556 Shares 270 Views

Huawei က 18:9 Screen နဲ့ အနောက်ကင်မရာနှစ်လုံးပါတဲ့ တန်ဖိုးနည်း Honor 7X ကို မိတ်ဆက်

Dec 06, 2017
556 270

Huawei က ၁၉၉ ဒေါ်လာတန် Honor 7X ကို မိတ်ဆက်လိုက်ပါတယ်။ မြန်မာငွေအားဖြင့် ၂၆၀ ၀၀၀ ၀န်းကျင် ကျသင့်နိုင်ပါတယ်။ သူ့မှာ Huawei Octa-Core Kirin 659 Chipset ထည့်သွင်းထားပါတယ်။ ၅.၉၃ လက်မ 2160x1080p Display တပ်ဆင်ထားပြီး 18:9 မျက်နှာပြင်အချိုးဖြစ်ပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၀၇ ဖြစ်ပါတယ်။

သူ့မှာ Android 7.0 Nougat အခြေပြု EMUI 5.1 OS ထည့်သွင်းထားပါတယ်။ 3GB RAM , 32GB Internal Storage ထည့်သွင်းထားပြီး microSD Card Slot ပါပါတယ်။ 16MP + 2MP Dual Rear Camera ပါပြီး Phase Detection Autofocus ထည့်ပေးထားပါတယ်။ ၀.၁၈ စက္ကန့်အတွင်းမှာ Focus ပြုလုပ်ပေးနိုင်ပါတယ်။ အရှေ့ဘက်မှာ 8MP Camera တပ်ဆင်ထားပါတယ်။

3340mAh Battery , FM radio, 802.11 b/g/n WiFi, Bluetooth 4.1 များ ထည့်သွင်းထားပါတယ်။ တစ်ခါအားသွင်းထားရင် တစ်နေ့လုံး အသုံးခံတယ်လို့ သိရပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 156.5 x 75.3 x 7.6 mm ဖြစ်ပြီး အလေးချိန်မှာ ၁၆၅ ဂရမ် ဖြစ်ပါတယ်။ 3.5mm Headphone Jack ပါပါတယ်။

Ref : theverge , zdnet

You may be interested

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ
FEATURES, gadgets, Smartwatches
0 shares0 views

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ

Ko Thuya - Dec 12, 2017

Fitness Tracker ခေါ် ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာပေးတဲ့ လက်ပတ်များဟာ သင့်ရဲ့ ကျန်းမာရေးကို စဉ်ဆက်မပြတ် စစ်ဆေးပေးနိုင်ပါတယ်။ သူတို့က သင့်ရဲ့ လမ်းလျှောက်တဲ့ ခြေလှမ်းများ ၊ ပြေးတဲ့ အကွာအဝေး ၊ နှလုံးခုန်နှုန်းများ၊ အိပ်စက်မှု အခြေအနေများကို တိုင်းတာပေးနိုင်ပါတယ်။ ဒီနှစ်ထဲမှာ…

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်
Audio & Video, NEWS, Softwares & Application
62 shares9 views

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်

Ko Thuya - Dec 12, 2017

Forbes က မကြာခင်က ၀င်ငွေ အကောင်းဆုံး YouTubers စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ သူတို့ဟာ ၂၀၁၆ ခုနှစ် ဇွန်လကနေ ၂၀၁၇ ခုနှစ် ဇွန်လအတွင်းမှာ ဒေါ်လာ ၁၂၇ သန်းကို ရှာဖွေနိုင်ခဲ့ပါတယ်။ အဲဒီစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတာက တစ်နှစ်အတွင်း…

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ
NEWS, Softwares & Application
73 shares9 views

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ

Nwe Oo - Dec 12, 2017

Apple platform ပေါ်မှာအခြေခံပြီးဖန်တီးထားသမျှ app တွေအကုန်လုံးကို pre-order လက်ခံနိုင်ဖို့ Apple က developer တွေကို ခွင့်ပြုလိုက်ပါပြီ။ MacStories က သိရသလောက်ဆိုရင် ဒီစည်းမျဉ်းက စတင်အကြုံးဝင်နေပြီဖြစ်ပြီး App Store မှာ တစ်ချို့ app တွေဆို…

Leave a Comment

Most from this category