0 Shares 29 Views

Samsungက ၄င်းတို့၏ Galaxy A5(2016) နှင့် Galaxy A7(2016) တို့၏ဈေးနှုန်းများကို ထုတ်ဖော်ပြောကြား

Samsung Galaxy A-SerisesSamsung ကုမ္ပဏီက ဒီလအစပိုင်းမှာ သူတို့ရဲ့ ဒုတိယမျိုးဆက် Galaxy A စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy A3(2016), Galaxy A5(2016) နဲ့ Galaxy A7(2016)တို့ရဲ့ဈေးနှုန်းတွေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်၊ ဒီစမတ်ဖုန်းတွေကို ဒီလလယ်မှာ တရုတ်နိုင်ငံမှာစတင်ရောင်းချသွားမယ်လို့လဲ Samsung က ကတိပေးလိုက်ပါတယ်၊

တောင်ကိုးရီးယားကုမ္ပဏီဟာ ဒီအပတ်အစမှာ Galaxy A5(2016) နဲ့ Galaxy A7(2016) တွေကို တရုတ်မှာရောင်းချမှာဖြစ်ပါတယ်၊ အဲ့ဒီနှစ်မျိုးစလုံးဟာ အခုအခါမှာ တရုတ်နိုင်ငံမှာ Samsung ရဲ့တရားဝင်ဈေးနှုန်းနဲ့ ကြိုတင်မှာယူထားနိုင်ပြီ ဖြစ်တယ်လို့သိရပါတယ်၊

Samsung Galaxy A5(2016) ဟာတရုတ်ယွမ်ငွေနဲ့ဆိုရင် 2398 (မြန်မာကျပ် ၄၈၃,၀၀၀ခန့်) နဲ့ Samsung Galaxy A7(2016) ဟာတရုတ်ယွမ် 2699 (မြန်မာကျပ် ၅၄၄,၀၀၀ခန့်) ရှိမယ်လို့သိရပါတယ်၊

Galaxy A Serie တွေရဲ့မောင်နှမသုံးခုထဲက အသေးဆုံးဖြစ်တဲ့ Galaxy A3(2016) ကိုတော့ ယခုထက်ထိဈေးနှုန်းထုတ်ပြန်ခြင်းမရှိသေးတာလဲဖြစ်ပါတယ်၊

ထပ်မံဆန်းသစ်ထားတဲ့ Samsung Galaxy A7(2016) ရဲ့ Feature တွေကတော့ ၅.၅လက်မ Full HD (1080×1920 Pixels) ရီဆိုလျူးရှင်းရှိပါဖြစ်ပြီး Super Amoled Display နဲ့ CPUကတော့ Octa-Core SoC မှာ1.6 GHz၊ internal Ram ကတော့ 3GBနဲ့ Run မှာဖြစ်ပါတယ်၊ တခြားFeature တွေက LED Flash ပါဝင်တဲ့ 13-Megapixel ကင်မရာ၊ OIS လို့ခေါ်တဲ့ ကင်မရာကြည်လင်ပြတ်သားမှုစွမ်းရည်လည်း ပါဝင်လာမှာပါ၊ Front ကင်မရာကတော့ 5-Megapixel ပါဝင်မှာပါ၊ နဂိုMemory ကတော့ 16GB ပါဝင်မှာဖြစ်ပြီး၊ SD ကတ်ကိုတော့ 128GBထိစိုက်လို့ရတယ်လို့သိရပါတယ်၊ Galaxy A7(2016) ဟာ LTE Cat.6 ထိထောက်ပံ့ပေးထားတာကြောင့် လိုင်းဆွဲအား တွေကတော့ Wi-Fi 802.11 a/b/g/n, Bluetooth 4.1, USB 2.0 တို့ပါဝင်လားမှာဖြစ်ပါတယ်၊ အတိုင်းအတာကတော့ အလျား 151.5 မီလီ၊ အနံ 74.1မီလီ၊ အပါးကတော့ 7မီလီ နဲ့ ဖုန်းအလေးချိန်ကတော့ 172 ဂရမ်အလေးချိန်ရှိမှာဖြစ်ပါတယ်၊ ဘက်ထရီကတော့ 3300mAh အထိထောက်ပံ့ပေးထားပြီး အားသွင်းရမြန်ဆန်ဖို့လည်း ဆန်းသစ်ထားတယ်လို့သိရပါတယ်၊ မြေပုံ၊ ပထ၀ီပြဆင်ဆာနဲ့၊ လက်ဗွေစကန်နာ လုံခြုံရေးတွေလည်း
ပါဝင်မယ်လို့သိရပါတယ်၊

Samsung Galaxy A5 (2016) ကလည်း Glaxy A7 နဲ့တော်တော်များများတူညီပြီး ကွဲပြားတာအနည်းငယ်ပဲရှိပါတယ်၊ 5.2လက်မ Full-HD Super Amoled Display, Internal RAM 2GB နဲ့ 2900mAh ဘက်ထရီတွေပါဝင်လာတာပါ၊ အတိုင်းအတာကတော့ အလျား 144.8မီလီ၊ အနံ 71.0မီလီနဲ့ အပါး7.3မီလီ၊ အလေးချိန် 155ဂရမ်ရှိပါတယ်၊

စတုတ္ထအသင်းဝင်အသစ် Galaxy A Series စမတ်ဖုန်း Galaxy A9 အတွက်လည်း ကောလဟလသတင်းတွေ ထွက်ပေါ်နေပြီးမကြာခင်ထုတ်ပြန်မယ်လို့သိရပါတယ်၊

 

(Blue Lion)

Ref: Gadgets 360

You may be interested

Android မှာ Camera Shutter Sound ကို ပိတ်နည်းများ
cameras, FEATURES, Softwares & Application
181 shares165 views

Android မှာ Camera Shutter Sound ကို ပိတ်နည်းများ

Ko Thuya - Aug 22, 2017

စမတ်ဖုန်းများမှာ ဓါတ်ပုံရိုက်လိုက်တဲ့ အခါမှာ Camera Shutter Sound ထွက်လာအောင် ဖန်တီးထားကြပါတယ်။ အဲဒီ အသံဟာ သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုရင် ပိတ်နိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။ ပိတ်နည်းများဟာ စမတ်ဖုန်း တစ်လုံးနဲ့ တစ်လုံး မတူညီကြပါဘူး။ သင့် ဖုန်းမှာ…

အမျိုးသမီးတွေ အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်လာတော့မယ့် AI စက်ရုပ်တွေ
Knowledge, Others, Trends
220 shares101 views

အမျိုးသမီးတွေ အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်လာတော့မယ့် AI စက်ရုပ်တွေ

zayarsan - Aug 22, 2017

AI တွေကို အမျိုးသမီးတွေရဲ့ မီးဖိုချောင်အကူကနေစပြီး အမျိုးသားတွေရဲ့ အားကစားပွဲတွေထိ ပါဝင်အောင် လိင်အမျိုးအစား ခွဲ၍ Train ပေးခဲ့ပြီး အချိန်ကာလများစွာ လေ့လာခဲ့တယ် လို့ သိရပါတယ်။ လေ့လာသူတွေရဲ့ နှစ်ရှည်စီမံကိန်းက ပုံတွေကို စုဆောင်းဖော်ပြခဲ့ရာမှ AI တွေကို လူသားတွေအတွက် လေ့ကျင့်မှု…

Google မှ နောက်ထွက်မယ့် Laptop design ကို မူပိုင်ခွင့်ပုံကြမ်း ထုတ်ဖော်ပြသ
Gadgets, Google, HUBS
126 shares78 views

Google မှ နောက်ထွက်မယ့် Laptop design ကို မူပိုင်ခွင့်ပုံကြမ်း ထုတ်ဖော်ပြသ

zayarsan - Aug 22, 2017

ကွန်ပျူတာ နဲ့ အိုင်တီ Cosumer ဈေးကွက်ကို တစ်ဆင့်ချင်း လာနေပြီဖြစ်တဲ့ Google ကုမ္ပဏီ ဟာ အရင်က လိုင်းဖုန်းတွေမှာ Chrome book, Pixel line လို့ လူသိများတဲ့ Chromebook လိုမျိုး ၂ မျိုး သုံး…

Leave a Comment

Most from this category