322 Shares 596 Views

အမေရိကန်ထက် ကမ္ဘာ့ထိပ်တန်း စူပါ ကွန်ပြူတာတွေ ပိုမို ပိုင်ဆိုင်တဲ့ တရုတ်

Nov 15, 2017
322 596

တရုတ်က စူပါ ကွန်ပြူတာ ပိုင်ဆိုင်မှုမှာ အမေရိကန်ကို ကျော်တက်သွားပါပြီ။ Top500 ရဲ့ ကမ္ဘာ့ စွမ်းရည်အမြင့်မားဆုံး စူပါ ကွန်ပြူတာ အလုံး ၅၀၀ စာရင်းမှာ တရုတ်ဟာ အမေရိကန်ထက် ပိုမို များသွားပြီး တရုတ်ဟာ ၂၀၂ လုံးနဲ့ အမေရိကန်က ၁၄၃ လုံး ပိုင်ဆိုင်ထားပါတယ်။ နှစ်ပေါင်း ၂၅ နှစ်အတွင်းမှာ အမေရိကန်ဟာ အဲဒီစာရင်းမှာ ပထမဆုံးအကြိမ် ဒုတိယနေရာကို နန်းချခံလိုက်ရတာ ဖြစ်ပါတယ်။

ဂျပန်က စူပါ ကွန်ပြူတာ ၃၅ လုံးပိုင်ဆိုင်ပြီး တတိယ နေရာနဲ့ ဂျာမနီကတော့ အလုံး ၂၀ ဖြင့် စတုတ္ထနေရာကို သိမ်းပိုက်ထားပါတယ်။ Top500 က တရုတ်ဟာ စူပါကွန်ပြူတာ ပိုင်ဆိုင်မှုမှာ လျှင်မြန်စွာ တိုးတက်လာတယ်လို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ခြောက်လအကြာက အမေရိကန်ဟာ ၁၆၉ လုံးဖြင့် သရဖူဆောင်းထားပြီး တရုတ်က ၁၆၀ လုံးသာ ပိုင်ဆိုင်ထားပါတယ်။

စူပါကွန်ပြူတာများဟာ သမားရိုးကျ ကွန်ပြူတာများထက် အလုပ်လုပ်ခြင်းနဲ့ တွက်ချက်ခြင်းများမှာ စွမ်းရည် အလွန် ပိုမိုမြင့်မားပါတယ်။ စူပါ ကွန်ပြူတာများကို ရာသီဥတု ကြိုတင်ခန့်မှန်းခြင်း၊ နယူးကလီးယား လက်နက်များ တုပ တွက်ချက်ခြင်း၊ အာကာသကို စောင့်ကြည့်ထောက်လှမ်းခြင်းများတို့လို အလုပ်များအတွက် အသုံးပြုနေကြပါတယ်။

စူပါ ကွန်ပြူတာများရဲ့ Processing Speeds ကို Floating Points Operations Per Second (flops) ဖြင့် တိုင်းတာပါတယ်။ Petaflop ဟာ တစ်ထောင် ထရီလီယမ် Flops နဲ့ ညီမျှပါတယ်။ ကမ္ဘာ့ အမြန်ဆုံး စူပါ ကွန်ပြူတာ ဖြစ်တဲ့ တရုတ်ရဲ့ Sunway TaihuLight ဟာ 93 Petaflops အထိ တွက်ချက်နိုင်ပါတယ်။

ref : mashable

You may be interested

ဈေးကွက်ထဲ ထိုးဖောက်ယှဉ်ပြိုင်လာနိုင်မှာက V7 များဖြစ်လေမလား????
Vivo
0 shares0 views

ဈေးကွက်ထဲ ထိုးဖောက်ယှဉ်ပြိုင်လာနိုင်မှာက V7 များဖြစ်လေမလား????

Nwe Oo - Nov 25, 2017

Vivo V7 ဖုန်းတွေကို မြန်မာနိုင်ငံဈေးကွက်ထဲ နိုဝင်ဘာလတတိယပတ်ကစပြီး ဖြန့်လိုက်ပါပြီ။ V7+ ထက်တော့ ဈေးနည်းပေမယ့် သုံးရတဲ့ experience တွေကတော့ V7+ နဲ့ V7 တူတူလောက်ပါပဲ။ ဈေးနှုန်းလျော့သွားတယ်ဆိုတော့ ဒါ ဈေးကွက်မှာ အပြိုင်နေရာယူတော့မယ့်ပုံစံပါပဲ။ သုံးရတာချင်းသိပ်မကွာဘူး ဈေးနှုန်းကျကွာသွားတယ်ဆိုတော့ V7…

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos
NEWS
0 shares17 views

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos

Ko Thuya - Nov 25, 2017

Jeff Bezos ဟာ ဒေါ်လာ ၁၀၀ ဘီလီယမ်ကျော် ပိုင်ဆိုင်တဲ့ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာပါတယ်။ သူဟာ အမေဇုန် အွန်လိုင်းစတိုးဆိုင်ကို တည်ထောင်သူဖြစ်ပြီး စတော့ရှယ်ယာအများဆုံးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူဟာ ၉၃.၆ ဘီလီယမ် တန်ကြေးရှိတဲ့ အမေဇုန်ရဲ့ စတော့ရှယ်ယာပေါင်း…

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်
NEWS, Science, Tech Update
93 shares15 views

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်

Ko Thuya - Nov 24, 2017

Budweiser ဘီယာကို ထုတ်လုပ်တဲ့ Anheuser-Busch Company က ယခုနှစ်အစောပိုင်းမှာ အင်္ဂါဂြိုလ်တွင် ပထမဆုံး ဘီယာထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ ဒီစကားကို ယုံကြည်သူ နည်းပါးခဲ့ပါတယ်။ အခုတော့ အဲဒီစီမံကိန်းရဲ့ ပထမဆုံး အဆင့်ကို ကြေညာလိုက်ပါတယ်။ Budweiser…

Leave a Comment

Most from this category