Animoji မှာ Honor က iPhone X ထက်သာကြောင်းပြသ

Honor ကတော့ သူ့ရဲ့နောက်ဆုံး flagship ဖုန်းဖြစ်တဲ့ Honor V10 ကို မိတ်ဆက်ခဲ့ပြီးပါပြီ။ ဒါပေမယ့် နောက်ထပ်တီထွင်ဆန်းသစ်မှုတွေအနေနဲ့ Face ID sensors တွေအတွက် ရှေ့ဘက်မှာ IR camera နဲ့ VCSEL (Vertical-cavity surface-emitting laser) တွေရှိမှာဖြစ်ပါတယ်။ ဒီ feature က ဖုန်းတွေကို လော့ခ်ဖွင့်ဖို့ စိတ်ချစွာသုံးလို့ရမယ့် feature တစ်ခုပါပဲ။

Honor ကတော့ ဒီ Face ID နဲ့တင်ရပ်မသွားပါဘူး။ ကုမ္ပဏီရဲ့ ကိုယ်ပိုင် Animoji ဗားရှင်းကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ ကိုယ်ပိုင် character ပုံတွေနဲ့ဖြစ်သွားတဲ့အပြင် မျက်နှာအမူအရာတွေဖတ်တဲ့အခါမှာလည်း ပိုကောင်းနေပြီး လျှာထုတ်လိုက်ရင်တောင် အဲ့ဒီပုံစံအတိုင်း ဖမ်းယူလုပ်ဆောင်ပေးနိုင်ပါတယ်။

အောက်ကပုံတွေမှာတော့ Apple Animoji နဲ့ Honor Animoji တို့ကို တိုက်ရိုက်ကြီးယှဉ်ပြထားပါတယ်။ ဒီ feature က Honor ဖုန်းတွေမှာ ဘယ်တော့လောက်ပါဝင်လာမလဲဆိုတာတော့ မသိရသေးပါဘူး။

%d bloggers like this: