွဲဖုန်းတွေဖြစ်ပါတယ်။ ဈေးသက်သာတိုင်း အပေါစားမဆန်ဘူးဆိုတာ သက်သေပြနေတဲ့ဖုန်းတွေလည်းဖြစ်ပါတယ်။ သိပ်မကြာသေးခင်ကထွက်ခဲ့တဲ့ဖုန်းထဲမှာ အကြိုက်ဆုံးကတော့ Honor 9 ဖုန်းပါ။ သူ့ကိုတော့ အလယ်အလတ်ဈေးနှုန်းနဲ့ရတဲ့ flagship ဖုန်းလို့တောင် သမုတ်ကြတာပါ။

အဲဒီဖုန်းတွေကိုတော့ မနှစ်နွေရာသီကမိတ်ဆက်ခဲ့တာဖြစ်တော့ အခုထပ်ပြီး Honor က မော်ဒယ်လ်အသစ်တစ်မျိုးကို ကြေညာလိုက်ပါပြီ. ဈေးကတော့ ယူရို ၅၀၀ နီးပါးလောက်ရှိပါတယ်။

Honor View 10 ထွက်ရှိလာမယ့်ရက်

View 10 ကိုတော့ ၂၀၁၈ ဇန်နဝါရီ ၈ရက်နေ့မှာ စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ယူရို ၄၉၉ ဖြစ်ပါတယ်။ OnePlus 5T နဲ့ price range တူတူလောက်သွားကျတာမို့ ကင်မရာတွေ စွမ်းဆောင်ရည်တွေသွားယှဉ်ကြည့်လို့ရပါပြီ။

Honor View 10 ရဲ့ specs များ

Honor View 10 က Mate 10 Pro နဲ့တော်တော်လေးကိုတူပြီးတော့ Navy Blue နဲ့ Midnight Black ဆိုပြီးလာမှာဖြစ်ပါတယ်။

ဘေးဘောင်တွေတော်တော်လေးပါးသွားပြီး 18:9 အချိုးနဲ့ 6-inch display ဖုန်းတစ်လုံးပါ။ စွမ်းရည်မြင့် Kirin970 processor ကိုသုံးထားပြီးတော့ RAM 6GB ပါဝင်မှာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ 4GB RAM version ပါထွက်မှာပါ။

Honor 7X လိုပဲ screen ကို pOLED အစား IPS နည်းပညာကိုပဲသုံးထားလို့ Mate 10 display နဲ့တော့မတူတော့ပါဘူး။ ဒါပေမယ့် 403ppi နဲ့ 2160×1080 resolution ရှိပါတယ်။

ဘေးဘောင်တွေက ပါးသွားပေမယ့် လက်ဗွေစနစ်က ရှေ့ဘက်မှာပဲရှိနေပါသေးတယ်။ 3.5mm နားကြပ်ပေါက်တစ်ခုလည်း ပါဝင်ပါသေးတယ်။

နောက်ဘက်မှာတော့ dual-camera တပ်ဆင်ထားပါတယ်။ View 10 မှာတော့ ကင်မရာ lens တွေရော sensor တွေရော မတူတော့ပါဘူး။ 16+20MP sensors တွေနဲ့ f/1.8 lens တွေကိုသုံးထားပါတယ။်တခြား Huawei နဲ့ Honor ဖုန်းတွေလိုပဲ secondary sensor က monochrome ပါပဲ။

နောက်ကင်မရာနဲ့ 4K ဗီဒီယိုတွေတောင် ရိုက်နိုင်ပြီး ရှေ့ကင်မရာကတော့ 1080p နဲ့ရိုက်လို့ရပါမယ်။ ဆယ်လ်ဖီကင်မရာကတော့ 13MP ကင်မရာတွေကိုသုံးထားပါတယ်။

Kirin 970 ကိုသုံးထားလို့ ဓာတ်ပုံ ဗီဒီယို mode တွေအတွက်စွမ်းဆောင်ရည် Mate 10 Pro နဲ့တူတူပါပဲ။ မြင်ကွင်းတွေကိုအတည်ပြုဖို့နဲ့ offline translation အတွက်လည်း သိဥာဏ်တုစနစ်လည်းပါဝင်ပါသေးတယ်။

Mate 10 Pro နဲ့မတူတာက Internal storage က 128GB ဖြစ်နေတာပါ။ microSD ကဒ်ကတော့ 256GB ထိ ထပ်စိုက်လို့ရပါတယ်။

Mate 10 pro လိုပဲ ဆင်းမ်ကဒ်၂ကဒ်ထိုးဖြစ်ပြီး Dual-VoLTE ကိုထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်ကဒ်နဲ့ ဖုန်းပြောနေရင်တောင် နောက်ဖုန်းတစ်ကဒ်ကနေ ဖုန်းခေါ်ဆိုမှုတွေကို လက်ခံနိုင်မှာဖြစ်ပါတယ်။

အထူကတော့ 6.97mm ရှိပြီး 3750mAh ဘက်ထရီကိုသုံးထားပါတယ်။ 4000mAh ရှိတဲ့ Mate 10 Pro ထက်တော့ နည်းတယ်ဆိုရမှာပါ။

Honor SuperCharge ကိုထောက်ပံ့ပေးနိုင်လို့ ဘက်ထရီ အား ၀ ကနေ မိနစ်၃၀လောက်သွင်းရုံနဲ့ ၅၀%လောက်ထိရောက်နိုင်ပါတယ်။

ဆော့ဖ်ဝဲလ်ဆိုရင်တော့ ဖုန်းမှာ Huawei ရဲ့ EMUI 8 နဲ့အတူ Android 8.0 Oreo ကို run  ထားပါတယ်။

You may be interested

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ
Apple, HUBS, Mobiles & Tablets
0 shares0 views

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ

Ko Thuya - Feb 20, 2018

  Apple က စာလုံးတစ်လုံးထဲဖြင့် iPhone များကို Crash ဖြစ်စေတဲ့ Bug ကို ပြုပြင်ပေးတဲ့  Update ကို ဖြန့်ချီပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းက အိန္ဒိယ ဘာသာစကား တီလူဂါမှ အက္ခရာတစ်ခုဟာ iPhone System နဲ့…

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ
Google, HUBS, NEWS
0 shares0 views

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ

Ko Thuya - Feb 20, 2018

  နည်းပညာ ဘီလူးကြီး Google က ဥာဏ်ရည်တု နည်းပညာကို ကဏ္ဍပေါင်းစုံမှာ အသုံးချဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီ အသစ်ဖန်တီးထားတနဲ့ AI Program က လူတွေရဲ့ မျက်လုံးမှ အဓိက အကြောင်းအရာများကို ရှာဖွေခြင်းဖြင့် နှလုံးရောဂါကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ လူသား …

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
181 shares521 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Leave a Comment

Most from this category