Huawei nova 2s ရဲ့ specs များ ပုံများထွက်ပေါ်လာ

Honor V10 ကို မိတ်ဆက်ပြီးချိန်မှာတော့ နောက်ထပ် ပရောဂျက်အသစ်တွေထပ်လာဖို့ ရှိနေပါသေးတယ်။ နောက်ဆုံးထွက်လာသမျှသတင်းကတော့ Huawei nova 2s ရဲ့ ပုံနဲ့ spec တွေပါ။ ဖုန်းပုံစံကို ကြည့်ရတာတော့ Huawei Mate 10 Lite နဲ့တူပြီး ဟိုတလောကတော့ Huawei nova 3 လို့ နာမည်ထွက်ခဲ့ပါတယ်။

Huawei nova 2s ကတော့ 6-inch 18:9 screen ဖြစ်ပြီး resolution ကတော့ FHD+ resolution ဖြစ်ပါတယ။် နောက်ဘက်မှာ 20 MP + 16 MP dual ကင်မရာကို တပ်ဆင်ထားပြီး ရှေ့ဘက်မှာတော့ dual 20MP ကင်မရာကို တပ်ဆင်ထားပါတယ်။ RAM 6GB နဲ့ ၂၀၁၆ flagship chipset ဖြစ်တဲ့ Kirin 960 chipset ကိုသုံးထားပါတယ်။

နောက်ဆုံးကျန်တာကတော့ မိတ်ဆက်မယ့်ရက်ပါ။ သတင်းထွက်ထားတဲ့ nova 3 က Huawei nova 2s နဲ့တူတူပဲဆိုရင်တော့ ဒီဇင်ဘာမှာထွက်ရှိလာလောက်မှာဖြစ်ပါတယ်။

%d bloggers like this: