Panasonic က Bezel-less Design နဲ့ Dual Camera ပါတဲ့ Eluga C ကို မိတ်ဆက်

Panasonic က Sharp Aquos Phone နဲ့ Xiaomi Mi Mix တို့လို မျက်နှာပြင် သုံးဖက် ဘေးဘောင်မဲ့ စမတ်ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ Panasonic Eluga C လို့ အမည်ပေးထားပြီး သူဟာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတော့ မဟုတ်ပါဘူး။ တန်ဖိုးနည်း စမတ်ဖုန်း လိုချင်သူများအတွက် ရည်ရွယ်ထုတ်လုပ်ထားပါတယ်။ ထိုင်ဝမ်မှာ ၆၀၀၀ ဒေါ်လာ သတ်မှတ်ထားပြီး အမေရိကန် ဒေါ်လာ ၂၀၀ ဝန်းကျင် ကျသင့်ပါတယ်။

သူ့မှာ ၅.၅ လက်မ HD Display တပ်ဆင်ထားပြီး Screen to Body Ratio မှာ ၈၄.၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။ စကရင်ရဲ့ အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပြီး ဝ.၃ စက္ကန့်အတွင်းမှာ ဖုန်းကို Unlock လုပ်ပေးနိုင်ပါတယ်။ အရှေ့ဘက်မှာ 8MP Selfie Camera တပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ 13MP+5MP Camera နှစ်လုံး တပ်ဆင်ထားပါတယ်။ MediaTek MT6750T Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 4GB RAM, 64GB Storage ထည့်သွင်းထား ပါတယ်။ microSD Card စိုက်နိုင်ပါတယ်။ Hybrid SIM Slot ဖြစ်တဲ့အတွက် SIM Card နှစ်ခု စိုက်ထားရင် microSD Card ကို ထည့်လို့ မရပါဘူး။ 3000mAh Battery ထည့်သွင်းထားပြီး ကြိုတင်မှာနိုင်ပါပြီ။

Ref : gsmarena

%d bloggers like this: