0 Shares 17 Views

ဆူညံသံများကိုဖယ်ရှားပေးမယ့် JBL Everest Elite 100 ကြိုးမဲ့နားကြပ်

JBL

JBL က သူတို့ရဲ့ ဆူညံသံတွေအားလုံးကို ဖယ်ရှားဖြတ်တောက်ပေးမယ့် Everest Elite 100 ဆိုတဲ့ Bluetooth ကြိုးမဲ့နားကျပ်တစ်မျိုးကို CES 2016 မှာမိတ်ဆက်ပြသသွားပါတယ်။ JBL Everest Elite 100 ဆိုတဲ့ ကြိုးမဲ့နားကြပ်မှာ ကွေးညွတ်ခေါက်သိမ်းလို့မရနိုင်တဲ့ ဂငယ်ပုံစံကွင်းတစ်ခုပါဝင်မှာဖြစ်ပြီး လည်ပင်းကိုပတ်ပြီးတပ်ဆင်ရမှာပါ။ ဒီပုံစံဟာ ကြိုးမဲ့နားကြပ်တွေထဲမှာတော့ အတော်ဆန်းသစ်တဲ့ဒီဇိုင်းတစ်မျိုးဖြစ်ပြီး သင့်အနေနဲ့ အိတ်ထဲမှာ ထိုးထိုးထောင်ထောင်သိမ်းဆည်းရမှာ မကြိုက်ရင်လည်း အဆိုပါကွင်းကိုဖြုတ်ထားနိုင်မှာဖြစ်ပါတယ်။

ဘက်ထရီအနေနဲ့ အားအပြည့်သွင်းမယ်ဆို ခြောက်နာရီလောက်ကြာမှာ ဖြစ်ပါတယ်။ မတ်လမှာ စတင်ရောင်းချမယ့် ဒီကြိုးမဲ့နားကျပ်လေးကို အနက်နဲ့အဖြူ အရောင်နှစ်မျိုးနဲ့ လာမှာဖြစ်ပြီး ဈေးကတော့ ဒေါ်လာ၁၉၉ (ကျပ်၂၄၀၀၀၀ခန့်) လို့ဖွင့်ထားပါတယ်။

ဆူညံသံတွေဆိုတဲ့နေရာမှာ ပတ်ဝန်းကျင်ကနေထွက်လာမယ့် အသံတွေကိုလျှော့ပစ်ပြီး နားကြပ်က ဆူညံသံနေရာမှာ တခြားမတူညီတဲ့ ဆန့်ကျင်ဘက်အသံလှိုင်းတွေထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ ဒီဆူညံသံလျှော့ချတဲ့ စနစ်မှာ အချိန်တိုအတွင်းမှာတင် ချက်ချင်းဆိုသလို ဆူညံသံကနေ အော်ဒီယိုအသံအဖြစ်အလျှင်မြန်ဆုံးပြောင်းလဲပေးမှာပါ။ ဒါကြောင့်နောက်ပိုင်း နားကြပ်စနစ်တွေထဲမှာ ဘေးသံ(ဆူညံသံ) ကြားရမှုအနည်းဆုံးဖြစ်စေမယ်လို့ JBL ကထုတ်ပြန်ခဲ့ပါတယ်။

You may be interested

ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone ကို Apple ဖန်တီးနေ
Apple, HUBS, Mobiles & Tablets
208 shares47 views

ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone ကို Apple ဖန်တီးနေ

Ko Thuya - Nov 24, 2017

Apple က ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone အတွက် Patent တစ်ခုကို မှတ်ပုံတင်လိုက်ပါတယ်။ US Patent and Trademark Office (USPTO) မှ သတင်းအချက်အလက်များအရ အဲဒီ Patent ဟာ ကွေးညွှတ်ပျော့ပြောင်းတဲ့ မျက်နှာပြင်တပ်ဆင်ထားတဲ့ ကိရိယာ ဖြစ်ပြီး…

အမိုက်စားဖုန်းတို့ ဆုံစည်းရာ ၂၀၁၇ ခုနှစ်
Mobiles & Tablets, NEWS
340 shares149 views

အမိုက်စားဖုန်းတို့ ဆုံစည်းရာ ၂၀၁၇ ခုနှစ်

Nwe Oo - Nov 24, 2017

မကြာသေးခင်ကပဲ OnePlus 5T ဖုန်းတွေကို မိတ်ဆက်လိုက်ပြီးနောက်မှာတော့ ဖုန်းရဲ့ hardware ပိုင်းရော software ပိုင်းကိုပါ တော်တော်လေးစိတ်တိုင်းကျခဲ့ပါတယ်။ ပေးရတဲ့ $499 နဲ့တော်တော်ကြီးတန်တဲ့ဖုန်းတစ်လုံးလို့တော့ ဆိုရမှာပါ။ OnePlus ကုမ္ပဏီက အရမ်းတော့မကြီးပေမယ့်လည်း သူ့ရဲ့ဈေးကွက်ကို သူကိုယ်တိုင်နားလည်ပါတယ်။ $500 လောက်နဲ့  ကမ္ဘာမှာနာမည်ကြီးနေတဲ့…

Coolpad က တန်ဖိုးနည်း Note 5 Lite ကို ရောင်းချ
Mobiles & Tablets, NEWS
183 shares58 views

Coolpad က တန်ဖိုးနည်း Note 5 Lite ကို ရောင်းချ

Ko Thuya - Nov 24, 2017

Coolpad က အိန္ဒိယမှာ တန်ဖိုးနည်း Note 5 Model အသစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ ယခုနှစ် သြဂုတ်လမှာ အိန္ဒိယတွင် ရောင်းချပေးခဲ့တဲ့ Note 5 Lite C ရဲ့ Storage ထက် နှစ်ဆ ပိုမိုများပြားတဲ့ 32GB…

Leave a Comment

Most from this category