300 Shares 91 Views

အနောက်ကင်မရာ နှစ်လုံးနဲ့ AI ပါတဲ့ Honor V10 ကို မိတ်ဆက်

Dec 06, 2017
300 91

Huawei ရဲ့ Honor Series များဟာ နည်းပါးတဲ့ တန်ဖိုးဖြင့် စွမ်းရည်မြင့် စမတ်ဖုန်းများကို ယှဉ်ပြိုင်နေပါတယ်။ အခုလည်း Honor Series စမတ်ဖုန်း အသစ်တစ်လုံးဖြစ်တဲ့ V10 ကို ကုမ္ပဏီက မိတ်ဆက်လိုက်ပါတယ်။ V10 ဟာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်ုး ဖြစ်ပါတယ်။

V10 မှာ ယခုနှစ်ထုတ် စွမ်းဆောင်ရည်မြင့် ဖုန်း ဒီဇိုင်းဖြစ်တဲ့ မျက်နှာပြင်ဘေးဘောင်များကို အလွန် ပါးလွှာအောင် ပြုလုပ်ပေးထားပါတယ်။ ၆ လက်မ 18:9 FulView Display ဖြစ်ပြီး Resolution မှာ 1080×2160 Pixels ဖြစ်ပါတယ်။ Screen အောက်မှ ပါးလွှာတဲ့ဘောင်မှာ Home Button တပ်ဆင်ထားပြီး သူ့အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။

V10 မှာ အဓိက လုပ်ဆောင်ချက်အနေဖြင့် Apple ရဲ့ Animoji ကို တုပထားတဲ့ 3D Facial Animation ပါလာပါတယ်။ သူက သင့်မျက်နှာရဲ့ လှုပ်ရှားမှုအတိုင်း အကောင်လေးများက လိုက်လံတုပ လှုပ်ရှားပေးခြင်း ဖြစ်ပါတယ်။ မျက်နှာဖြင့် ဖုန်းကို Unlock လုပ်ခြင်း၊ အိပ်ယာမှာ လဲလျောင်း၍ ဖုန်းကြည့်နေစဉ်မှာ Orientation ကို မပြောင်းလဲပေးတဲ့ ဥာဏ်ရည်မြင့် Display Rotation တို့ ပါဝင်ပါတယ်။ Google Lens လို နိုင်ငံခြားမှ လမ်းညွှန်ဆိုင်းဘုတ်များကို ဓါတ်ပုံရိုက်လိုက်တာနဲ့ သင့် မိခင်ဘာသာစကား အဖြစ် ပြောင်းလဲပေးတဲ့ လုပ်ဆောင်ချက်လည်း ပါပါတယ်။

V10 မှာ Huawei ရဲ့ AI ပါတဲ့ စွမ်းဆောင်ရည်မြင့် Kirin 970 Processor မောင်းနှင်ထားပါတယ်။ 4GB or 6GB RAM များ ရွေးချယ်နိုင်ပါတယ်။ 256GB အထိ ၀င်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ Android 8.0 Oreo အခြေပြု EMUI 8.0 မောင်းနှင်မှာ ဖြစ်ပါတယ်။

16MP+20MP Dual Rear Camera တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 13MP Camera တစ်လုံးပါပါတယ်။ 3750mAh Battey ထည့်ပေးထားပါတယ်။ 3.5mm Headphone Jack ပါပါတယ်။ တရုတ်မှာ စတင် ရောင်းချပေးနေပြီး ရွှေ၊ အပြာ၊ အနက်နဲ့ အနီရောင်များ ထုတ်လုပ်ပေးထားပါတယ်။ ၄၀၉ ဒေါ်လာဝန်းကျင် ကျသင့်ပြီး မြန်မာငွေ ၅၅၀ ၀၀၀ ၀န်းကျင် ကျသင့်နိုင်ပါတယ်။

Ref : androidcentral

You may be interested

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google
Google, HUBS, NEWS
0 shares0 views

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google

Ko Thuya - Nov 16, 2018

ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း လာမယ့်နှစ်မှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ
Facebook, HUBS, Mobiles & Tablets
163 shares57 views

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ

Ko Thuya - Nov 16, 2018

Facebook က မက်ဆင်ဂျာမှာ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်နိုင်တဲ့ လုပ်ဆောင်ချက်ကို စမ်းသပ်နေခဲ့ပါတယ်။ အခုတော့ ဒီလုပ်ဆောင်ချက်ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပေးလိုက်ပါတယ်။ အရင်ကတော့ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်ရင် သင့်ဘက်ခြမ်းမှာသာ ပျက်သွားတာ ဖြစ်ပြီး လက်ခံရရှိသူရဲ့ ဘက်ခြမ်းမှာ ကျန်နေပါတယ်။ အခုတော့…

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ
Android, HUBS, Mobiles & Tablets
120 shares14 views

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ

Ko Thuya - Nov 16, 2018

ဆမ်ဆောင်းက One UI ပါတဲ့ Android 9.0 Pie ကို Galaxy S9 နဲ့ S9+ အတွက် ဖြန့်ချီပေးလိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားမှ User များ ရရှိနေပါပြီ။ Android Pie အခြေပြု ဆမ်ဆောင်းရဲ့…

Leave a Comment

Most from this category