294 Shares 1876 Views

ချက်ချင်း update လုပ်ချင်သွားစေမယ့် feature နဲ့ iOS 11.2

Nov 15, 2017
294 1876


iOS 11.2 (beta ဗားရှင်း) မှာ အကောင်းဆုံးအနေနဲ့ရောက်ရှိလာတာကတော့ ကုမ္ပဏီကအရမ်းကိုစိတ်အားထက်သန်စွာလုပ်ဆောင်နေတဲ့ Apple Pay Cash ဖြစ်ပါတယ်။ သူကတော့ သုံးစွဲသူအချင်းချင်းတစ်ဖက်နဲ့တစ်ဖက်ပေးချေလို့ရနိုင်မယ့် peer-to-peer ငွေပေးချေမှုစနစ်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆော့ဖ်ဝဲကိုတော့ iPhone 8 နဲ့ iPhone X တို့မှာပါဝင်ဖို့ ပြောထားခဲ့ဖူးတဲ့ feature အနေနဲ့ပြောင်းလဲနေတုန်းပဲဖြစ်ပါတယ်။

MacRumors ရဲ့သတင်းအတိုင်းသာဆိုရင်တော့ iOS 11.2 မှာ ပိုမိုမြန်ဆန်တဲ့ ကြိုးမဲ့အားသွင်းစနစ်ကို ထောက်ပံ့ပေးထားမှာဖြစ်လို့ အားသွင်းနှုန်းက 5W ကနေ 7.5W အထိကို မြှင့်ထားတာဖြစ်ပါတယ်။ ဒါ့ပြင် အမြန်အားသွင်းစနစ်ကိုထောက်ပံ့ပေးတဲ့ ဘယ် Qi အားသွင်း charger နဲ့မဆိုသွင်းလို့ရပြီး Apple ရဲ့ဝဘ်ဆိုဒ်ကနေ wireless pad တွေသက်သက်ထပ်ဝယ်စရာမလိုတော့ပါဘူး။

၂၀၁၈ အစောပိုင်းမှာထွက်ဖို့ စီစဉ်နေတဲ့ Apple’s AirPower mat မထွက်ခင်မှာတော့ ကြိုးမဲ့အားသွင်းမှုကို ပိုပြီးမြန်ဆန်အောင် လုပ်ပေးထားမှာဖြစ်ပါတယ်။ AirPower အားသွင်းပြားက Qi ကြိုးမဲ့အားသွင်းစနစ်ကိုပဲအခြေခံထားတာချင်းအတူတူဖြစ်ပေမယ့် သူကတော့ iPhone, Apple Watch နဲ့ AirPods တွေကို တစ်ချိန်တည်းတစ်ပြိုင်နက်အားသွင်းလို့ရနိုင်မှာဖြစ်ပါတယ်။ ဆိုချင်တာက Apple ထုတ်ပစ္စည်းများများရှိလေလေ ကြိုးမဲ့အားသွင်းပြား AirPower mat ကိုဝယ်ထားသင့်လေလေပါပဲ။

Apple ရဲ့နောက်ဆုံးထွက်ဆော့ဖ်ဝဲလ်ဗားရှင်းက အခုချိန်မှာတော့ beta အဆင့်မှာပဲရှိပါသေးတယ်။ ဒါပေမယ့် မကြာသေးခင် ရက်သတ္တပတ်အတွင်းမှာပဲ သုံးစွဲသူတွေထံရောက်ရှိလာတော့မှာဖြစ်လို့ Apple က ထွက်ရှိလာမယ့် iOS 11.2 ကိုစောင့်မျှော်ကြည့်လိုက်ရအောင်……။

You may be interested

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို
Mobiles & Tablets, NEWS, Xiaomi
0 shares0 views

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို

Nwe Oo Thant - Feb 18, 2018

[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို…

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ
Uncategorized
73 shares174 views

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ

Nwe Oo Thant - Feb 18, 2018

[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite…

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ
FEATURES, gadgets
88 shares151 views

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ

Ko Thuya - Feb 18, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍအတွက် ဒီတစ်ပတ်ထွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Tzoa Wearable Evniro-Tracker Tzoa…

Leave a Comment

Most from this category