464 Shares 113 Views

Samsung က စမတ်ဖုန်းများအတွက် 512GB Storage Chip ကို ထုတ်လုပ်ပြီ

Dec 06, 2017
464 113

ဆမ်ဆောင်းက 256GB Storage Chip ကို ရောင်းချခဲ့စဉ်မှာ လူတွေ အထင်ကြီးလေးစားခဲ့ကြပါတယ်။ အခုတော့ ဆမ်ဆောင်းက အဲဒီထက် နှစ်ဆများပြားတဲ့ Storage Chip ကို ထုတ်လုပ်နေပြီး ဒါဟာ စမတ်ဖုန်း နယ်ပယ်မှာတော့ စွမ်းရည်အမြင့်မားဆုံး Storage Chip ဖြစ်တယ်လို့ BusinessWire က ပြောပါတယ်။

အဲဒီ Chip ကြောင့် လာမယ့်နှစ်ထုတ် စွမ်းဆောင်ရည်မြင့် ဆမ်ဆောင်း စမတ်ဖုန်းများဟာ Storage အပိုင်းမှာ ပြိုင်ဖက်များကို နောက်ကောက်ချနိုင်တော့မှာ ဖြစ်ပါတယ်။ သူ့မှာ ၁၀ မိနစ် 4K Video Clip ပေါင်း ၁၃၀ ကို သိမ်းဆည်းနိုင်ပါတယ်။ 64GB Chip မှာ အဲဒီဗီဒီယိုပေါင်း ၁၃ ခုလောက်သာ သိမ်းနိုင်ပါတယ်။

Chip အသစ်က ဒေတာ ကူးပြောင်းမှု အမြန်နှုန်းနဲ့ စွမ်းရည်အပိုင်းမှာလည်း မြင့်မားလာပါတယ်။ 5G HD Video တစ်ခုကို 512GB Chip ကနေ Solid State Hard Drive ကို ကူးပြောင်းရင် ၆ စက္ကန့်သာ ကြာမြင့်မှာပါ။ ဆမ်ဆောင်းက သာမာန် microSD Card ကနေ ဒေတာများ ကူးပြောင်းတာထက် ၈ ဆ ပိုမိုမြန်ဆန်တယ်လို့ ပြောပါတယ်။ Chip အသစ်ထည့်သွင်းထားတဲ့ ဖုန်းများဟာ အလုပ်များစွာကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်ပါတယ်။ ဥပမာအားဖြင့် Dual-App Mode မှာ အရွယ်ကြီးမားတဲ့ ဖိုင်များကို ရှာဖွေနေစဉ် ဗီဒီယိုကို ဒေါင်းလုပ်လုပ်ခြင်းမျိုး ဖြစ်ပါတယ်။

ဆမ်ဆောင်းက 512GB Chip ကို စွမ်းအင် သက်သာစေတဲ့ Circuit Design ဖြင့် တည်ဆောက်ထားတဲ့အတွက် ဘက်ထရီ သက်သာစေတယ်လို့ ပြောပါတယ်။ သူက ကင်မရာကိုလည်း အကျိုးရှိစေပြီး မြင့်မားတဲ့ Resolution ဖြင့် Bursts Mode ကို ထောက်ပံ့ပေးပါတယ်။

Ref : mashable

You may be interested

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia
Gaming, NEWS
0 shares0 views

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia

Nwe Oo - Aug 21, 2018

[Zawgyi] ၂၀၁၈ Gamescom မှာတော့ Nvidia ကနေ သူ့ရဲ့ high-end graphic ကဒ်တွေဖြစ်တဲ့ GeForce RTX 2070, RTX 2080 နဲ့ RTX 2080 Ti တို့ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ 20-series…

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
1106 shares91 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား
Apple, HUBS, Mobiles & Tablets
271 shares47 views

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား

Ko Thuya - Aug 21, 2018

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှ Apple Store တစ်ခုမှာ အိုင်ပတ် တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ဘက်ထရီ ပြဿနာ သို့မဟုတ် အပူလွန်ကဲမှုကြောင့် ဖြစ်တယ်လို့ နယ်သာလန်မှ မီဒီယာတစ်ခု ဖြစ်တဲ့ AT5 က…

Leave a Comment

Most from this category