99 Shares 28 Views

အိမ်သာ သန့်ရှင်းရေး လုပ်ပေးမယ့် စက်ရုပ်

Nov 15, 2017
99 28

အိမ်သာကို သန့်ရှင်းရေး လုပ်ကြရတာဟာ နိစ္စဓူဝ အလုပ်ဖြစ်ပေမယ့် လူအများစုကတော့ အိမ်သာ ဆေးကြောရတာကို မလုပ်ချင်ကြပါဘူး။ အဲဒီအတွက် အိမ်သာ သန့်ရှင်းရေး လုပ်ပေးမယ့် စက်ရုပ်ကို တီထွင်လိုက်ကြပါတယ်။ သူ့ကို ထုတ်လုပ်ရောင်းချဖို့ Kickstarter ၀က်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။

သူ့ရဲ့ အမည်ကတော့ SpinX ဖြစ်ပြီး စမတ်နေအိမ် ထုတ်ကုန်တစ်ခုလည်း ဖြစ်ပါတယ်။ သူဟာ အရွယ်အစားအနည်းငယ်ကြီးမားတဲ့ ဘိုထိုင် အိမ်သာ အဖုံး ဖြစ်ပြီး အလိုအလျှောက် လည်ပတ်နိုင်တဲ့ Brush ပါတဲ့ စက်ရုပ်လက်တံ၊ လေမှုတ်ကိရိယာ၊ ရေဖြန်း ကိရိယာနဲ့ ဆပ်ပြာတို့ ပါရှိပါတယ်။ မူလ ဘိုထိုင် အိမ်သာ အဖုံးနေရာမှာ သူ့ကို တပ်ဆင်ရမှာ ဖြစ်ပါတယ်။

ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ သူ့ရဲ့ Brush က ဆပ်ပြာရည်များဖြင့် အိမ်သာကို သန့်ရှင်းရေး ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ သန့်ရှင်းရေးလုပ်ပြီးတဲ့အခါမှာ စိုစွတ်နေတဲ့ အိမ်သာ ထိုင်ခုံ အပေါ်မှာ သင်ထိုင်ရမှာ မဟုတ်ပါဘူး။ သန့်ရှင်းရေး လုပ်ပြီးတာနဲ့ လေဖြင့် အခြောက်ခံပေးမှာ ဖြစ်ပါတယ်။ စက်ရုပ်က ဘက်တီးရီးယား ပိုးမွှားများကို ၉၉.၉ ရာခိုင်နှုန်း အထိတောင် ရှင်းလင်းပေးနိုင်တယ်လို့ တီထွင်သူများက ပြောပါတယ်။ သူဟာ ကမ္ဘာ့ ပထမဆုံး အိမ်သာ သန့်ရှင်းပေးတဲ့ စက်ရုပ်လို့ တီထွင်သူများက ပြောပါတယ်။

သူ့မှာ ထည့်သွင်းရမယ့် ဆပ်ပြာအရည်များကို သင်နှစ်သက်ရာ သုံးနိုင်ပါတယ်။ သူဟာ စက္ကန့် ၉၀ အတွင်းမှာ အိမ်သာကို သန့်ရှင်းပေးနိုင်ပါတယ်။ Kickstarter ၀က်ဆိုက်မှာ ရန်ပုံငွေ ဒေါ်လာ ၅၀ ၀၀၀ ကောက်ခံထားပြီး လက်ရှိမှာ ၄၄၇၆၃ ဒေါ်လာ ရရှိနေပြီ ဖြစ်တဲ့အတွက် သူဟာ ဈေးကွက်ထဲကို ရောက်ရှိလာတော့မှာပါ။

ref : mashable

You may be interested

နိုင်ငံကန့်သတ်ချက်ရှိတဲ့ ၀က်ဆိုက်များကို ကျော်၊ ခွ ကြည့်လို့ရမယ့် TunnelBear VPN
FEATURES, Softwares & Application
0 shares0 views

နိုင်ငံကန့်သတ်ချက်ရှိတဲ့ ၀က်ဆိုက်များကို ကျော်၊ ခွ ကြည့်လို့ရမယ့် TunnelBear VPN

Ko Thuya - Jun 21, 2018

TunnelBear VPN ဟာ အခမဲ့ VPN ၀န်ဆောင်မှုများထဲမှာ နာမည်ကြီးပါတယ်။ VPN များဟာ နိုင်ငံကန့်သတ်ချက်ရှိတဲ့ ၀က်ဆိုက်များ၊ ၀န်ဆောင်မှုများကို သင်က ကြည့်ရှုနိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံကနေ ကြည့်ရှုလို့ မရတဲ့ ၀က်ဆိုက်များ၊ ၀န်ဆောင်မှုများကို သင်က ကျော်ခွ၍…

Garmin က စမတ်နာရီ အသစ်များကို မိတ်ဆက်
NEWS, smartwatch
62 shares19 views

Garmin က စမတ်နာရီ အသစ်များကို မိတ်ဆက်

Ko Thuya - Jun 21, 2018

အမေရိကန် နည်းပညာ ကုမ္ပဏီ Garmin က Fitness Tracker/ Smartwatch အသစ်များကို ပြသလိုက်ပါတယ်။ Fenix 5 Plus ၊ Fenix 5S Plus နဲ့ Fenix 5X Plus တို့ ဖြစ်ပါတယ်။…

သင်္ကြန်နှစ်ကူးကံစမ်းမဲဆုချီးမြှင့်ခြင်းနဲ့အတူ Samsung Myanmar ရဲ့”Bring the Big Game Home” အစီအစဉ်
Local News
61 shares6 views

သင်္ကြန်နှစ်ကူးကံစမ်းမဲဆုချီးမြှင့်ခြင်းနဲ့အတူ Samsung Myanmar ရဲ့”Bring the Big Game Home” အစီအစဉ်

Nwe Oo - Jun 21, 2018

[Zawgyi] မြန်မာနိုင်ငံတွင် လူမှုအကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည့် Samsung Myanmar သည် သင်္ကြန်ပွဲတော်အထိမ်းအမှတ် “Samsung Love Myanmar” ကံစမ်းမဲအထူးအစီအစဉ်၏ Suzuki Ciaz Car ကံထူးရှင်အပါအဝင် အခြား ဆုမဲများပေါင်း ၁၆၀ ကျော်ကို ကံထူးသွားသူများအား ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို…

Leave a Comment

Most from this category