316 Shares 105 Views

Snapdragon 845 processor အသစ်ကို ကြေညာလိုက်တဲ့ Qualcomm

Dec 06, 2017
316 105

Qualcomm က သူ့ရဲ့နောက်ထပ်ထုတ်လုပ်လိုက်တဲ့ flagship processor အသစ်ကို Snapdragon 845 လို့ခေါ်မှာဖြစ်ကြောင်း မနေ့ကကျင်းပခဲ့တဲ့ Snapdragon Tech Summit မှာပြောကြားသွားခဲ့ပါတယ်။ 845 ဆိုတာကတော့ မနှစ်က တော်တော်ကြီးနာမည်ကြီးခဲ့တဲ့ Snapdragon 835 ရဲ့နောက်ထွက်လာတဲ့ ပရိုဆက်ဆာအသစ်တစ်ခုဖြစ်ပြီး စွမ်းရည်ပိုကောင်းလာ၊ စွမ်းအားပိုမြင့်လာပြီး image processing ပိုင်းမှာလည်း တော်တော်လေးတိုးတက်လာမယ့် chip တစ်ခုဖြစ်မှာပါ။ ဒီ Snapdragon 845 ကိုတော့ ၂၀၁၈ မှာထွက်ရှိလာမယ့် အမြင့်စား Android ဖုန်းတွေတော်တော်များများမှာ သုံးလာနိုင်ချေရှိပြီး Qualcomm ကတော့ Windows 10 လပ်တော့ပ်တွေမှာပါ ထည့်သုံးဖို့လုပ်ဆောင်နေပြီဖြစ်ပါတယ်။

မနှစ်က Snapdragon 835 ကတော့ 10nm process ကိုသုံးပြီး ထုတ်လုပ်ထားတာဖြစ်ပြီးတော့ 845 လည်း တူတူပဲဖြစ်မယ်ထင်ပါတယ်။ ဒီ 845 ကို သူ့ရဲ့နောက်ဆုံးထွက် X20 LTE modem နဲ့တွဲဖက်သုံးမယ်ဆိုရင် network ချိတ်ဆက်မှုမှာဆိုရင် gigabit လောက်ထိပေးနိုင်မှာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာပဲ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အစည်းအဝေးကို Qualcomm က လုပ်ဆောင်နေဆဲဖြစ်ပြီး အဲဒီကနေ Snapdragon 845 ရဲ့စွမ်းဆောင်နိုင်ရည်တွေအကြောင်းကို အသေးစိတ်သိလာရတော့မယ်လို့ ထင်ပါတယ်။

Source : TheVerge

You may be interested

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia
Gaming, NEWS
0 shares0 views

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia

Nwe Oo - Aug 21, 2018

[Zawgyi] ၂၀၁၈ Gamescom မှာတော့ Nvidia ကနေ သူ့ရဲ့ high-end graphic ကဒ်တွေဖြစ်တဲ့ GeForce RTX 2070, RTX 2080 နဲ့ RTX 2080 Ti တို့ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ 20-series…

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
1106 shares91 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား
Apple, HUBS, Mobiles & Tablets
271 shares47 views

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား

Ko Thuya - Aug 21, 2018

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှ Apple Store တစ်ခုမှာ အိုင်ပတ် တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ဘက်ထရီ ပြဿနာ သို့မဟုတ် အပူလွန်ကဲမှုကြောင့် ဖြစ်တယ်လို့ နယ်သာလန်မှ မီဒီယာတစ်ခု ဖြစ်တဲ့ AT5 က…

Leave a Comment

Most from this category