Razer ဖုန်းကို တစ်စစီဖြုတ်စမ်းသပ်ပြထားတဲ့ဗီဒီယို

ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းကပဲ Razer ဖုန်းကို ဓားနဲ့ခြစ်၊ မီးရှို့၊ ကွေးတဲ့ စမ်းသပ်မှုကို ပြုလုပ်ခဲ့ပါတယ်။ ဒီတစ်ခေါက်ကတော့ ဖုန်းအတွင်းပိုင်းကိုတစ်စစီဖြုတ်ကြည့်တဲ့ ဗီဒီယိုလေးကို ဖောြ်ပပေးလိုက်ပါတယ။်

ပထမဆုံး ဖုန်းရဲ့အောက်ခြေက စပီကာလေးကိုစခွာလိုက်ပြီး အပေါ်ကိုပါထပ်ခွာလိုက်ပါတယ်။ ဖုန်းကိုယ်ထည်ကနေ screen ကွာထွက်လာတာက OnePlus 5T တုန်းကထက်ကို ပိုလွယ်တာကို တွေ့ရပါတယ်။

ဒီဟန်းဆက်မှာ အဓိကထူးခြားတာက copper အပူပိုက်က တခြားသောစမတ်ဖုန်းတွေထက်ပိုကြီးနေတာပါ။ ဘက်ထရီကလည်း အလွယ်တကူဆွဲထုတ်လို့ရအောင် လုပ်ထားလို့ အစားထိုးလဲလှယ်မယ်ဆိုရင်လည်း လွယ်မှာပါ။

သူ့ရဲ့ vibration motor က Apple က iPhone အသစ်တွေမှာသုံးထားတဲ့ Taptic Engine နဲ့ဆင်ပါတယ်။ ဒါပေမယ့် Razer မှာပိုသေးနေတဲ့အတွက် တုန်ခါမှုက သိပ်များမှာမဟုတ်ပါဘူး။ စပီကာတွကတော့ အပေါ်နဲ့ အောက်ခြေက အရွယ်အစာအတူတူလောက်ပါပဲ။

ကြည့်လိုက်ရင်တော့ အတွင်းပိုင်းမှာတော်တော်လေး စုစုစည်းစည်နဲ့ဖန်တီးထာတဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။

%d bloggers like this: