၂၀၁၇ ခုနှစ်မှာ Instagram တွင် Like အများဆုံးရတဲ့ Beyonce နဲ့ Cristiano Ronaldo

၂၀၁၇ ခုနှစ် ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် တစ်နှစ်တာရဲ့ အကောင်းဆုံးထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ လူမှုကွန်ရက်များမှာ အအောင်မြင်ဆုံး ဆယ်လီများရဲ့ စာရင်းများကို ထုတ်ပြန်လာကြပါတယ်။ အခုလည်း Instagram က ယခုနှစ်အတွက် Like အများဆုံးရတဲ့ ဓါတ်ပုံများကို တင်တဲ့ ပုဂ္ဂိုလ်များရဲ့ စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။

Instagram ရဲ့ သရဖူကို ဆောင်းသွားသူကတော့ Beyonce ဖြစ်ပြီး Ronaldo က နံပါတ် ၂ နေရာကို သိမ်းပိုက်ထားပါတယ်။ Like အများဆုံး ဆယ်ဦးစာရင်းမှာ Selena Gomez လည်း ပါဝင်ပါတယ်။ ကမ္ဘာကျော် ဘောလုံးသမား နေမာရဲ့ ဓါတ်ပုံကလည်း အဲဒီစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ Ronald နဲ့ Beyonce တို့ရဲ့ Like အများဆုံး ဓါတ်ပုံများမှာ သူတို့ရဲ့ ကလေးငယ်များ ပါဝင်နေတဲ့ ပုံများဖြစ်ပြီး Beyonce ရဲ့ ဓါတ်ပုံဟာ Like ပေါင်း ၁၁ ၁၉၄ ၉၅၀ ရရှိထားပါတယ်။ Ronaldo ရဲ့ ပုံကတော့ Like ပေါင်း ၁၁ ၀၆၀ ၁၆၂ ဖြစ်ပါတယ်။

A Alana Martina acaba de nascer! Tanto a Geo como a Alana estão muito bem! Estamos todos muito felizes! ❤️

A post shared by Cristiano Ronaldo (@cristiano) on

Instagram ဟာ ကမ္ဘာမှာ လူသုံးအများဆုံး လူမှုကွန်ရက်တစ်ခု ဖြစ်လာပြီး Users များစွာ တစ်ရှိန်ထိုး တိုးတက်လာခဲ့ပါတယ်။ ယခုနှစ် စက်တင်ဘာလ စာရင်းအရ Instagram ဟာ ကမ္ဘာအဝန်းမှာ လစဉ် Active Users ပေါင်း သန်း ၇၀၀ ရှိတယ်လို့ သိရပါတယ်။

Ref : recode

%d bloggers like this: