18:9 Screen ပါတဲ့ Xiaomi Redmi 5 ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ

Xiaomi Redmi Note 5 ရဲ့ အရွယ်သေး မော်ဒယ်ဖြစ်တဲ့ Redmi 5 ရဲ့ ဓါတ်ပုံများထွက်ပေါ်လာပါတယ်။ Xiaomi Redmi Note 5 မှာလိုပဲ Redmi 5 မှာ 18:9 Screen တပ်ဆင်ထားပါတယ်။ Redmi 5 ရဲ့ ဓါတ်ပုံများဟာ တရုတ် Telecom Network ကနေ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

Redmi 5 မှာ ၅.၇ လက်မ HD+ Display တပ်ဆင်ထားမှာ ဖြစ်ပြီး 1440x720p Resolution ဖြစ်ပါတယ်။ Qualcomm Snapdragon 625 Chipset, 4GB RAM , 64GB Internal Storage ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 12MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera များ တပ်ဆင်ထားပါတယ်။

microUSB Port သာ တပ်ဆင်ထားပြီး USB-C မပါပါဘူး။ 3300mAh Battery တပ်ဆင်ထားပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပြီး တရုတ် ယွမ် ၁၃၉၉ ( ၂၁၁ ဒေါ်လာ ) ကျသင့်နိုင်ပါတယ်။ ဒါပေမယ့် ထွက်ပေါ်နေတဲ့ သတင်းများအရ Redmi Note 5 ကို ယွမ် ၁၀၀၀ ( ၁၅၁ ဒေါ်လာ)နဲ့ ယွမ် ၁၂၀၀ ( ၁၈၁ ဒေါ်လာ) အတွင်း ရောင်းချမယ်လို့ သိရတဲ့အတွက် သူ့ရဲ့ အရွယ်သေး မော်ဒယ် Redmi 5 ဟာ အဲဒီထက် တန်ဖိုးနည်းနိုင်ပါတယ်။

ref : gsmarena

%d bloggers like this: