စားစရာတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်တင်လိုက်တာက အရသာရှိရှိနဲ့ ပိုပြီးစားလို့ကောင်းစေ

တစ်ဆိုင်ဆိုင်မှာ ကိုယ့်ရဲ့ အပေါင်းအသင်းတွေနဲ့ တစ်ခုခုစားတော့မယ်ဆိုရင် “feeling- Yummy Yummy” ဆိုပြီး Facebook လို လူမှုကွန်ယက်စာမျက်နှာပေါ်ကို တင်ဖူးကြမှာပါ။ ဒီလိုမျိုး ဆိုရှယ်နက်ဝပ်ကို ကိုယ်ဘာစားနေတယ်ဆိုတာကို အသိပေးလိုက်တာက စားစရာတွေကို စားချင်စဖွယ်ပိုဖြစ်စေပြီး ပိုပြီးတော့လည်း စားလို့ကောင်းစေတယ်လို့ လေ့လာမှုတွေအရ သိခဲ့ရပါပြီ။

အမှန်ပါပဲ။ ဆန်ဒီယေဂိုတက္ကသိုလ်က လေ့လာသူတွေဟာ လူပေါင်း ၁၂၀ လောက်ကို စူးစမ်းလေ့လာမှုပြုလုပ်ခဲ့ပါတယ်။ ချောကလက်ကိတ်မုန့်တွေလိုမျိုး လူတွေကို ပိုပြီးဆွဲဆောင်နိုင်ပြီး အရောင်အသွေးစုံလင်တဲ့ အစားအစာတွေနဲ့အတူ သူတို့က သုတေသနပြုလုပ်ရာမှာ ပါဝင်ခဲ့ကြတာပါ။

မစားခင်မှာတော့ ဓာတ်ပုံရိုက်ယူခဲ့ကြပြီး လူမှုကွန်ရက်ပေါ်ကို တင်စေခဲ့ပါတယ်။ သုတေသနအပြီးမှာတော့ ပါဝင်လေ့လာသူတွေ အားလုံးဟာ စားစရာတွေကို ထင်ထားတာထက်ကို ပိုပြီးစားသုံးနိုင်ခဲ့ကြပြီး ဒီလို ပိုပြီးအရသာရှိရှိစားနိုင်တာဟာ စားစရာပိုင်းမှာ လူတွေရဲ့ အမြင်ရူးသွပ်မှုကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုမျိုး အစားအစာကို ဓာတ်ပုံရိုက်တာဟာဆိုရင်တော့ လူတွေရဲ့ အမြင်အာရုံမှာတော့ ဒီအစားအစာဟာ ပိုပြီးဆွဲဆောင်မှုရှိစေပြီး ပိုအရသာရှိနေစေပုံပေါက်နေတာကြောင့် လူတွေရဲ့ ဦးနှောက်ထဲက စားချင်စိတ်ကို ပိုမိုအားပေးတာဖြစ်ပါတယ်။

Ref : Digital Trends

You may be interested

Face Recognition ပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို ဖန်တီးနေတဲ့ Nvidia
NEWS
0 shares0 views

Face Recognition ပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို ဖန်တီးနေတဲ့ Nvidia

Ko Thuya - Feb 19, 2018

Nvidia က ဥာဏ်ရည်တု နည်းပညာ ကုမ္ပဏီ AnyVision နဲ့ ပူးပေါင်းပြီး မျက်နှာအာရုံခံ နည်းပညာပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို တီထွင်နေပါတယ်။ အဲဒီ ကင်မရာများဟာ ကမ္ဘာအ၀န်းမှ စမတ် မြို့တော်များအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ လက်ရှိ အသုံးပြုနေကြတဲ့ CCTV…

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို
Mobiles & Tablets, NEWS, Xiaomi
203 shares92 views

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို

Nwe Oo Thant - Feb 18, 2018

[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို…

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ
Uncategorized
149 shares346 views

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ

Nwe Oo Thant - Feb 18, 2018

[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite…

Leave a Comment

Most from this category